စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Tuesday, February 5, 2013

တကယ့်လိုအပ်ချက်


Photo: လူတစ်ယောက် အလွန်ပင်ပန်းနွမ်းနယ်စွာနဲ့ အိမ်ပြန်ရောက်လာတဲ့အချိန် အိမ်တံခါးဝမှာ သူပြန်အလာကို စောင့်နေတဲ့ သူ့ရဲ့ရှစ်နှစ်အရွယ်သားငယ်လေးကို တွေ့လိုက်ရတယ် … 

သား: “အဖေ့ ကို  သားတစ်ခုလောက်မေးလို့ရမလားဟင်??”

အဖေ: “သားက ဘာသိချင်လို့လဲ??”

သား: “အဖေ တစ်နာရီကို ပိုက်ဆံဘယ်လောက်ရလဲ??”

အဖေ: “အဲ့ဒါ သားအလုပ်မှ မဟုတ်တာ … ဘာလို့ဒီလိုမေးတာလဲ??”  

သား: “သားသိချင်လို့ပါ … ပြောပြပါနော် .. အဖေတစ်နာရီကို ပိုက်ဆံဘယ်လောက်ရလဲ??”

အဖေ: “သားသိချင်တယ်ဆိုလည်း ပြောပြပါ့မယ် … အဖေ့ဝင်ငွေက တစ်နာရီကို ငါးထောင်လောက်ရှိတယ်”

သား: “အော် …” 

သားငယ်ဟာ ဒီလောက်ပဲပြောပြီး ခေါင်းလေးငိုက်စိုက်ကျသွားတယ် … ပြီးတော့ သူဆက်ပြောတယ် …

သား: “အဖေသားကို ပိုက်ဆံသုံးထောင်လောက် ခဏပေးပါလား??”

အဖေ: “အဖေ့ဆီက ပိုက်ဆံတောင်းဖို့ ဒီလိုမေးခွန်းမျိုးကိုမေးခဲ့တာလား?? အသုံးမကျတဲ့အရုပ်တွေနဲ့ အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေဝယ်ဖို့အတွက် ဒီပိုက်ဆံကိုတောင်းနေတယ်ဆိုတာ အဖေသိတယ် … သွား ~ အခန်းထဲသွားအိပ်တော့!!” 

အဖေကသားကို တင်းမာတဲ့လေသံနဲ့ ပြောလိုက်တယ် …သားကလည်း တိတ်ဆိတ်စွာပဲ အခန်းထဲဝင်သွားတယ် …

အဖေဟာ ခုံတစ်ခုံမှာ ၀င်ထိုင်လိုက်တယ် … သူ့သားရဲ့မေးခွန်းတွေအတွက်လည်း စိတ်တွေဆိုးနေခဲ့တယ် …
တစ်နာရီလောက်ကြာပြီးတဲ့နောက်မှာ သူ့ဒေါသတွေပြေလာတယ် … သူစပြီးစဉ်းစားခဲ့တယ် … 
သူ့သားဟာ တစ်ခုခုဝယ်ဖို့ တကယ်လိုအပ်နေလို့သာ သူ့ဆီက ဒီပိုက်ဆံကိုတောင်းတာ ဖြစ်နိုင်တယ် …
သူဟာ မကြာခဏ ပိုက်ဆံတောင်းနေတတ်တဲ့ ကလေးမျိုးလည်း မဟုတ်ဘူးလေ … 

အဲ့ဒီနောက်တော့ အဖေဖြစ်သူဟာ သူ့သားအခန်းထဲကိုဝင်သွားပြီး မေးလိုက်တယ် …

“သားအိပ်နေပြီလား??”

“ဟင့်အင်း” သားက ပြန်ဖြေတယ် …

“အဖေခုနက သားကို ဒေါသထွက်မိသွားတယ် … ရော့ ဒီမှာ သားတောင်းတဲ့ ပိုက်ဆံ သုံးထောင်”

သားက အိပ်နေရာကနေ ထထိုင်ပြီး ပြုံးလိုက်တယ် …

“ကျေးဇူးတင်ပါတယ် အဖေ”

အဲ့ဒီနောက် သားဟာ ခေါင်းအုံးအောက်ထဲက သူစုထားတဲ့ပိုက်ဆံတွေကို ထုတ်လိုက်တယ် …

သူ့သားမှာ ပိုက်ဆံတွေရှိနေတာမြင်တော့ အဖေဟာ နောက်တစ်ကြိမ် ဒေါသထွက်လာပြန်တယ် …

သားကတော့ သူ့ပိုက်ဆံတွေကို ဖြည်းဖြည်းချင်း ရေတွက်နေခဲ့တယ် … ပြီးတော့ သူ့အဖေကိုကြည့်လိုက်တယ် …

“သားမှာပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့အဖေ့ဆီက ထပ်တောင်းရတာလဲ??” အဖေက သားကိုဟောက်လိုက်တယ် ..

“သားမှာရှိတာနဲ့မလောက်လို့ပါ … ဒါပေမယ့် အခုပြည့်သွားပြီ … သားမှာ အခု ပိုက်ဆံငါးထောင်ရှိနေပြီလေ … သားအဖေ့ဆီက အချိန်တစ်နာရီလောက် ၀ယ်လို့ရမလားဟင်?? မနက်ဖြန်ကျရင် အိမ်ကို တစ်နာရီလောက် စောပြန်ခဲ့ပါနော် … သားအဖေနဲ့ တစ်ခါလောက် ညစာ အတူတူစားချင်လို့ပါ”

သူ့သား ပြန်ပြောတဲ့ စကားကိုကြားလိုက်ရချိန်မှာတော့ အဖေဟာ ဘာမှမပြောနိုင်လောက်အောင် စိတ်ထိခိုက်သွားခဲ့ပြီး သူ့သားကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ပါတော့တယ် …

+++++++++++++++++++++++++++++++++++++++++++++++++++++++++

<3 တကယ်တော့ လူတွေဟာ ငွေကြေးဂုဏ်ဒြပ်တွေနောက်သာ လိုက်နေကြပြီး ကိုယ်ချစ်ရမယ့်လူတွေကို မေတ္တာတရားတွေ ဂရုစိုက်မှုတွေ ပေးဖို့ကိုတော့ မေ့နေတတ်ကြတယ် … <3
လူတစ်ယောက် အလွန်ပင်ပန်းနွမ်းနယ်စွာနဲ့ အိမ်ပြန်ရောက်လာတဲ့အချိန် အိမ်တံခါးဝမှာ သူပြန်အလာကို စောင့်နေတဲ့ သူ့ရဲ့ရှစ်နှစ်အရွယ် သားငယ်လေးကို တွေ့လိုက်ရတယ် …

သား: “အဖေ့ ကို သားတစ်ခုလောက်မေးလို့ရမလားဟင်??”

အဖေ: “သားက ဘာသိချင်လို့လဲ??”

သား: “အဖေ တစ်နာရီကို ပိုက်ဆံဘယ်လောက်ရလဲ??”

အဖေ: “အဲ့ဒါ သားအလုပ်မှ မဟုတ်တာ … ဘာလို့ဒီလိုမေးတာလဲ??”



သား: “သားသိချင်လို့ပါ … ပြောပြပါနော် .. အဖေတစ်နာရီကို ပိုက်ဆံဘယ်လောက်ရလဲ??”

အဖေ: “သားသိချင်တယ်ဆိုလည်း ပြောပြပါ့မယ် … အဖေ့ဝင်ငွေက တစ်နာရီကို ငါးထောင်လောက်ရှိတယ်”

သား: “အော် …”

သားငယ်ဟာ ဒီလောက်ပဲပြောပြီး ခေါင်းလေးငိုက်စိုက်ကျသွားတယ် … ပြီးတော့ သူဆက်ပြောတယ် …

သား: “အဖေသားကို ပိုက်ဆံသုံးထောင်လောက် ခဏပေးပါလား??”

အဖေ: “အဖေ့ဆီက ပိုက်ဆံတောင်းဖို့ ဒီလိုမေးခွန်းမျိုးကိုမေးခဲ့တာလား?? အသုံးမကျတဲ့အရုပ်တွေနဲ့ အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေဝယ်ဖို့အတွက် ဒီပိုက်ဆံကိုတောင်းနေတယ်ဆိုတာ အဖေသိတယ် … သွား ~ အခန်းထဲသွားအိပ်တော့!!”

အဖေကသားကို တင်းမာတဲ့လေသံနဲ့ ပြောလိုက်တယ် …သားကလည်း တိတ်ဆိတ်စွာပဲ အခန်းထဲဝင်သွားတယ် …

အဖေဟာ ခုံတစ်ခုံမှာ ၀င်ထိုင်လိုက်တယ် … သူ့သားရဲ့မေးခွန်းတွေအတွက်လည်း စိတ်တွေဆိုးနေခဲ့တယ် …
တစ်နာရီလောက်ကြာပြီးတဲ့နောက်မှာ သူ့ဒေါသတွေပြေလာတယ် … သူစပြီးစဉ်းစားခဲ့တယ် …
သူ့သားဟာ တစ်ခုခုဝယ်ဖို့ တကယ်လိုအပ်နေလို့သာ သူ့ဆီက ဒီပိုက်ဆံကိုတောင်းတာ ဖြစ်နိုင်တယ် …
သူဟာ မကြာခဏ ပိုက်ဆံတောင်းနေတတ်တဲ့ ကလေးမျိုးလည်း မဟုတ်ဘူးလေ …

အဲ့ဒီနောက်တော့ အဖေဖြစ်သူဟာ သူ့သားအခန်းထဲကိုဝင်သွားပြီး မေးလိုက်တယ် …

“သားအိပ်နေပြီလား??”

“ဟင့်အင်း” သားက ပြန်ဖြေတယ် …

“အဖေခုနက သားကို ဒေါသထွက်မိသွားတယ် … ရော့ ဒီမှာ သားတောင်းတဲ့ ပိုက်ဆံ သုံးထောင်”

သားက အိပ်နေရာကနေ ထထိုင်ပြီး ပြုံးလိုက်တယ် …

“ကျေးဇူးတင်ပါတယ် အဖေ”

အဲ့ဒီနောက် သားဟာ ခေါင်းအုံးအောက်ထဲက သူစုထားတဲ့ပိုက်ဆံတွေကို ထုတ်လိုက်တယ် …

သူ့သားမှာ ပိုက်ဆံတွေရှိနေတာမြင်တော့ အဖေဟာ နောက်တစ်ကြိမ် ဒေါသထွက်လာပြန်တယ် …

သားကတော့ သူ့ပိုက်ဆံတွေကို ဖြည်းဖြည်းချင်း ရေတွက်နေခဲ့တယ် … ပြီးတော့ သူ့အဖေကိုကြည့်လိုက်တယ် …

“သားမှာပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့အဖေ့ဆီက ထပ်တောင်းရတာလဲ??” အဖေက သားကိုဟောက်လိုက်တယ် ..

“သားမှာရှိတာနဲ့မလောက်လို့ပါ … ဒါပေမယ့် အခုပြည့်သွားပြီ … သားမှာ အခု ပိုက်ဆံငါးထောင်ရှိနေပြီလေ … သားအဖေ့ဆီက အချိန်တစ်နာရီလောက် ၀ယ်လို့ရမလားဟင်?? မနက်ဖြန်ကျရင် အိမ်ကို တစ်နာရီလောက် စောပြန်ခဲ့ပါနော် … သားအဖေနဲ့ တစ်ခါလောက် ညစာ အတူတူစားချင်လို့ပါ”

သူ့သား ပြန်ပြောတဲ့ စကားကိုကြားလိုက်ရချိန်မှာတော့ အဖေဟာ ဘာမှမပြောနိုင်လောက်အောင် စိတ်ထိခိုက်သွားခဲ့ပြီး သူ့သားကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ပါတော့တယ် …

+++++++++++++++++++++++++++++++++++++++++++++++++++++++++

♥ တကယ်တော့ လူတွေဟာ ငွေကြေးဂုဏ်ဒြပ်တွေနောက်သာ လိုက်နေကြပြီး ကိုယ်ချစ်ရမယ့်လူတွေကို မေတ္တာတရားတွေ ဂရုစိုက်မှုတွေ ပေးဖို့ကိုတော့ မေ့နေတတ်ကြတယ် … ♥

No comments: