ကင်ဆာရောဂါအတွက် အာလူးစိမ်း

လက်ဘက်ရည်ကြမ်းသောက်ခြင်းရဲ့ အကျိုးထူးများ
![]() |
လက်ဘက်ရည်ကြမ်းသောက်ခြင်းရဲ့ အကျိုးထူးများ
*********************************
၁) ကင်ဆာရောဂါကို ကာကွယ်ခြင်းနှင့် ကုသခြင်းတို့အတွက် အသုံးပြုနိုင်ခြင်း
၂) အယ်လ်ဇိုင်းမား (Alzheimer) နှင့် ပါကင်ဆန် (Parkinson) ရောဂါများကို ရပ်တန့်စေနိုင်ခြင်း
၃) အစာခြေချက်မှုစနစ်ကို ကောင်းမွန်စေခြင်းနှင့် စွမ်းအင်သိုလှောင်မှုစနစ် မြင့်မားစေခြင်း
၎) သွေးကြောပိတ်နိုင်ခြေကိုလျှော့ချပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားမှုနှင့် နှလုံးထိခိုက်မှုကို လျှော့ချပေးနိုင်ခြင်း
၅) အစာပြွန်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
၆) အချို့သောကင်ဆာဆဲလ်များ၏ ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း... သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်ခြင်း... အကျိုးပြုကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရောတို့၏ အချိုးကို ထိန်းညှိပေးနိုင်ခြင်း
၇) ဒူလာအဆစ်ရောင်နာနှင့် နှလုံးသွေးကြောအဆို့ရှင်ရောဂါများကို ကုသရာတွင် အသုံးဝင်ခြင်း
၈) ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်ချို့ယွင်းမှုကို ကုသပေးနိုင်ခြင်း
၉) သွားယိုယွင်းပျက်စီးမှုကို ကာကွယ်ရန်နှင့် သွားချေး(ချိုး) များကိုဖြစ်စေသည့် ဘက်တီးရီးယားများကို သုတ်သင်နိုင်ခြင်း
----------------------------------------------------------------
Source: General knowledge
နှိုင်းရင့်နွေ
******************************
၁) ကင်ဆာရောဂါကို ကာကွယ်ခြင်းနှင့် ကုသခြင်းတို့အတွက် အသုံးပြုနိုင်ခြင်း
၂) အယ်လ်ဇိုင်းမား (Alzheimer) နှင့် ပါကင်ဆန် (Parkinson) ရောဂါများကို ရပ်တန့်စေနိုင်ခြင်း
၃) အစာခြေချက်မှုစနစ်ကို ကောင်းမွန်စေခြင်းနှင့် စွမ်းအင်သိုလှောင်မှုစနစ် မြင့်မားစေခြင်း
၎) သွေးကြောပိတ်နိုင်ခြေကိုလျှော့ခ
၅) အစာပြွန်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း
၆) အချို့သောကင်ဆာဆဲလ်များ၏ ကြီးထွားမှုကို ထိန်းချုပ်ပေးခြင်း... သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်ခြင်း... အကျိုးပြုကိုလက်စထရောနှင့် မကောင်းသောကိုလက်စထရောတို့၏ အချိုးကို ထိန်းညှိပေးနိုင်ခြင်း
၇) ဒူလာအဆစ်ရောင်နာနှင့် နှလုံးသွေးကြောအဆို့ရှင်ရောဂါမျ
၈) ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်ချိ
၉) သွားယိုယွင်းပျက်စီးမှုကို ကာကွယ်ရန်နှင့် သွားချေး(ချိုး) များကိုဖြစ်စေသည့် ဘက်တီးရီးယားများကို သုတ်သင်နိုင်ခြင်း
------------------------------
Source: General knowledge
နှိုင်းရင့်နွေ
ကြက်ဥထမင်းကြော်

ခရမ်းချဉ်သီးဆော့စ်၊ ကြက်ဥနဲ့ တွဲဖက်စားသုံးရတာမို့
တစ်မျိုးကောင်းမွန်တဲ့ ထမင်းကြော်လေးပါ။
ကြော်နည်းလေး ကြည့်ရအောင် . . . ။
ပါဝင်ပစ္စည်းများ
-----------------
၁။ ကြက်ရင်ပုံသား - ၁ခု (အတုံးသေးများတုံးပါ)
၂။ ထောပတ် - စားပွဲဇွန်း ၂ဇွန်းခွဲ
၃။ ကြက်သွန်နီ - ၁ ဥ (နုပ်နုပ်စဉ်းပါ)
၎။ မုန်လာဥနီ - ၁ ဥ (အတုံးသေးများတုံးပါ)
၅။ ထီးမှိုခြောက် - ၂ပွင့်(ရေနွေးဖြင့် ပြုတ်ပြီး
အလယ်တိုင်ဖယ်ကာ အတုံးသေးတုံးပါ)
၆။ တရုတ် နံနံပင် - စားပွဲဇွန်း ၁ဇွန်း (နုပ်နုပ်စဉ်းပါ)
၇။ ထမင်း - ၄ယောက်စာ
၈။ ကြက်ဥ - ၁လုံး (ခလောက်ထားပါ)
၉။ ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၀။ ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၁။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ချက်ပြုတ်နည်း
-----------------
၁။ အရင်ဆုံး အတုံးများတုံးထားသော
ကြက်သားများကို ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊
ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့်ရောနယ်ထားပါ။
၂။ ဒယ်အိုးထဲသို့ ထောပတ်ထည့်ပြီး
အရည်ပျော်လျှင် ကြက်သားများကိုထည့်ပြီး
၂မိနစ်ခန့် ကြော်ပေးပါ။
၃။ ကြက်သား ကျက်လျှင် မုန်လာဥနီ၊ မှိုများကို ထည့်ပေးပါ။
၎။ ထို့နောက် ထမင်းထည့်ပြီးသမအောင် ရောမွှေလိုက်ပါ။
၅။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ခနောကြက်သားမှုန့်၊ ငရုတ်ကောင်း
မှုန့် တို့ကို ထည့်ပေးပါ။
၆။ ထမင်းကြော် မွှေးမွှေးလေး ရပြီဆိုလျှင်
ခလောက်ထားသော ကြက်ဥကို အပြားဝိုင်းကြော်ပေးပါ။
၇။ ပြီးမှ ကြက်ဥ အ၀ိုင်းပြား အလယ်ကို
ထမင်း ၄ပုံ၁ပုံ ထည့်လိုက်ပြီး ဘေးတစ်ဖက်စီကို
ပုံတွင်ပါသည့်အတိုင်း ခေါက်လိုက်ပါ။
၈။ ကြက်ဥလိပ်ရပြီဆိုမှ အလယ်က
ထက်ပိုင်းပိုင်းပေးပြီး အပေါ်မှ
ခရမ်းချဉ်သီးဆော့စ်လေးများ ဖြူးပေးပါ။
၉။ အရသာရှိသော ကြက်ဥ ထမင်းကြော်လေးကို
သုံးဆောင်နိုင်ပါပြီ။
• http://
Microwave Oven အသုံးပြုနည်း

Microwave oven က မီးဖိုချောင်မှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ တချို့က မိုင်ခရိုဝေ့ကို ကော်ဖီနွေးတာ၊ ဟင်းနွေးတာလောက်ပဲ အသုံးပြုတာ တွေ့ရပါတယ်။ Microwave oven အမျိုးပေါ်မူတည်ပြီ grill(ကင်တာ)၊ oven(အပေါ်မီး အောက်မီးဖုတ်တာ)၊ defrost (အသားခဲဖျော်)၊ steam(ပေါင်းတာ)၊ stew(စတူး) စသည့်တို့ကို အသုံးပြုလို့ရပါတယ်။ Microwave oven တစ်ခုနဲ့ တစ်ခု အသုံးပြုနည်းက အနည်းငယ်တော့ ကွဲပြားပါတယ်။ ဒါကြောင့် Microwave oven လို့ဆိုရာတွင် brand နံမည်တစ်ခုကို ဆိုလိုတာမဟုတ်ပဲ အားလုံးကို အကြမ်းပြင်း အသုံးပြုနည်းကို ဆိုလိုပါတယ်။ အရင်ဆုံး Microwave ovenကို အသုံးမပြုခင် ဘယ်အချက်တွေကို ဆောင်ရမယ်၊ ရှောင်ကြဉ်ရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။
သိသင့်တဲ့အချက်များ
- ချက်ပြီသား အစားအသောက်တွေကို ပူနေတာမို့ Microwave oven ထဲက ထုတ်တဲ့အခါ သတိထားပြီ အပူခံအ၀တ်(သို့)လက်အိတ်ဖြင့် ကိုင်တွယ်သင့်ပါတယ်။
- Microwave oven နဲ့ ချက်ပြီလျှင် ချက်ချင်း ထုတ်ဖို့ လိုပါတယ်။ ဘာလို့လည်း ဆိုတော့ Microwave oven ထဲမှာ အပူချိန်ကျန်သေးတာမို့ အကျက်လွန်တာတို့ ဖြစ်စေနိုင်လို့ပါ။
- Microwave oven အတွင်း ထည့်သုံးတဲ့ ဖန်၊ ပလတ်စတစ် ဗူး၊ တွေကိုလည်း Microwave oven အတွက် သီးသန့်ထုတ်ထားတဲ့ ဗူးတွေကိုသာ အသုံးသင့်ပါတယ်။
- အကောင်းဆုံး အကြံပေးချင်တာကတော့ Microwave oven အသုံးပြုစဉ်အတွင်း ခြေလှမ်း ၃-၄လှမ်းလောက် ခွာပြီ ရပ်နေပါတယ်။ safety အတွက်ပါ။
- Microwave oven ကို ဖွင့်၊ ပိတ် ပြုလုပ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါ။
- ဒယ်၊ မဖွင့်ရသေးတဲ့ စည်သွပ်ဗူး၊ လေးလံတဲ့ သတ္တုပစ္စည်းတွေကို Microwave oven ထဲမထည့်ပါနဲ့။
- စည်သွပ်ဗူး၊ အဖုံးပိတ်ထားသော ခရားတွေထည့်ပြီ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
- မီးလောင်စေနိုင်သည့် သတင်းစာ၊ အ၀တ်ခြောက်၊ စက္ကူထုတ်ဖြင့် ထည့်ထားသော အစားအသောက်များကို Microwave Oven ဖြင့်ချက်ပြုတ်ခြင်း မပြုသင့်ပါ။
- ဆီများများတဲ့ကြော်တဲ့ အကြော်တွေကိုလည်း Microwave oven နဲ့ အသုံးပြုဖို့ မသင့်တော်ပါဘူး။
- ကြက်ဥကို အခွံနဲ့ပြုတ်တဲ့အခါမှာလည်း အပူချိန်များပြီ ကြက်ဥ ပေါက်ကွဲတတ်တာမို့ ရှောင်ကြည့်သင့်ပါတယ်။
- အစိမ်းဖတ်၊ အက်စစ်ပါတဲ့ အရည်၊ စတီခွေတို့ဖြင့် Microwave ovenကို သန့်စင်ခြင်းများ မပြုလုပ်သင့်ပါ။
- Micro powder ကို အသုံးပြုစဉ် အသားအပူချိန်တိုင်းတဲ့ Thermometer ထည့်ပြီ အသုံးမပြုသင့်ပါဘူး။ ကင်တာ၊ မီးဖုတ်တာတို့တွေမှာတော့ အသားအပူချိန်တိုင်း Thermometer ကိုထည့်သုံးလို့ရပါတယ်။
- ဟင်းချက်၊ ဟင်းနွေးတဲ့အခါ ချက်ရမယ့် အချိန်အတွင်းမှာပဲ ချက်သင့်ပါတယ်။ ပိုလွန်သော အပူချိန်ဖြင့် ချက်ခြင်းကို ရှောင်ကြဉ်ပါ။
- Mircowave ကို အသုံးပြုတဲ့အခါ Mircowave ထဲမှာပါတဲ့ Roller Ring (လှည့်တဲ့ အပြား) and Glass Tray (မှန်ဗန်း) မပါဘူးပဲ အသုံးမပြုသင့်ပါဘူး။
- ထို့ပြင် Microwave oven ၀ယ်စဉ်ကပါတဲ့ ဗန်း၊ အပြားတွေကိုသာ အသုံးပြုသင့်ပါတယ်။ တခြား ဗန်း၊ အပြားတွေကို အစားထိုးခြင်းကို ရှောင်ကြည့်ပါ။
- မှန်ဗန်းကို အသုံးပြုပြီ အအေးခံပြီမှ ရေဖြင့် ဆေးကြောပါ။ ပူနေစဉ်အတွင်း ရေနဲ့ ဆေးကြောခြင်းကို မပြုရပါ။
- မိုင်ခရိုဝေ့ တံခါးကို ကွဲနေတဲ့အခါ ဖြစ်စေ၊ မပိတ်ပဲ ဖြစ်စေ အသုံးမပြုသင့်ပါဘူး။
ထောပတ်ထမင်းနဲ့ ကြက်သားဟင်း (၈ယောက်စာ)
ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။
အလှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ်
ချက်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့
ထောပတ်အနံ့သင်းပြီး အရသာအရမ်းကောင်းမွန်တယ်ဆိုတာ
တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို
ခုပဲ လုပ်လိုက်ကြရအောင်…။
ထောပတ်ထမင်းတွင် ပါဝင်ပစ္စည်းများ
------------------------------------------
၁။ ဘာစမာတီ ဆန် - နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)
၂။ ထောပတ် - ၈၀ ဂရမ် (စားပွဲဇွန်း ၅ ဇွန်းခွဲ)
၃။ မုန်လာဥနီ - ၁ခွက်စာ (အတုံးလတ်များ တုံးပါ)
၎။ ပဲသီး (သို့) ဗိုလ်စားပဲ - ၁ခွက် (အတုံးလတ်များ တုံးပါ)
၅။ စပျစ်သီးခြောက် (အမည်း) - ၁ခွက်စာ
၆။ သီဟိုဠ်စေ့- ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)
၇။ ပြောင်းဖူး - ဖူးဝက် (ရေဖြင့်ပြုတ်ပြီး အစေ့ခြွေထားပါ) (optional)
၈။ ကြက်သွန်နီ - ၂လုံး (ပါးပါးလှီးပါ)
၉။ ကရဝေးရွက် -၃ရွက်
၁၀။ သစ်ကြံပိုး -၁ခု
၁၁။ ဖာလာစေ့ -၄စေ့
၁၂။ လေးညှင်းပွင့် - ၄ပွင့်
၁၃။ ဆား -လက်ဖက်ရည်ဇွန်း ၃ဇွန်း
၁၄။ ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်း
၁၅။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ချက်ပြုတ်နည်း
----------------
၁။ ဒယ်အိုးထဲ သို့ ထောပတ်များကိုထည့်ပြီး
ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။
၂။ ပြီးနောက် သစ်ကြံပိုး၊ ကရဝေးရွက်၊
လေးညှင်း၊ ဖာလာစေ့များကို ထည့်ပြီး ၁မိနစ်ခန့် ရောမွှေပေးပါ။
၃။ ပြီးမှ သီဟိုဠ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဗိုလ်စားပဲ၊
ပြောင်းဖူး တို့ထည့်ပြီး နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။
၎။ ထို့နောက် ဆန်ထည့်ထားသော
Rice Cooker ထဲသို့ ဒယ်အိုးထဲမှ ထောပတ်ရည်၊
မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ သီဟိုဠ်စေ့၊
စပျစ်ခြောက်၊ Spices တို့ကို လောင်းထည့်လိုက်ပါ။
၅။ ရေ(၃ခွက်)၊ ဆား၊ ခနောကြက်သားမှုန့်တို့ကို ထည့်ပြီး
ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။
၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့်ရောမွှေလိုက်ပါ။
၇။ ထို့နောက် အရသာ အနေတော်ဖြစ်လျှင် အရသာရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊
ငါးပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချိုတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
http://www.wutyeefoodhouse.com/
အလှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ်
ချက်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့
ထောပတ်အနံ့သင်းပြီး အရသာအရမ်းကောင်းမွန်တယ်ဆိုတာ
တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို
ခုပဲ လုပ်လိုက်ကြရအောင်…။
ထောပတ်ထမင်းတွင် ပါဝင်ပစ္စည်းများ
------------------------------
၁။ ဘာစမာတီ ဆန် - နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)
၂။ ထောပတ် - ၈၀ ဂရမ် (စားပွဲဇွန်း ၅ ဇွန်းခွဲ)
၃။ မုန်လာဥနီ - ၁ခွက်စာ (အတုံးလတ်များ တုံးပါ)
၎။ ပဲသီး (သို့) ဗိုလ်စားပဲ - ၁ခွက် (အတုံးလတ်များ တုံးပါ)
၅။ စပျစ်သီးခြောက် (အမည်း) - ၁ခွက်စာ
၆။ သီဟိုဠ်စေ့- ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)
၇။ ပြောင်းဖူး - ဖူးဝက် (ရေဖြင့်ပြုတ်ပြီး အစေ့ခြွေထားပါ) (optional)
၈။ ကြက်သွန်နီ - ၂လုံး (ပါးပါးလှီးပါ)
၉။ ကရဝေးရွက် -၃ရွက်
၁၀။ သစ်ကြံပိုး -၁ခု
၁၁။ ဖာလာစေ့ -၄စေ့
၁၂။ လေးညှင်းပွင့် - ၄ပွင့်
၁၃။ ဆား -လက်ဖက်ရည်ဇွန်း ၃ဇွန်း
၁၄။ ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၃ဇွန်း
၁၅။ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
ချက်ပြုတ်နည်း
----------------
၁။ ဒယ်အိုးထဲ သို့ ထောပတ်များကိုထည့်ပြီး
ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။
၂။ ပြီးနောက် သစ်ကြံပိုး၊ ကရဝေးရွက်၊
လေးညှင်း၊ ဖာလာစေ့များကို ထည့်ပြီး ၁မိနစ်ခန့် ရောမွှေပေးပါ။
၃။ ပြီးမှ သီဟိုဠ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဗိုလ်စားပဲ၊
ပြောင်းဖူး တို့ထည့်ပြီး နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။
၎။ ထို့နောက် ဆန်ထည့်ထားသော
Rice Cooker ထဲသို့ ဒယ်အိုးထဲမှ ထောပတ်ရည်၊
မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ သီဟိုဠ်စေ့၊
စပျစ်ခြောက်၊ Spices တို့ကို လောင်းထည့်လိုက်ပါ။
၅။ ရေ(၃ခွက်)၊ ဆား၊ ခနောကြက်သားမှုန့်တို့ကို ထည့်ပြီး
ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။
၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့်ရောမွှေလိုက်ပါ။
၇။ ထို့နောက် အရသာ အနေတော်ဖြစ်လျှင် အရသာရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊
ငါးပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချိုတို့ဖြင့်တွဲဖက်သုံးဆော
http://
ကြက်အသဲအမြစ်ဟင်း
ကြက်အသဲအမြစ်ဟင်းကို အသားဟင်းထက် ပိုကြိုက်လို့ အရင်ကတော့ မကြာမကြာချက်ဖြစ်ပါတယ်။ ခုနောက်ပိုင်း မချက်ဖြစ်တာကြာပြီမို့ ပြီးခဲ့တဲ့ပိတ်ရက်က ဈေးရောက်တုန်း လိုအပ်မယ့် အဆာပလာတွေ ဝယ်လာခဲ့လိုက်တယ်။
၁။
မြန်မာဟင်း ထုံးစံဖြစ်တဲ့ ဟင်းအနှစ်အတွက် လိုအပ်မယ့် ကြက်သွန်နီ ၃ဥ၊
ကြက်သွန်ဖြူ ၉မြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၄တောင့်နဲ့
ရှမ်းနံနံတစ်ပင်ကို အသင့်ပြင်ထားပါတယ်။
၂။
ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကို ပါးပါးလှီးပြီး
ပြန်နုတ်နုတ်စင်းထားပါတယ်။ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံကို လိုချင်တဲ့ အနေ
အပိုင်းပိုင်းဖြတ်ထားပါတယ်။
၃။
ဟင်းချက်မယ့်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး (ကျမတော့ ဆီထည့်တာ ပုံမှန်ထက်
များသွားတယ်) ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ
သူ့အဆင့်အတိုင်းထည့်ပြီး ကြက်သွန်တွေ ဝါရောင်သမ်းပြီး ကျက်တဲ့အထိ
ဆီသတ်ပါတယ်။
၎။
ပြီးရင် အရွယ်တော်ပိုင်းထားတဲ့ အသဲ၊ အမြစ်တွေထည့်၊ ငရုတ်သီးစိမ်းနဲ့
ရှမ်းနံနံထည့်၊ ခဏမွှေပြီး ရေနည်းနည်းထည့်၊ အရသာအတွက် ဆား၊ အချိုမှုန့်
သင့်ရုံထည့်ပြီး ချက်ပါတယ်။ ရေခန်းလို့ ဆီပြန်ပြီဆိုရင်
ကြက်အသဲအမြစ်ဟင်းတစ်ခွက် ရပါပြီ။
အစာ အငတ်ခံသော ရောဂါ

အစာ အငတ်ခံသော ရောဂါ
===============
ပိန်ချင်သောကြောင့် အစာမစားဘဲ အငတ်ခံသော ရောဂါကို Anorexia ဟုခေါ်သည်။ Anorexia သည် သာမန်အားဖြင့် အပျိုဖော်၊ လူပျိုဖော် ဝင်စ အချိန်မှာ စတင် ဖြစ်ပေါ်လေ့ ရှိသည်။ Anorexia ကိုခံစားနေရသူမှာ ကိုယ်အလေးချိန် အလွန်အကျွံ လျော့ကျ နေတတ် ပါသည်။ ထိုလူများတွင် မည်သို့ပင် ပိန်စေကာမူ မိမိကိုယ်မိမိ အဝလွန် နေသည်ဟု ထင်နေ တတ်ကြသည်။ ထို့ကြောင့် ထိုသူများသည် ကိုယ်အလေးချိန် ကျအောင် နည်းအမျိုးမျိုးဖြင့် ကြိုးစား ကြသည်။
အသုံးများသော နည်းလမ်းများမှာ လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း၊ ဝမ်းနုတ်ဆေး စားခြင်း၊
အစာပုံမှန် မစားခြင်း တို့ဖြစ်သည်။ Anorexia က ခံစားနေရသော သူများသည် အလွန် အကျွံပိန်၊ ဖျားနာပြီး အသက်အန္တရာယ် ရှိလောက်သည့် အခြေအနေ အထိ ကြုံတွေ့ နေရသည့်တိုင် ကိုယ့်ကိုယ်ကိုယ် အဝလွန်နေသည်ဟု ထင်နေ တတ်ကြသည်။ Anorexia အဖြစ် များသော လူများမှာ အထက်တန်းစား များနှင့် အားကစား သမားများ (ဥပမာ- ကိုယ်ခန္ဓာ အချိုးအစား ကျမှုကို အဓိကထားရသော အကကခြင်း၊ ပြေးခြင်း) တို့ ဖြစ်ကြသည်။
Anorexia ၏ လက္ခဏာရပ်များ၏
-ပုံမှန်ရှိသင့်သော ကိုယ်အလေးချိန်အောက် ၁၅ ရာခိုင်နှုန်း လျော့ကျနေခြင်း
-သုံးလဆက်တိုက် ရာသီသွေးမဆင်းခြင်း(အမျိုးသမီးမ
-လူအများရှေ့တွင် အစာမစားချင်ခြင်း၊ အစာစားရန် ငြင်းဆိုခြင်း
-စိုးရိမ်ကြောင့်ကြ၊ ပူပန်သောကများခြင်း
-အားနည်းခြင်း
-အရေပြား ကြမ်းတမ်းနေခြင်း
-အသက်ရှုမြန်ခြင်း
-မိမိစားသော အစာများမည်ကို စိုးရိမ်ပူပန်နေခြင်း
နောက်ဆက်တွဲဆိုးကျိုးများ
-အရိုးသေးခြင်း
-ကိုယ်ခန္ဓာအတွင်းရှိ ဗီတာမင်နှင့် သတ္တုဓာတ်များ ဆုံးရှုံးခြင်း
-ကိုယ်ခန္ဓာ အပူချိန်နည်းခြင်း
-နှလုံးခုန်နှုန်း ပုံမှန်မရှိခြင်း
-ကိုယ်ခန္ဓာကြီးထွားမှု လုံးဝရပ်တန့်ခြင်း
-အရိုးပါး ရောဂါဖြစ်နှုန်းကို များစေခြင်း
-အစားအသောက် ပျက်ခြင်း
၎င်းအပြင် ဝမ်းနုတ်ဆေး စားခြင်းကြောင့်လည်း ကိုယ်ခန္ဓာရှိ အူမကြီး ကြွက်သားများကို ထိခိုက် စေနိုင်ပါသည်။
http://bit.ly/14RHqf5
ပဲကြာဆံကြော်
ထမနဲ

မြန် မာ့ ရိုး ရာ အ စား အ စာ နှ င့် အာ ဟာ ရ
* * * * * * * * * * * * * * * * * * * * *
• ထမနဲ
(ဆန်းဆန်းဦး - မြန်မာ့အသံ)
သောတရှင်များရှင်-
အခုလအတွက် မြန်မာ့အစားအစာ
ကဏ္ဍမှာတော့ တပို့တွဲလရဲ့ ရာသီစာ
သရေစာဖြစ်တဲ့“ထမနဲ”ပြုလုပ်ပုံများကို
တင်ပြဖို့စီစဉ်ထားပါတယ်။
“ကုံရာသီ တပို့တွဲ၊ ပေါက်လည်း
ငုံကင်း၊ ဆီးနှင်းပေါက်ထန်၊ မြောက်ယံ
လေသွေး၊ အေးမြဆဲ” ဆိုတဲ့ကဗျာလေး
တစ်ပုဒ်ထဲကလို တပို့တွဲလဟာ ဆောင်း
လည်းမစင်၊ နွေလည်း မ၀င်သေးတဲ့ရာသီ
ဖြစ်ပါတယ်။ အချမ်းဓာတ်၊ အအေးဓာတ်
လေးကျန်နေသေးတဲ့ ဒီလမှာ ထမနဲထိုး
ပွဲတွေကျင်းပလေ့ရှိတာမို့ “တပို့တွဲထမနဲ
ပါတီ”လို့ ဆိုစမှတ်ပြုကြပါတယ်။
ထမနဲပွဲဆိုတာတကယ်တော့
ကောက်သစ်စားပွဲဖြစ်ပါတယ်။ ပေါ်ဦးပေါ်
ဖျားကောက်နှံစပါးများကို အစာအာဟာ
ရတစ်ပါးအဖြစ် အမွန်တမြတ်ထမနဲထိုး
ပြီး ဘုရား၊ ရဟန်း၊ သံဃာတော်များကို
ကပ်လှူပူဇော်ကြသလို ခင်မင်ရင်းနှီးတဲ့
မိတ်ဆွေသင်္ဂဟများကိုဖိတ်ကြားပြီး ဒါန
ကုသိုလ်ပြုကြတဲ့ကောက်သစ်ပွဲလို့ဆို
နိုင်ပါတယ်။
ထမနဲဟာ ကောက်ညှင်းကို အရင်း
ခံပြီး နှမ်းဆီ ဒါမှမဟုတ်မြေပဲဆီ၊ နှမ်း
လှော်၊ မြေပဲဆံ၊ ချင်း၊ အုန်းသီး၊ သစ်ကြား
သီးစတဲ့အရသာရှိတဲ့ အစာပလာများနဲ့
စုပေါင်းပြီး ပြုလုပ်ထားတာမို့အရသာစုံလင်လှသလို
အာဟာရလည်း ကြွယ်ဝလှ
တာကိုတွေ့ရပါတယ်။
ထမနဲထိုးတဲ့အခါ လိုအပ်တဲ့ပစ္စည်း
အမျိုးအစားတွေကတော့---
(၁) ကောက်ညှင်းဆန်ကောင်းကောင်း-၄ပြည်
(၂) ဆီ -တစ်ပိဿာ
(၃) နှမ်းလှော်- နို့ဆီဘူး(၆)ဘူး
(၄) လှော်ပြီးသားမြေပဲဆံအခွံကျွတ် - နို့ဆီဘူး ၆ ဘူး
(၅) ချင်း - ၃၀ သား
(၆) အုန်းသီး - ၂လုံး
(၇) သစ်ကြားသီး - ၂၅ လုံး
(၈) ဆား - ၁၀ ကျပ်သား
တို့ဖြစ်ပါတယ်။
ထမနဲထိုးမယ်ဆိုရင်တော့ ထမနဲ
မထိုးခင်မှာ ကောက်ညှင်းဆန်ကို အမှိုက်
သရိုက်ကင်းစင်အောင် ပြာတီးထားရ
သလို နှမ်းကိုလည်း ခဲ၊ သဲကင်းစင်အောင်
ရွေးထုတ်ပြီး ကျက်အောင်လှော်ထားပါ
မယ်။ မြေပဲဆံကိုလည်း လှော်ပြီး အခွံ
ကျွတ်အောင် ပွတ်တိုက်သန့်စင်ထားရ
ပါမယ်။ ပြီးရင်တော့ အုန်းသီးကို ခွဲစိတ်၊
အသားနွှာပြီး ခပ်ပါးပါးဖြစ်အောင် ဓားနဲ့
လှီးလို့ပဲဖြစ်ဖြစ်၊ ရွေပေါ်နဲ့ထိုးလို့ပဲဖြစ်ဖြစ်
ပြင်ဆင်ထားရပါမယ်။ အလားတူ လှော်
ထားတဲ့သစ်ကြားသီးကို အလယ်မှခွဲပြီး
ပါးပါးလှီးထည့်ပါမယ်။ အခုလိုပြင်ဆင်
ထားပြီးမှ ထမနဲထိုးကြပါတယ်။
ထမနဲထိုးတော့မယ်ဆိုရင်တော့
ပထမဆုံး မိုးဗြဲဒယ်အိုးကိုဆီထည့်ပြီး ဆီ
ကျက်တဲ့အခါ ချင်းထည့်ရပါမယ်။ ချင်းက
အတော်လေးနွမ်းသွားရင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်ကိုထည့်နိုင်ပါတယ်။
ဒီအချိန်မှာ ဆားထည့်ပြီးမွှေပေးရပါမယ်။
အတော်အတန်သမသွားတဲ့အခါ ရေအေး
ကို ကောက်ညှင်းဆန်ရဲ့အထက် လက်
၎လုံးသာအောင်ထည့်ပေးရပါမယ်။ ရေ
ခန်းလို့ကောက်ညှင်းဆန်အနပ်လိုသေး
ရင်တော့ အသင့်ကျိုထားတဲ့ရေနွေးထည့်
ပြီး နပ်တဲ့အထိချက်ဖို့လိုပါတယ်။ ရေခန်း
လို့ကောက်ညှင်းဆန်နပ်ပြီဆိုရင်တော့
ဒယ်အိုးကိုမီးဖိုပေါ်ကချပြီး ယောက်မ
ကြီး(၂)လက်နဲ့ကြိတ်ခြေပေးရပါမယ်။ ဒီ
နေရာမှာထမနဲထိုးခြင်းရဲ့အနှစ်သာရကို
တွေ့ရပါတယ်။
ကောက်ညှင်းဟာ တော်ရုံနဲ့ကြေ
တာမျိုးမဟုတ်တဲ့အတွက် စေးပိုင်သွား
တဲ့အထိကြေညက်သွားအောင်ထိုးတဲ့
နေရာမှာ “တစ်ယောက် တစ်လက်၊ တစ်
အား” ဆိုသလို ပျော်ပျော်ရွှင်ရွှင်၊ စည်း
စည်းလုံးလုံးနဲ့ အားတိုက်ခွန်တိုက် စု
ပေါင်းပါဝင်ပြီးမှ ပြီးမြောက်နိုင်ပါတယ်။
ထမနဲထိုးတော့မယ်ဆိုရင်ကြိုတင်ပြင်ဆင်
ရတဲ့လုပ်ငန်းတွေကများလှသလို ထမနဲ
ထိုးရာမှာလည်း တစ်ဦးတစ်ယောက်တည်း
နဲ့ ခရီးမရောက်ဘဲလူအများရဲ့ကာယစွမ်း
အားနဲ့ တက်ညီလက်ညီစုပေါင်းပါဝင်မှ
ခရီးရောက်ပြီးမြောက်နိုင်တာမို့ စည်းလုံး
ညီညွတ်မှုစုပေါင်းလုပ်အားကိုတွေ့မြင်
နိုင်ပါတယ်။
ထမနဲထိုးတော့မယ်ဆိုရင် ရပ်ကွက်၊
ကျေးရွာအုပ်စုအလိုက်၊ဘာသာရေး၊
လူမှုရေးအသင်းအဖွဲ့အလိုက်၊ မိသားစု
အလိုက်စသဖြင့် စုစည်းပြီး စုပေါင်းစွမ်း
အားနဲ့ ဆောင်ရွက်လေ့ရှိကြပါတယ်။ စု
စည်းညီညာတဲ့သဘောသဘာဝကို
ဆောင်တဲ့အပြင် စတုဒိသာ လေးမျက်နှာ
က မိတ်ဆွေသင်္ဂဟများကို ကျွေးမွေးပြုစု
ကြတာမို့ ချစ်စရာကောင်းလှတဲ့မြန်မာ့ရိုး
ရာဓလေ့တစ်ရပ်ဖြစ်ပါတယ်။ မြန်မာတို့ရဲ့
သွေးစည်းမှုအားကို အစားအစာသရေစာ
မှာ ပြုလုပ်စားသုံးရာမှာတောင် တွေ့နိုင်
တဲ့သာဓကကို ဒီထမနဲပွဲကသက်သေပြ
နေတာဖြစ်ပါတယ်။
ကောက်ညှင်း၊ ဆီ၊ နှမ်းလှော်၊ မြေ
ပဲဆံ၊ အုန်းသီး၊ သစ်ကြားသီးတို့ စုစည်း
ရာက ဖြစ်ပေါ်လာတဲ့ “ထမနဲ” မှာပါဝင်
တဲ့အာဟာရဓာတ်များကတော့ အမယ်စုံ
ပါဝင်လို့ အာဟာရလည်း စုံလင်လှတာ
တွေ့ရပါတယ်။
ကောက်ညှင်းဆန်၊ ဆီ၊ နှမ်းနဲ့
မြေပဲတို့ကနေ ကာဗိုဟိုက်ဒရိတ်ဓာတ်နဲ့
ပရိုတင်းခေါ်အသားဓာတ်တို့ကိုရရှိနိုင်ပြီး
ထမနဲမှာပါဝင်တဲ့ အသားတစ်မျိုးဖြစ်တဲ့
အုန်းသီးကနေ မီးစုန်းဓာတ်နဲ့ ပိုတက်ဆီ
ယမ်တို့ကိုရရှိနိုင်ပါတယ်။
ထမနဲထိုးတာနဲ့ပတ်သက်လို့ရှေး
စာဆိုများက လင်္ကာဖွဲ့ပြီး မှတ်တမ်းတစ်ခု
ပြုစုခဲ့ပါတယ်။အဲဒီလင်္ကာလေးကတော့ - “ကုံရာသီပွဲလမ်း၊ထမနဲဆွမ်းလှူ၊
ကောက်ညှင်းဆန်ဖွေးဖြူ၊ လက်ရွေးယူ
တစ်တင်း၊ နှမ်းဆီစစ်လေးပိဿာ၊ ဆား
စွက်ပါတစ်ဆယ်ကျပ်သွင်း၊ ပါးလွှလွှချင်း
စိတ်မြွှာတစ်ပိဿာစာရင်း၊ မြေပဲဆံလှော်
သင်း၊ ပဲနော်လျင်းနှစ်ပြည်၊ ရေကြည်
ကြည်စွက်အုံးတော့၊ လက်နှစ်လုံးဆန်
ပေါ်ခြုံ၊ လောင်းထည့်ပြန်တုံ၊ သစ်ကြား
သီးအစာစုံလျှင် ရသာစုံထိပ်ဖူးကွဲ့လေး” လို့
တေးထပ်တစ်ခုရေးစပ်ပြုခဲ့ပါတယ်ဆို
တာတင်ပြရင်း အခုလ မြန်မာ့ရိုးရာ အစား
အစာနဲ့အာဟာရကဏ္ဍအတွက် တပို့တွဲ
လရဲ့ရာသီစာဖြစ်တဲ့ “ထမနဲ” ထိုးပုံများနဲ့
အာဟာရတန်ဖိုးများအကြောင်းကိုတင်
ပြလိုက်ပါတယ်။ ချစ်စွာသောစာရှုသူများ
အေးချမ်းလှတဲ့ တပို့တွဲလမှာမိသားစု
ပျော်ပျော်ပါးပါး ထမနဲထိုးစားကြရင်း ချစ်
ခင်ကြင်နာဆပွားနိုင်ကြပါစေလို့ မေတ္တာ
ရည်လျက် . . .။
• ဆန်းဆန်းဦး(မြန်မာ့အသံ)
* * * * * * * * * * * * * * * * * * * * *
• ထမနဲ
(ဆန်းဆန်းဦး - မြန်မာ့အသံ)
သောတရှင်များရှင်-
အခုလအတွက် မြန်မာ့အစားအစာ
ကဏ္ဍမှာတော့ တပို့တွဲလရဲ့ ရာသီစာ
သရေစာဖြစ်တဲ့“ထမနဲ”ပြုလုပ်ပုံများကို
တင်ပြဖို့စီစဉ်ထားပါတယ်။
“ကုံရာသီ တပို့တွဲ၊ ပေါက်လည်း
ငုံကင်း၊ ဆီးနှင်းပေါက်ထန်၊ မြောက်ယံ
လေသွေး၊ အေးမြဆဲ” ဆိုတဲ့ကဗျာလေး
တစ်ပုဒ်ထဲကလို တပို့တွဲလဟာ ဆောင်း
လည်းမစင်၊ နွေလည်း မ၀င်သေးတဲ့ရာသီ
ဖြစ်ပါတယ်။ အချမ်းဓာတ်၊ အအေးဓာတ်
လေးကျန်နေသေးတဲ့ ဒီလမှာ ထမနဲထိုး
ပွဲတွေကျင်းပလေ့ရှိတာမို့ “တပို့တွဲထမနဲ
ပါတီ”လို့ ဆိုစမှတ်ပြုကြပါတယ်။
ထမနဲပွဲဆိုတာတကယ်တော့
ကောက်သစ်စားပွဲဖြစ်ပါတယ်။ ပေါ်ဦးပေါ်
ဖျားကောက်နှံစပါးများကို အစာအာဟာ
ရတစ်ပါးအဖြစ် အမွန်တမြတ်ထမနဲထိုး
ပြီး ဘုရား၊ ရဟန်း၊ သံဃာတော်များကို
ကပ်လှူပူဇော်ကြသလို ခင်မင်ရင်းနှီးတဲ့
မိတ်ဆွေသင်္ဂဟများကိုဖိတ်ကြားပြီး ဒါန
ကုသိုလ်ပြုကြတဲ့ကောက်သစ်ပွဲလို့ဆို
နိုင်ပါတယ်။
ထမနဲဟာ ကောက်ညှင်းကို အရင်း
ခံပြီး နှမ်းဆီ ဒါမှမဟုတ်မြေပဲဆီ၊ နှမ်း
လှော်၊ မြေပဲဆံ၊ ချင်း၊ အုန်းသီး၊ သစ်ကြား
သီးစတဲ့အရသာရှိတဲ့ အစာပလာများနဲ့
စုပေါင်းပြီး ပြုလုပ်ထားတာမို့အရသာစုံလင်လှသလို
အာဟာရလည်း ကြွယ်ဝလှ
တာကိုတွေ့ရပါတယ်။
ထမနဲထိုးတဲ့အခါ လိုအပ်တဲ့ပစ္စည်း
အမျိုးအစားတွေကတော့---
(၁) ကောက်ညှင်းဆန်ကောင်းကောင်း-၄ပြည်
(၂) ဆီ -တစ်ပိဿာ
(၃) နှမ်းလှော်- နို့ဆီဘူး(၆)ဘူး
(၄) လှော်ပြီးသားမြေပဲဆံအခွံကျွတ် - နို့ဆီဘူး ၆ ဘူး
(၅) ချင်း - ၃၀ သား
(၆) အုန်းသီး - ၂လုံး
(၇) သစ်ကြားသီး - ၂၅ လုံး
(၈) ဆား - ၁၀ ကျပ်သား
တို့ဖြစ်ပါတယ်။
ထမနဲထိုးမယ်ဆိုရင်တော့ ထမနဲ
မထိုးခင်မှာ ကောက်ညှင်းဆန်ကို အမှိုက်
သရိုက်ကင်းစင်အောင် ပြာတီးထားရ
သလို နှမ်းကိုလည်း ခဲ၊ သဲကင်းစင်အောင်
ရွေးထုတ်ပြီး ကျက်အောင်လှော်ထားပါ
မယ်။ မြေပဲဆံကိုလည်း လှော်ပြီး အခွံ
ကျွတ်အောင် ပွတ်တိုက်သန့်စင်ထားရ
ပါမယ်။ ပြီးရင်တော့ အုန်းသီးကို ခွဲစိတ်၊
အသားနွှာပြီး ခပ်ပါးပါးဖြစ်အောင် ဓားနဲ့
လှီးလို့ပဲဖြစ်ဖြစ်၊ ရွေပေါ်နဲ့ထိုးလို့ပဲဖြစ်ဖြစ်
ပြင်ဆင်ထားရပါမယ်။ အလားတူ လှော်
ထားတဲ့သစ်ကြားသီးကို အလယ်မှခွဲပြီး
ပါးပါးလှီးထည့်ပါမယ်။ အခုလိုပြင်ဆင်
ထားပြီးမှ ထမနဲထိုးကြပါတယ်။
ထမနဲထိုးတော့မယ်ဆိုရင်တော့
ပထမဆုံး မိုးဗြဲဒယ်အိုးကိုဆီထည့်ပြီး ဆီ
ကျက်တဲ့အခါ ချင်းထည့်ရပါမယ်။ ချင်းက
အတော်လေးနွမ်းသွားရင် ရေစစ်ထားတဲ့
ကောက်ညှင်းဆန်ကိုထည့်နိုင်ပါတယ်။
ဒီအချိန်မှာ ဆားထည့်ပြီးမွှေပေးရပါမယ်။
အတော်အတန်သမသွားတဲ့အခါ ရေအေး
ကို ကောက်ညှင်းဆန်ရဲ့အထက် လက်
၎လုံးသာအောင်ထည့်ပေးရပါမယ်။ ရေ
ခန်းလို့ကောက်ညှင်းဆန်အနပ်လိုသေး
ရင်တော့ အသင့်ကျိုထားတဲ့ရေနွေးထည့်
ပြီး နပ်တဲ့အထိချက်ဖို့လိုပါတယ်။ ရေခန်း
လို့ကောက်ညှင်းဆန်နပ်ပြီဆိုရင်တော့
ဒယ်အိုးကိုမီးဖိုပေါ်ကချပြီး ယောက်မ
ကြီး(၂)လက်နဲ့ကြိတ်ခြေပေးရပါမယ်။ ဒီ
နေရာမှာထမနဲထိုးခြင်းရဲ့အနှစ်သာရကို
တွေ့ရပါတယ်။
ကောက်ညှင်းဟာ တော်ရုံနဲ့ကြေ
တာမျိုးမဟုတ်တဲ့အတွက် စေးပိုင်သွား
တဲ့အထိကြေညက်သွားအောင်ထိုးတဲ့
နေရာမှာ “တစ်ယောက် တစ်လက်၊ တစ်
အား” ဆိုသလို ပျော်ပျော်ရွှင်ရွှင်၊ စည်း
စည်းလုံးလုံးနဲ့ အားတိုက်ခွန်တိုက် စု
ပေါင်းပါဝင်ပြီးမှ ပြီးမြောက်နိုင်ပါတယ်။
ထမနဲထိုးတော့မယ်ဆိုရင်ကြိုတင်ပြင်ဆင်
ရတဲ့လုပ်ငန်းတွေကများလှသလို ထမနဲ
ထိုးရာမှာလည်း တစ်ဦးတစ်ယောက်တည်း
နဲ့ ခရီးမရောက်ဘဲလူအများရဲ့ကာယစွမ်း
အားနဲ့ တက်ညီလက်ညီစုပေါင်းပါဝင်မှ
ခရီးရောက်ပြီးမြောက်နိုင်တာမို့ စည်းလုံး
ညီညွတ်မှုစုပေါင်းလုပ်အားကိုတွေ့မြင်
နိုင်ပါတယ်။
ထမနဲထိုးတော့မယ်ဆိုရင် ရပ်ကွက်၊
ကျေးရွာအုပ်စုအလိုက်၊ဘာသာရေး၊
လူမှုရေးအသင်းအဖွဲ့အလိုက်၊ မိသားစု
အလိုက်စသဖြင့် စုစည်းပြီး စုပေါင်းစွမ်း
အားနဲ့ ဆောင်ရွက်လေ့ရှိကြပါတယ်။ စု
စည်းညီညာတဲ့သဘောသဘာဝကို
ဆောင်တဲ့အပြင် စတုဒိသာ လေးမျက်နှာ
က မိတ်ဆွေသင်္ဂဟများကို ကျွေးမွေးပြုစု
ကြတာမို့ ချစ်စရာကောင်းလှတဲ့မြန်မာ့ရိုး
ရာဓလေ့တစ်ရပ်ဖြစ်ပါတယ်။ မြန်မာတို့ရဲ့
သွေးစည်းမှုအားကို အစားအစာသရေစာ
မှာ ပြုလုပ်စားသုံးရာမှာတောင် တွေ့နိုင်
တဲ့သာဓကကို ဒီထမနဲပွဲကသက်သေပြ
နေတာဖြစ်ပါတယ်။
ကောက်ညှင်း၊ ဆီ၊ နှမ်းလှော်၊ မြေ
ပဲဆံ၊ အုန်းသီး၊ သစ်ကြားသီးတို့ စုစည်း
ရာက ဖြစ်ပေါ်လာတဲ့ “ထမနဲ” မှာပါဝင်
တဲ့အာဟာရဓာတ်များကတော့ အမယ်စုံ
ပါဝင်လို့ အာဟာရလည်း စုံလင်လှတာ
တွေ့ရပါတယ်။
ကောက်ညှင်းဆန်၊ ဆီ၊ နှမ်းနဲ့
မြေပဲတို့ကနေ ကာဗိုဟိုက်ဒရိတ်ဓာတ်နဲ့
ပရိုတင်းခေါ်အသားဓာတ်တို့ကိုရရှိနိုင်ပြီး
ထမနဲမှာပါဝင်တဲ့ အသားတစ်မျိုးဖြစ်တဲ့
အုန်းသီးကနေ မီးစုန်းဓာတ်နဲ့ ပိုတက်ဆီ
ယမ်တို့ကိုရရှိနိုင်ပါတယ်။
ထမနဲထိုးတာနဲ့ပတ်သက်လို့ရှေး
စာဆိုများက လင်္ကာဖွဲ့ပြီး မှတ်တမ်းတစ်ခု
ပြုစုခဲ့ပါတယ်။အဲဒီလင်္ကာလေးကတော့ - “ကုံရာသီပွဲလမ်း၊ထမနဲဆွမ်းလှူ၊
ကောက်ညှင်းဆန်ဖွေးဖြူ၊ လက်ရွေးယူ
တစ်တင်း၊ နှမ်းဆီစစ်လေးပိဿာ၊ ဆား
စွက်ပါတစ်ဆယ်ကျပ်သွင်း၊ ပါးလွှလွှချင်း
စိတ်မြွှာတစ်ပိဿာစာရင်း၊ မြေပဲဆံလှော်
သင်း၊ ပဲနော်လျင်းနှစ်ပြည်၊ ရေကြည်
ကြည်စွက်အုံးတော့၊ လက်နှစ်လုံးဆန်
ပေါ်ခြုံ၊ လောင်းထည့်ပြန်တုံ၊ သစ်ကြား
သီးအစာစုံလျှင် ရသာစုံထိပ်ဖူးကွဲ့လေး” လို့
တေးထပ်တစ်ခုရေးစပ်ပြုခဲ့ပါတယ်ဆို
တာတင်ပြရင်း အခုလ မြန်မာ့ရိုးရာ အစား
အစာနဲ့အာဟာရကဏ္ဍအတွက် တပို့တွဲ
လရဲ့ရာသီစာဖြစ်တဲ့ “ထမနဲ” ထိုးပုံများနဲ့
အာဟာရတန်ဖိုးများအကြောင်းကိုတင်
ပြလိုက်ပါတယ်။ ချစ်စွာသောစာရှုသူများ
အေးချမ်းလှတဲ့ တပို့တွဲလမှာမိသားစု
ပျော်ပျော်ပါးပါး ထမနဲထိုးစားကြရင်း ချစ်
ခင်ကြင်နာဆပွားနိုင်ကြပါစေလို့ မေတ္တာ
ရည်လျက် . . .။
• ဆန်းဆန်းဦး(မြန်မာ့အသံ)
ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ
မုန်လာဥနီသနပ်
Food & Health
အိမ်ရှင်မတို့လက်ရာ မြန်မာ့အစားအစာ၊
အာဟာရနှင့် ကျန်းမာရေး
------------------------------
မြန်မာတို့ဟာ ထမင်းကို ပင်တိုင်
အစာအဖြစ်နေ့စဉ်စားကြပြီး တန်ဖိုးလည်း
အလွန်ထားကြပါတယ်။ ထမင်းအသက်
၇-ရက်လို့ပင် ပြောတတ်ကြပါတယ်။
မိတ်ဆွေအချင်းချင်းတွေ့တဲ့အခါ ]ထမင်း
စားပြီးပြီလား}ဆိုတဲ့စကားနဲ့နှုတ်ဆက်
လေ့ရှိပါတယ်။ ထမင်းနှင့်အတူတွဲဖက်
စားသုံးတဲ့ အစားအစာများကို (၁) အင်
အားဖြစ်စေတဲ့အစာအုပ်စု၊ (၂)ကိုယ်ခန္ဓာ
ကြီးထွားစေတဲ့အစာအုပ်စုနှင့် (၃) ရောဂါ
ကာကွယ်ပေးတဲ့အစာအုပ်စု ဆိုပြီး (၃)စု
ခွဲနိုင်ပါတယ်။
အင်အားဖြစ်စေတဲ့အစာအုပ်စုမှာ
(က) ကာဗိုဟိုက်ဒရိတ် အာဟာရဓာတ်
ကြွယ်ဝတဲ့ သစ်ဥ၊ သစ်ဖုများ၊ အချိုများနှင့်
(ခ) အဆီဓာတ် ကြွယ်ဝတဲ့ဟင်းချက်ဆီ၊
တိရစ္ဆာန်ထွက်အဆီ (မလိုင်၊ ထောပတ် စသည်)တွေ
ပါဝင်ပါတယ်။ကိုယ်ခန္ဓာ
ကြီးထွားစေတဲ့(ကိုယ်ခန္ဓာတည်
ဆောက်ပြုပြင်ရာမှာ အသုံးကျတဲ့) အစာ
အုပ်စုမှာ ပရိုတင်း<ကယ်ဝတဲ့အသား၊ ငါး၊
နို့၊ ဥ စတဲ့ တိရစ္ဆာန်ထွက်အစာများနှင့်
ပဲအမျိုးမျိုး ပါဝင်ပါတယ်။
ရောဂါကာကွယ်ပေးတဲ့(ကျန်းမာ
စေတဲ့) အစာအုပ်စုမှာ ဗီတာမင်နှင့်သတ္တု
အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ဟင်းသီး
ဟင်းရွက်များနှင့် သစ်သီးဝလံများ ပါဝင်
ပါတယ်။
မြန်မာတို့၏ ပင်တိုင်အစာ ဆန် (ထမင်း)
------------------------------------------
ထမင်းဟာ အလွန်အာဟာရ ကြွယ်
ဝပါတယ်။ ဆန်မှာ ကာဗိုဟိုက်ဒရိတ်
(၇၅-၈၀%) လောက် ပါဝင်တဲ့အတွက်
အင်အားထုတ်လုပ်ပေးနိုင်တဲ့ အစာအ
မျိုးအစား ဖြစ်တဲ့အပြင် ပရိုတင်းလည်း
၇-၈% ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာ ကြီး
ထွားစေတဲ့ အစာမျိုးလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဆန်စားသုံးမှု အများဆုံး လူ
မျိုး ဖြစ်တဲ့ မြန်မာတွေဟာ နေ့စဉ်စားသုံး
တဲ့ ပရိုတင်း တစ်ဝက်ခန့်ကို ထမင်းမှ
ရရှိနေခြင်း ဖြစ် ပါတယ်။
ဆန်မှ ဗီတာမင်ဘီဝမ်း (Vitamin
B1)၊ ဗီတာမင်ဘီတူး (Vitamin B2)၊
နိုင်ယာစင် (Niacin) စတဲ့ ဗီတာမင်များ
လည်း ရရှိနိုင်ပါတယ်။ ဆန်ကိုကြိတ်ခွဲစဉ်
အဆိုပါဗီတာမင်များ အချို့တစ်ဝက် ဆုံး
ရှုံးသွားပါတယ်။ မြန်မာတို့ဟာ ဆန်ကို
ဆွတ်ဆွတ်ဖြူမှ ကြိုက်ကြပါတယ်။ ဆန်
ဟာ ဖြူအောင်ကြိတ်ခွဲလေ၊ ဗီတာမင်တွေ
ဆုံးရှုံးမှုများလေဖြစ်ပါတယ်။ ဆန်ကိုရေ
နှင့်ဆေးတဲ့အခါမှာလည်း ဗီတာမင်များ
ဆုံးရှုံးရပြန်ပါတယ်။ ရေနှင့် များများ ဆေး
လေ၊ ဗီတာမင်တွေ ဆုံးရှုံးမှုများလေ ဖြစ်
ပါတယ်။ ထမင်းချက်တဲ့အခါ သမားရိုးကျ
နည်းအတိုင်း ထမင်းရည်ငှဲ့ပစ်ခြင်းကြောင့်
လည်း ဗီတာမင်များ ဆုံးရှုံးရပြန်ပါတယ်။
ဆန်ဖြူကိုကြိုက်ပြီး ထမင်းရည်ငှဲ့ချက်
တတ်တဲ့ မြန်မာများဟာ ဗီတာမင်ဘီဝမ်း
ချို့တဲ့မှုရောဂါကို ခံစားကြရပါတယ်။ အ
ထူးသဖြင့် အစားရှောင်လွန်းတဲ့ ကိုယ်ဝန်
ဆောင်နှင့်နို့တိုက်မိခင်များ၊ သူတို့ရဲ့နို့ကို
စို့ရတဲ့နို့စို့ကလေးများမှာဖြစ်တတ်ပါတယ်။
ဗီတာမင်ဘီဝမ်း ချို့တဲ့မှုဟာ လူကြီး
တွေမှာထုံနာခြောက်ခေါ် (Dry Beriberi) ရောဂါ၊
ထုံနာစိုခေါ် (Wet Beriberi) ရော
ဂါ၊ ဦးနှောက်ကိုထိခိုက်တဲ့ ရောဂါများ
အဖြစ် လည်း ကောင်း၊ နို့စို့ကလေးတွေမှာ
သူငယ်နာ ဘယ်ရီဘယ်ရီ (Infantile
Beriberi) အဖြစ်လည်းကောင်း တွေ့ရပါ
တယ်။ ထုံနာခြောက်ရောဂါမှာ ခြေလက်
များ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများ
အားနည်းပြီး လမ်းမလျှောက် နိုင်ခြင်းစတဲ့
လက္ခဏာများ ထင်ရှားပါတယ်။ ထုံနာစို
ရောဂါမှာဖောရောင်ခြင်း၊မောခြင်း လက္ခဏာများရှိပြီး
နှလုံးလုပ်ငန်း ပျက်ခြင်း
(Heart Failure) ကြောင့် အသက်သေ
ဆုံးနိုင်ပါတယ်။ သူငယ်နာ ဘယ်ရီဘယ်ရီ
ရောဂါမှာ လသားအရွယ် နို့စို့ကလေး
ဟာ မောကြပ်တဲ့ လက္ခဏာများဖြစ်ပေါ်
ပြီး(Heart Failure)ကြောင့် ရုတ်တရက်
အသက်သေဆုံးသွားတတ်ပါတယ်။
အခြားနိုင်ငံများမှာအရက်စွဲနေသူတွေက
လွဲပြီး ခံစားရသူ မရှိတော့တဲ့ ဗီတာမင်
ဘီဝမ်းချို့တဲ့မှုရောဂါကာကွယ်ရေးအ
တွက် မြန်မာတို့အနေနှင့် -
• (၁) ဖြူလွန်းအောင် ကြိတ်ခွဲထားတဲ့
ဆန်အစား လျှော့ကြိတ်ထားတဲ့ဆန်မျိုး
စားသုံးတဲ့ဓလေ့ ထူထောင်သင့် ပါတယ်။
• (၂) ထမင်းကို ရေခန်း ချက်စားတဲ့ဓလေ့
ထူထောင်သင့်ပါတယ်။
• (၃) ယခုအခါ ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့
ပေါင်းဆန်(Parboiled Rice= ယခင်
အခေါ် ပြုတ်ဆန်)ကိုမြန်မာနိုင်ငံမှာ ထုတ်
လုပ်နေပြီဖြစ်တဲ့အတွက်ပြည်သူများ
အနေနှင့် ရိုးရိုးဆန်ဖြူအစား ပေါင်းဆန်
စားသုံးတဲ့ဓလေ့ထူထောင်သင့်ပြီဆိုတာ
အကြံပြုလိုပါတယ်။ ပေါင်းဆန်စားခြင်း
ဖြင့် ရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုး
ကျေးဇူးများကို မလေးရှား၊ စင်ကာပူ စတဲ့
နိုင်ငံသားများ၏ ဆန်စားသုံးမှု သမိုင်းမှာ
ထင်ရှားတဲ့ အထောက်အထားများတွေ့
ခဲ့ပြီး ဖြစ်ပါတယ်။ ပေါင်းဆန်ဟာ ဆန်ဖြူ
လောက် မဖြူတာကလွဲရင် အကျိုးအကြေ
နည်းခြင်း၊ ကြာကြာအထားခံခြင်း၊ ပိုး
မထိုးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ
လည်းရနိုင်ပါတယ်။ ဆန်နို့ဆီဘူး တစ်လုံး
ချက်ချင်းတူလျှင် ပေါင်းဆန်က ရိုးရိုးဆန်
ဖြူထက်ထမင်းပိုရတယ်(အိုးတက်တယ်)
လို့လည်း သိရပါတယ်။
နေ့စဉ် စားသုံးသင့်သည့်
အစားအစာအမျိုးမျိုး၏ ပမာဏ
--------------------------------
လူတို့ နေ့စဉ်စားသုံးသင့်တဲ့အစား
အစာအမျိုးမျိုး၏ ပမာဏကို အောက်
ခြေကျယ်ပြီး၊ အပေါ်သို့ ရှူးသွားတဲ့ပိရမစ်(Pyrimid) သဏ္ဌာန် သရုပ်ဖော်လေ့ရှိ
ရာမှာ အများဆုံး စားသုံးသင့်တဲ့အတွက်
အောက် ခြေမှာ ဖော်ပြခံရတဲ့အစာများမှာ
ဆန်၊ ဂျုံစတဲ့ ကောက်နှံများ (ထမင်း၊
ပေါင်မုန့်၊ ချပါတီ စသည်တို့) ဖြစ်ပါ တယ်။
ထိုအချက်ဟာ မြန်မာတို့နေ့စဉ် အစာစား
သုံးတဲ့ဓလေ့နှင့် ကိုက်ညီပါတယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ
------------------------------------
ဒုတိယအများဆုံး စားသုံးသင့်တဲ့
အစာတွေက ဟင်းသီးဟင်းရွက်နှင့် သစ်
သီးဝလံများ ဖြစ်ပါတယ်။ မြန်မာတို့ဟာ
ဟင်းသီးဟင်းရွက် စားသုံးမှု မနည်းပေ
မယ့် သစ်သီးဝလံ စားသုံး မှု နည်းနေသေး
သည်လို့ ယူဆပါတယ်။ သရက်သီး၊
ဒူးရင်းသီးစတဲ့ ရာသီပေါ် အသီးအနှံများ
ကို စားသုံးကြပေမယ့် ပန်းသီးစတဲ့ အသီး
များကို လူနာများ၊ နာလန်ထပုဂ္ဂိုလ်များကို
သာ ဦးစားပေးပြီးကျွေးကြပါတယ်။ ဟင်း
သီးဟင်းရွက်၊ သစ်သီးဝလံများကို အမျိုး
စုံအောင် စားလေ၊ အကျိုးများလေ ဖြစ်ပါ
တယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ
များမှ ဗီတာမင်နှင့်သတ္တုအာဟာရဓာတ်
များ ရရှိနိုင်တဲ့အတွက် ကျန်းမာပြီး ရောဂါ
ကင်းခြင်း၊ အင်တီအောက်စိဒင့်(Anti Oxidant)အာနိသင်ရှိတဲ့ အာဟာရနှင့်
အခြားဓာတ်ပစ္စည်းများ ရရှိနိုင်တဲ့အတွက်
နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်တဲ့ အ
လားအလာ နည်းခြင်း၊ အစာမျှင် (Fibre)
ဓာတ်ရရှိနိုင်တဲ့အတွက်ဝမ်းမှန်ခြင်း၊
သွေးအတွင်း ခိုလက်စထရော(Cholesterol)မတက်အောင်ထိန်းနိုင်ခြင်း၊ အူမကြီး
ကင်ဆာ စတဲ့ ကင်ဆာရောဂါများဖြစ်နိုင်
တဲ့အလားအလာ နည်းခြင်း၊ အရိုးများ ကြံ့ခိုင်ကျန်းမာပြီး အသက်ကြီးလာတဲ့အ
ခါအရိုးပါး၊အရိုးပွရောဂါ(Osteoporosis)
ဖြစ်ပွားနိုင်တဲ့အလားအလာလျော့ပါးခြင်း
စတဲ့အကျိုးကျေးဇူးများ ရနိုင်ပါတယ်။
အသား၊ ငါး၊ နို့၊ ဥ နှင့် ပဲအမျိုးမျိုး
--------------------------------
တတိယအများဆုံး စားသုံးသင့်တဲ့
အစားအစာများမှာ ပရိုတင်းကြွယ်ဝတဲ့
အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် နို့၊ နို့ထွက်
အစာများဖြစ်ပါတယ်။ မြန်မာတို့ဟာ ပဲ
အမျိုးမျိုးကိုနှစ်ခြိုက်စွာစားသုံးလေ့ရှိခြင်း၊
အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ထမင်းကို
များများစားတတ်တဲ့အလေ့အထ ရှိခြင်း
တို့ကြောင့် ထိုနှစ်မျိုး (ပဲနှင့်ဆန်) မှပင်
ပရိုတင်းအာဟာရကို အတန်အသင့် များ
များစားစားရရှိနိုင်ပါတယ်။ ဒါပေမယ့် နို့
နှင့်နို့ထွက် အစားအစာများကို စားသုံးတဲ့
အကျင့် မထွန်းကားခြင်းဟာ မြန်မာတို့ရဲ့
အစာစားသုံးမှုဓလေ့မှာ အားနည်း နေတဲ့
အချက်လို့ ယူဆပါတယ်။ နို့ဟာ အရည်
အသွေးကောင်းတဲ့ ပရိုတင်းများ<ကယ်ဝ
တဲ့ အစာတစ်မျိုးဖြစ်တဲ့အပြင် ထုံးဓာတ်
ခေါ် ကယ်လစီယမ်(Calcium) လည်း
<ကယ်ဝပါတယ်။ ကယ်လစီယမ်ဟာ အ
ရိုးများကြံ့ခိုင်ကျန်းမာရေးအတွက် အရေး
ကြီးတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါ
တယ်။ နို့မှာပါဝင်တဲ့ ကယ်လစီယမ်ကို
အခြားအစာများမှ ကယ်လစီယမ်ထက်
လူ၏အူအတွင်း ပို၍လွယ်ကူစွာ စုပ်ယူ
အသုံးပြုနိုင်ခြင်းက နို့နှင့်နို့ ထွက် အစာ
များရဲ့ အားသာချက် ဖြစ်ပါတယ်။ အဆီပါ
တဲ့နို့ကို စားသုံးခြင်းဖြင့် သွေးအတွင်း
ခိုလက်စထရော (Cholesterol)များပြီး
နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်တဲ့
အလားအလာ များမှာကို စိုးရိမ်သူများအ
နေနှင့် အဆီ နှုတ်၊ လျှော့ (မလိုင်ထုတ်)
ထားတဲ့ နို့နှင့်နို့ထွက် အစာများကို စားသုံး
နိုင်ပါတယ်။
အဆီနှင့်ဆီအမျိုးမျိုးကို
ဘာကြောင့် စားသင့်ပါသလဲ
-----------------------------
• (က)ကယ်လိုရီ(အင်အား) အပြည့်အ၀ ရရှိနိုင်ရန်-
အဆီနှင့်ဆီအမျိုးမျိုးဟာ ပမာဏ
အားဖြင့် သင့်တင့်အောင် ချင့်ချိန်စားသုံး
ရမည့် အစာမျိုးဖြစ်ပါတယ်။ ဆီ၊ အဆီကို
လုံးဝမစားဘဲ နေလို့မရပါဘူး။ ဆီ၊ အဆီ
အလုံအလောက်မစားလျှင်ကယ်လိုရီ အ
ပြည့်အ၀မရခြင်းကြောင့် အာဟာရချို့တဲ့
မှာဖြစ်ပါတယ်။ ကလေးများ ပုညှက်ခြင်း၊
လူကြီးများ ပိန်လှီခြင်းဟာ ကယ်လိုရီ အ
လုံအလောက် မစားသုံးနိုင်ခြင်းကြောင့်
ဖြစ်ပါတယ်။ ဆီ၊ အဆီကို လိုတာထက် ပို
စားလျှင်ကယ်လိုရီရရှိမှုများလွန်းပြီး အ
ဝလွန်လာပါလိမ့်မယ်။ရောဂါထူပါမယ်။
ဒါကြောင့် အာဟာရပြည့်ဝ မျှတလိုသူ
တိုင်း ဆီကို နေ့စဉ် သင့်တင့်စွာ စားသုံး
ရပါမယ်။
လူတစ်ယောက်ဟာ ဘာမျှမလုပ်
ဘဲ ထိုင်နေစဉ်မှာပင် အသက်ရှူခြင်း၊
နှလုံးခုန်ခြင်း၊ စဉ်းစားခြင်း စတာတွေအ
တွက် အင်အား (ကယ်လိုရီ) ကို အသုံးပြု
နေရပါတယ်။ အလုပ်လုပ်ဖို့၊ သွားလာ
လှုပ်ရှားဖို့လည်း အင်အားကို အသုံးပြုရပါ
တယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်
ခန်းပြုလုပ်ဖို့လည်း အင်အားကို အသုံးပြု
ရပါတယ်။ အားကစားပြုလုပ်တယ်ဆိုရင်
အင်အားကို အများအပြား အသုံးပြုရပါ
တယ်။ ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်နှင့်
ပရိုတင်းတစ်ဂရမ်စီမှ အင်အား ၄-ကီလို
ကယ်လိုရီသာ ရနိုင်ပါတယ်။ ဆီ (အဆီ)
တစ်ဂရမ်မှ အင်အား ၉-ကီလိုကယ်လိုရီ
(နှစ်ဆခန့်) ထိ ရနိုင်ပါတယ်။ အဆီက
ပိုပြီး အင်အားသိပ်သည်းတယ်လို့ ဆိုလို
ပါတယ်။ ဒါကြောင့် ဆီမစားဘဲ နေ့စဉ်
လိုအပ်တဲ့ ကယ်လိုရီ အပြည့် ရရှိဖို့မလွယ်
ပါဘူး။
• (ခ) အစားအစာမှ ဗီတာမင်များကို စုပ်ယူအသုံးပြုနိုင်ရန် -
အစားအစာများထဲမှ ဗီတာမင် အေ
(Vitamin A)၊ ဗီတာမင် ဒီ (Vitamin D)၊
ဗီတာမင်အီး(Vitamin E) နှင့် ဗီတာမင်
ကေ (Vitamin K) တို့ကို ဆီရှိမှသာ အူ
ထဲမှာ စုပ်ယူ အသုံးပြုနိုင်ပါတယ်။ ဆီ
မစားလျှင် အဆိုပါ ဗီတာမင်များ ချို့တဲ့ပြီး
ရောဂါအမျိုးမျိုး ရနိုင်ပါတယ်။
• (ဂ) ဖက်တီးအက်ဆစ်( Fatty Acid)များ ရရှိရန်
ခန္ဓာကိုယ်ဆဲလ်(Cell-ရုပ်ကလာပ်စည်း)
အသစ်များ တည်ဆောက်ရာမှာFatty Acid (အဆီအက်စစ်) များကို
မရှိမဖြစ်လိုအပ်ပါတယ်။Fatty Acid အ
ချို့ကိုခန္ဓာကိုယ်အတွင်းမှာတည်ဆောက်
နိုင်ပါတယ်။ Fatty Acid အချို့ကိုတော့
ခန္ဓာကိုယ်အတွင်းမှာ မတည်ဆောက်နိုင်
တဲ့အတွက် အစားအစာမှ မဖြစ်မနေ ရ
အောင် စားသုံးရပါတယ်။
ယင်းတို့ကိုEssential Fatty Acids လို့ ခေါ်ပါတယ်။
Essential Fatty Acids များ ရရှိနိုင်ဖို့ဆီ
ကို နေ့စဉ် စားသုံးရပါမယ်။
• (ဃ) အရသာရှိရေး၊ အာသာ ပြေရေး -
ဆီက အစားအစာကို ပိုပြီး အရသာ
ရှိစေပါတယ်။ စားတဲ့အစာမှာ ဆီပါလျှင်
လျင်မြန်စွာ အာသာပြေပါတယ်။
အဆီနှင့်ဆီအမျိုးမျိုးကို ဘယ်လောက် စားသင့်ပါသလဲ
-------------------------------------------------------
အရွယ်ရောက်ပြီးသူတစ်ယောက်
ဟာ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီ စုစု
ပေါင်းရဲ့ ၂၀%-၃၀% ကို ဆီ၊ အဆီမှ ရ
အောင် စားသုံးသင့်ပါတယ်။ ထိုသူတွေဟာ
အသက်ရှည်ပြီးရောဂါနည်းကြပါတယ်။
ဆီမှရတဲ့ ကယ်လိုရီဟာ စုစုပေါင်းစား
သုံးတဲ့ ကယ်လိုရီပမာဏရဲ့ ၂၀%ထက်
နည်းရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လို
ရီပြည့်ဖို့မလွယ်ပါဘူး။ ၃၀% ထက် ကျော်
သွားရင်လည်း အ၀လွန်ပြီး ရောဂါထူနိုင်
ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ဟာ ကိုယ်ဝန်မရှိမီကထက် တစ်နေ့လျှင်
ကယ်လိုရီ ၃၀၀-ခန့် ပိုပြီး စားသင့်ပါ
တယ်။ နို့တိုက်မိခင်များဟာ တစ်နေ့မှာ
ကယ်လိုရီ၄၀၀-ခန့်ပိုပြီးစားသင့်ပါတယ်။
ကယ်လိုရီ၃၀၀-ရဖို့ထမင်းတစ်ပန်းကန်
ပိုစားရပါမယ်။ ထမင်း ပန်းကန်တစ်ဝက်
နှင့် ဆီ ၁၆-ဂရမ် (၁-ကျပ်သား ခန့်)
စားရင်လည်း ကယ်လိုရီ ၃၀၀-ခန့်ရရှိ
နိုင်ပါတယ်။ ထမင်း များများမစားနိုင်လျှင်
ဆီနည်းနည်း ပိုစားသင့်တယ်လို့ ပြောလို
ခြင်းဖြစ်ပါတယ်။
အသက်၆-လမှ ၃-နှစ်ထိ ကလေး
များဟာ ကယ်လိုရီ စုစုပေါင်းရဲ့ ၃၅% မှ
၄၀% ကို ဆီ၊ အဆီမှ ရအောင် စားသုံးမှ
သာ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာ
ကြပါတယ်။ အစာများများ မစားနိုင်သေး
တဲ့ အရွယ်မို့ ဆီကရတဲ့ ကယ်လိုရီအ
ချိုးအဆဟာ လူကြီးတွေထက် များရခြင်း
ဖြစ်ပါတယ်။
အသက် ၆-လထိ မိခင်နို့တစ်မျိုး
တည်းစို့တဲ့ကလေးများဟာ ကျန်းမာပြီး
ပုံမှန် ကြီးထွားဖွံ့ဖြိုးကြပါတယ်။ မိခင်နို့
မှရတဲ့ကယ်လိုရီ စုစုပေါင်းရဲ့ ၅၀% ကျော်
ဟာ မိခင်နို့ထဲရှိ အဆီဓာတ်မှ ရရှိခြင်းဖြစ်
ပါတယ်။ လူတစ်ယောက်တစ်နေ့တာစား
သုံးနိုင်တဲ့ ဟင်းချက်ဆီပမာဏဟာ ၂
ကျပ်သားခန့်ဖြစ်ပါတယ်။ လူ ၅ယောက်
ရှိတဲ့ မိသားစုတစ်စုမှာ တစ်လလျှင် ဆီ ၃
ပိဿာသုံးတယ်ဆိုရင်သင့်တင့်ပါတယ်။
နေ့စဉ် တိရစ္ဆာန်အဆီမှရတဲ့ ကယ်
လိုရီဟာ ၁၈၀ ကီလို ကယ်လိုရီထက်
မပိုသင့်ပါဘူး။
ဆီဝယ်ရာတွင်
--------------
ဆီဝယ်တဲ့အခါ အနံ့ကောင်း၊ မ
ကောင်း နမ်းကြည့်ဖို့ အရေးကြီးပါတယ်။
ဆီချေးစော်နံခြင်းဟာဓာတ်ပျက် (Oxidized) ဖြစ် နေခြင်းဖြစ်ပါတယ်။ ဟင်းသီး
ဟင်းရွက်ဆီများဟာ လေသလပ်လျှင်
ဓာတ်ပျက်ပါတယ်။ နေရောင် ထိုးလျှင်
လည်း ဓာတ်ပျက်ပါတယ်။ မစားသုံးဘဲ
ကြာကြာထားလျှင်လည်း ဓာတ်ပျက်ပါ
တယ်။ ဟင်းချက်ဆီဝယ်ရင် ပုံးကြီးကြီး
နှင့်ဝယ်ပြီး အချိန်ကြာမြင့်စွာ ထား၍မစား
သင့်ပါ။ နေရောင် မဖောက်ထွင်းနိုင်တဲ့ပုံး
(Container) ထဲမှာ ထည့်ထားသင့်ပါ
တယ်။ ဆီပုံးကို အေးပြီး နေရောင်မထိုးတဲ့
နေရာမျိုးမှာ သိမ်းထားသင့် ပါတယ်။
ဆီကို အသုံးပြုခြင်း
-------------------
ဆီကို အငွေ့ထွက်အောင် ကြော်ရင်
ဆီငွေ့မှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်များ
(ဥပမာ- Polycyclic Aromatic Hydro-
carbons - PAH, Acrilamide) ဖြစ်ပေါ်
လာပါတယ်။ အကြိမ်ကြိမ် ပြန်သုံး (ပြန်
ကြော်) ထားတဲ့ ဆီထဲမှာ ကျန်းမာရေးကို
ထိခိုက်စေတဲ့ ဓာတ်ပစ္စည်း
(Polar Compounds, Polymers) များ ပါဝင်နေပါ
တယ်။ အသွင်ပြောင်းဆီTrans Fatty Acids များ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကြော်
ပြီးသား ဆီကို အကြိမ်ကြိမ် ပြန်သုံးခြင်း
ဖြင့် သွေးတိုးရောဂါ၊ အဆစ် ရောင်ရောဂါ၊
နှလုံးသွေးကြော ရောဂါ၊ ကင်ဆာရောဂါ
(အစာအိမ်၊ ရင်သား၊ ဆီးအိမ်ကင်ဆာ)များ
ဖြစ်နိုင်ပါတယ်။ အသား၊ ငါးတို့ကို
ဆီကျန်၊ရေကျန်ချက်စားခြင်းဟာ
ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။
အသားကို ကင်ရာမှ ထွက်သော ဆီများ
---------------------------------------
အသားတွေကို ကင်လိုက်တဲ့အခါ
အဆီများ အပြင်ကို ထွက်လာပါတယ်။
ထွက်လာတဲ့ အဆီတွေဟာ မီးဖိုပေါ်သို့
ကျနိုင်ပါတယ်။ ကျသွားတဲ့ အဆီတွေ
မီးလောင်ပြီး ထွက်လာတဲ့ ဆီငွေ့များက
အပေါ်တက်ပြီး အသားကို ပြန်ရိုက်တဲ့
အခါ အသားများတူးခြစ်သွားနိုင်ပါတယ်။
ဆီငွေ့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်
ပစ္စည်း Polycyclic Aromatic Hydrocarbon- PAH
များပါဝင်နေပါတယ်။ ဆီ
ငွေ့ကြောင့် တူးခြစ်နေတဲ့အသားကို စား
လျှင် ကင်ဆာဖြစ်နိုင်တဲ့ အလားအလာ
များပါတယ်။ ဒါကြောင့် အသားကင်တဲ့
အခါ မျက်စိဖြင့်မြင်နိုင်တဲ့ အသားမှာ ကပ်
နေတဲ့အဆီများကို တတ်နိုင်သမျှ ဖယ်ပစ်
သင့်ပါတယ်။ မီးဖိုပေါ်သို့ ဆီများမကျ
အောင် ဂရုစိုက်သင့်ပါတယ်။ မီးဖိုပေါ်ကျ
သွားတဲ့ဆီမှ အငွေ့များထွက်လာလျှင်
ချက်ချင်း ငြှိမ်းသတ်ပစ်သင့်ပါတယ်။
မြန်မာတွေ ဆင်ခြင်ပြီး လျှော့စား
သင့်တဲ့အစာ၊ ပိုစားသင့်တဲ့ အစာတွေကို
အကျဉ်းချုပ် တင်ပြပါမယ်။
မြန်မာတို့ လျှော့၍စားသင့်သော
အစာနှင့်အာဟာရဓာတ်များ
--------------------------------
ငါးပိရည်ဟာ ရိုးရာမြန်မာ့ထမင်း
ဝိုင်းမှာ မပါလျှင် မဖြစ်တဲ့အစာမျိုး ဖြစ်နေ
ပါတယ်။ မြန်မာတွေဟာ ငါးပိကောင်၊
ငါးပိချက်၊ ငါးခြောက်၊ ပုစွန်ငါးပိ စတဲ့
အရသာငန်တဲ့အစာများကိုလည်း အလွန်
နှစ်ခြိုက်ကြပါတယ်။ အငန်(ဆိုဒီယမ်)
စားသုံးမှုနှင့် သွေးတိုးရောဂါတို့ရဲ့ ဆက်
နွှယ်ပုံကို အထောက်အထားများ ပို၍ပို၍
တွေ့ နေရပါတာကြောင့် သွေးတိုးရောဂါ
ဖြစ်မှ အငန်ရှောင်တာထက် နေ့စဉ်စား
သုံးတဲ့ အစားအစာများမှာ အငန်လျှော့တဲ့
အလေ့အထကို ထူထောင်သင့်ပါတယ်။ ထမင်းစားပွဲပေါ်မှာ ဆားပုလင်းတင်ထား
တဲ့ အလေ့အကျင့်မျိုးကို ရှောင်သင့်ပါ
တယ်။ အထူးသဖြင့် မိဘ၊ ညီအစ်ကို၊
မောင်နှမ၊ ဆွေမျိုးတွေထဲမှာ သွေးတိုး
ရောဂါ ဝေဒနာခံစားနေရသူများရှိပါက
ပိုပြီး ဆင်ခြင်သင့်ပါတယ်။
ချိုလွန်းတဲ့ အစာများရှောင်သင့်ပါ
တယ်။ ဖြူလွန်းအောင် ကြိတ်ခွဲထားတဲ့
ဆန်ကို လျှော့ပြီး၊ ပေါင်းဆန်၊ လျှော့
ကြိတ်ဆန်တို့ကို အစားထိုး စားသုံးသင့်ပါ
တယ်။
အမဲဆီ၊ ၀က်ဆီ၊ ထောပတ် စတဲ့
တိရစ္ဆာန်ထွက် အဆီများကို လျှော့ပြီး
ယင်းတို့ရဲ့နေရာမှာ အပင် ထွက်ဆီများကို
အစားထိုး စားသုံးသင့်ပါတယ်။ အပင်
ထွက်ဆီပင်ဖြစ်စေကာမူ အကြိမ်ကြိမ်
ပြန်ပြီးသုံးနေတဲ့ ဆီနှင့်ကြော်ထားတဲ့ ဆီ
ကြော်မုန့်များကိုလည်း တတ်နိုင်သမျှ
လျှော့စားသင့်ပါတယ်။
မြန်မာတို့ပို၍စားသင့်သော အစာနှင့်အာဟာရဓာတ်များ
------------------------------------------------------
မြန်မာတို့ ပိုပြီးစားသင့်တဲ့အစာနှင့်
အာဟာရဓာတ်တွေကတော့ ဟင်းသီး
ဟင်းရွက်နှင့် သစ်သီးဝလံများ၊ လျှော့
ကြိတ်ဆန်၊ ပေါင်းဆန်၊ အဆီလျှော့ထား
တဲ့နို့နှင့်နို့ထွက်အစာများဖြစ်ပါတယ်။
• ဒေါက်တာ လှကြည်
အာဟာရနှင့် ကျန်းမာရေး
------------------------------
မြန်မာတို့ဟာ ထမင်းကို ပင်တိုင်
အစာအဖြစ်နေ့စဉ်စားကြပြီး တန်ဖိုးလည်း
အလွန်ထားကြပါတယ်။ ထမင်းအသက်
၇-ရက်လို့ပင် ပြောတတ်ကြပါတယ်။
မိတ်ဆွေအချင်းချင်းတွေ့တဲ့အခါ ]ထမင်း
စားပြီးပြီလား}ဆိုတဲ့စကားနဲ့နှုတ်ဆက်
လေ့ရှိပါတယ်။ ထမင်းနှင့်အတူတွဲဖက်
စားသုံးတဲ့ အစားအစာများကို (၁) အင်
အားဖြစ်စေတဲ့အစာအုပ်စု၊ (၂)ကိုယ်ခန္ဓာ
ကြီးထွားစေတဲ့အစာအုပ်စုနှင့် (၃) ရောဂါ
ကာကွယ်ပေးတဲ့အစာအုပ်စု ဆိုပြီး (၃)စု
ခွဲနိုင်ပါတယ်။
အင်အားဖြစ်စေတဲ့အစာအုပ်စုမှာ
(က) ကာဗိုဟိုက်ဒရိတ် အာဟာရဓာတ်
ကြွယ်ဝတဲ့ သစ်ဥ၊ သစ်ဖုများ၊ အချိုများနှင့်
(ခ) အဆီဓာတ် ကြွယ်ဝတဲ့ဟင်းချက်ဆီ၊
တိရစ္ဆာန်ထွက်အဆီ (မလိုင်၊ ထောပတ် စသည်)တွေ
ပါဝင်ပါတယ်။ကိုယ်ခန္ဓာ
ကြီးထွားစေတဲ့(ကိုယ်ခန္ဓာတည်
ဆောက်ပြုပြင်ရာမှာ အသုံးကျတဲ့) အစာ
အုပ်စုမှာ ပရိုတင်း<ကယ်ဝတဲ့အသား၊ ငါး၊
နို့၊ ဥ စတဲ့ တိရစ္ဆာန်ထွက်အစာများနှင့်
ပဲအမျိုးမျိုး ပါဝင်ပါတယ်။
ရောဂါကာကွယ်ပေးတဲ့(ကျန်းမာ
စေတဲ့) အစာအုပ်စုမှာ ဗီတာမင်နှင့်သတ္တု
အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ဟင်းသီး
ဟင်းရွက်များနှင့် သစ်သီးဝလံများ ပါဝင်
ပါတယ်။
မြန်မာတို့၏ ပင်တိုင်အစာ ဆန် (ထမင်း)
------------------------------------------
ထမင်းဟာ အလွန်အာဟာရ ကြွယ်
ဝပါတယ်။ ဆန်မှာ ကာဗိုဟိုက်ဒရိတ်
(၇၅-၈၀%) လောက် ပါဝင်တဲ့အတွက်
အင်အားထုတ်လုပ်ပေးနိုင်တဲ့ အစာအ
မျိုးအစား ဖြစ်တဲ့အပြင် ပရိုတင်းလည်း
၇-၈% ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာ ကြီး
ထွားစေတဲ့ အစာမျိုးလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဆန်စားသုံးမှု အများဆုံး လူ
မျိုး ဖြစ်တဲ့ မြန်မာတွေဟာ နေ့စဉ်စားသုံး
တဲ့ ပရိုတင်း တစ်ဝက်ခန့်ကို ထမင်းမှ
ရရှိနေခြင်း ဖြစ် ပါတယ်။
ဆန်မှ ဗီတာမင်ဘီဝမ်း (Vitamin
B1)၊ ဗီတာမင်ဘီတူး (Vitamin B2)၊
နိုင်ယာစင် (Niacin) စတဲ့ ဗီတာမင်များ
လည်း ရရှိနိုင်ပါတယ်။ ဆန်ကိုကြိတ်ခွဲစဉ်
အဆိုပါဗီတာမင်များ အချို့တစ်ဝက် ဆုံး
ရှုံးသွားပါတယ်။ မြန်မာတို့ဟာ ဆန်ကို
ဆွတ်ဆွတ်ဖြူမှ ကြိုက်ကြပါတယ်။ ဆန်
ဟာ ဖြူအောင်ကြိတ်ခွဲလေ၊ ဗီတာမင်တွေ
ဆုံးရှုံးမှုများလေဖြစ်ပါတယ်။ ဆန်ကိုရေ
နှင့်ဆေးတဲ့အခါမှာလည်း ဗီတာမင်များ
ဆုံးရှုံးရပြန်ပါတယ်။ ရေနှင့် များများ ဆေး
လေ၊ ဗီတာမင်တွေ ဆုံးရှုံးမှုများလေ ဖြစ်
ပါတယ်။ ထမင်းချက်တဲ့အခါ သမားရိုးကျ
နည်းအတိုင်း ထမင်းရည်ငှဲ့ပစ်ခြင်းကြောင့်
လည်း ဗီတာမင်များ ဆုံးရှုံးရပြန်ပါတယ်။
ဆန်ဖြူကိုကြိုက်ပြီး ထမင်းရည်ငှဲ့ချက်
တတ်တဲ့ မြန်မာများဟာ ဗီတာမင်ဘီဝမ်း
ချို့တဲ့မှုရောဂါကို ခံစားကြရပါတယ်။ အ
ထူးသဖြင့် အစားရှောင်လွန်းတဲ့ ကိုယ်ဝန်
ဆောင်နှင့်နို့တိုက်မိခင်များ၊ သူတို့ရဲ့နို့ကို
စို့ရတဲ့နို့စို့ကလေးများမှာဖြစ်တတ်ပါတယ်။
ဗီတာမင်ဘီဝမ်း ချို့တဲ့မှုဟာ လူကြီး
တွေမှာထုံနာခြောက်ခေါ် (Dry Beriberi) ရောဂါ၊
ထုံနာစိုခေါ် (Wet Beriberi) ရော
ဂါ၊ ဦးနှောက်ကိုထိခိုက်တဲ့ ရောဂါများ
အဖြစ် လည်း ကောင်း၊ နို့စို့ကလေးတွေမှာ
သူငယ်နာ ဘယ်ရီဘယ်ရီ (Infantile
Beriberi) အဖြစ်လည်းကောင်း တွေ့ရပါ
တယ်။ ထုံနာခြောက်ရောဂါမှာ ခြေလက်
များ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများ
အားနည်းပြီး လမ်းမလျှောက် နိုင်ခြင်းစတဲ့
လက္ခဏာများ ထင်ရှားပါတယ်။ ထုံနာစို
ရောဂါမှာဖောရောင်ခြင်း၊မောခြင်း လက္ခဏာများရှိပြီး
နှလုံးလုပ်ငန်း ပျက်ခြင်း
(Heart Failure) ကြောင့် အသက်သေ
ဆုံးနိုင်ပါတယ်။ သူငယ်နာ ဘယ်ရီဘယ်ရီ
ရောဂါမှာ လသားအရွယ် နို့စို့ကလေး
ဟာ မောကြပ်တဲ့ လက္ခဏာများဖြစ်ပေါ်
ပြီး(Heart Failure)ကြောင့် ရုတ်တရက်
အသက်သေဆုံးသွားတတ်ပါတယ်။
အခြားနိုင်ငံများမှာအရက်စွဲနေသူတွေက
လွဲပြီး ခံစားရသူ မရှိတော့တဲ့ ဗီတာမင်
ဘီဝမ်းချို့တဲ့မှုရောဂါကာကွယ်ရေးအ
တွက် မြန်မာတို့အနေနှင့် -
• (၁) ဖြူလွန်းအောင် ကြိတ်ခွဲထားတဲ့
ဆန်အစား လျှော့ကြိတ်ထားတဲ့ဆန်မျိုး
စားသုံးတဲ့ဓလေ့ ထူထောင်သင့် ပါတယ်။
• (၂) ထမင်းကို ရေခန်း ချက်စားတဲ့ဓလေ့
ထူထောင်သင့်ပါတယ်။
• (၃) ယခုအခါ ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့
ပေါင်းဆန်(Parboiled Rice= ယခင်
အခေါ် ပြုတ်ဆန်)ကိုမြန်မာနိုင်ငံမှာ ထုတ်
လုပ်နေပြီဖြစ်တဲ့အတွက်ပြည်သူများ
အနေနှင့် ရိုးရိုးဆန်ဖြူအစား ပေါင်းဆန်
စားသုံးတဲ့ဓလေ့ထူထောင်သင့်ပြီဆိုတာ
အကြံပြုလိုပါတယ်။ ပေါင်းဆန်စားခြင်း
ဖြင့် ရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုး
ကျေးဇူးများကို မလေးရှား၊ စင်ကာပူ စတဲ့
နိုင်ငံသားများ၏ ဆန်စားသုံးမှု သမိုင်းမှာ
ထင်ရှားတဲ့ အထောက်အထားများတွေ့
ခဲ့ပြီး ဖြစ်ပါတယ်။ ပေါင်းဆန်ဟာ ဆန်ဖြူ
လောက် မဖြူတာကလွဲရင် အကျိုးအကြေ
နည်းခြင်း၊ ကြာကြာအထားခံခြင်း၊ ပိုး
မထိုးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ
လည်းရနိုင်ပါတယ်။ ဆန်နို့ဆီဘူး တစ်လုံး
ချက်ချင်းတူလျှင် ပေါင်းဆန်က ရိုးရိုးဆန်
ဖြူထက်ထမင်းပိုရတယ်(အိုးတက်တယ်)
လို့လည်း သိရပါတယ်။
နေ့စဉ် စားသုံးသင့်သည့်
အစားအစာအမျိုးမျိုး၏ ပမာဏ
--------------------------------
လူတို့ နေ့စဉ်စားသုံးသင့်တဲ့အစား
အစာအမျိုးမျိုး၏ ပမာဏကို အောက်
ခြေကျယ်ပြီး၊ အပေါ်သို့ ရှူးသွားတဲ့ပိရမစ်(Pyrimid) သဏ္ဌာန် သရုပ်ဖော်လေ့ရှိ
ရာမှာ အများဆုံး စားသုံးသင့်တဲ့အတွက်
အောက် ခြေမှာ ဖော်ပြခံရတဲ့အစာများမှာ
ဆန်၊ ဂျုံစတဲ့ ကောက်နှံများ (ထမင်း၊
ပေါင်မုန့်၊ ချပါတီ စသည်တို့) ဖြစ်ပါ တယ်။
ထိုအချက်ဟာ မြန်မာတို့နေ့စဉ် အစာစား
သုံးတဲ့ဓလေ့နှင့် ကိုက်ညီပါတယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ
------------------------------------
ဒုတိယအများဆုံး စားသုံးသင့်တဲ့
အစာတွေက ဟင်းသီးဟင်းရွက်နှင့် သစ်
သီးဝလံများ ဖြစ်ပါတယ်။ မြန်မာတို့ဟာ
ဟင်းသီးဟင်းရွက် စားသုံးမှု မနည်းပေ
မယ့် သစ်သီးဝလံ စားသုံး မှု နည်းနေသေး
သည်လို့ ယူဆပါတယ်။ သရက်သီး၊
ဒူးရင်းသီးစတဲ့ ရာသီပေါ် အသီးအနှံများ
ကို စားသုံးကြပေမယ့် ပန်းသီးစတဲ့ အသီး
များကို လူနာများ၊ နာလန်ထပုဂ္ဂိုလ်များကို
သာ ဦးစားပေးပြီးကျွေးကြပါတယ်။ ဟင်း
သီးဟင်းရွက်၊ သစ်သီးဝလံများကို အမျိုး
စုံအောင် စားလေ၊ အကျိုးများလေ ဖြစ်ပါ
တယ်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ
များမှ ဗီတာမင်နှင့်သတ္တုအာဟာရဓာတ်
များ ရရှိနိုင်တဲ့အတွက် ကျန်းမာပြီး ရောဂါ
ကင်းခြင်း၊ အင်တီအောက်စိဒင့်(Anti Oxidant)အာနိသင်ရှိတဲ့ အာဟာရနှင့်
အခြားဓာတ်ပစ္စည်းများ ရရှိနိုင်တဲ့အတွက်
နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်တဲ့ အ
လားအလာ နည်းခြင်း၊ အစာမျှင် (Fibre)
ဓာတ်ရရှိနိုင်တဲ့အတွက်ဝမ်းမှန်ခြင်း၊
သွေးအတွင်း ခိုလက်စထရော(Cholesterol)မတက်အောင်ထိန်းနိုင်ခြင်း၊ အူမကြီး
ကင်ဆာ စတဲ့ ကင်ဆာရောဂါများဖြစ်နိုင်
တဲ့အလားအလာ နည်းခြင်း၊ အရိုးများ ကြံ့ခိုင်ကျန်းမာပြီး အသက်ကြီးလာတဲ့အ
ခါအရိုးပါး၊အရိုးပွရောဂါ(Osteoporosis)
ဖြစ်ပွားနိုင်တဲ့အလားအလာလျော့ပါးခြင်း
စတဲ့အကျိုးကျေးဇူးများ ရနိုင်ပါတယ်။
အသား၊ ငါး၊ နို့၊ ဥ နှင့် ပဲအမျိုးမျိုး
--------------------------------
တတိယအများဆုံး စားသုံးသင့်တဲ့
အစားအစာများမှာ ပရိုတင်းကြွယ်ဝတဲ့
အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် နို့၊ နို့ထွက်
အစာများဖြစ်ပါတယ်။ မြန်မာတို့ဟာ ပဲ
အမျိုးမျိုးကိုနှစ်ခြိုက်စွာစားသုံးလေ့ရှိခြင်း၊
အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ထမင်းကို
များများစားတတ်တဲ့အလေ့အထ ရှိခြင်း
တို့ကြောင့် ထိုနှစ်မျိုး (ပဲနှင့်ဆန်) မှပင်
ပရိုတင်းအာဟာရကို အတန်အသင့် များ
များစားစားရရှိနိုင်ပါတယ်။ ဒါပေမယ့် နို့
နှင့်နို့ထွက် အစားအစာများကို စားသုံးတဲ့
အကျင့် မထွန်းကားခြင်းဟာ မြန်မာတို့ရဲ့
အစာစားသုံးမှုဓလေ့မှာ အားနည်း နေတဲ့
အချက်လို့ ယူဆပါတယ်။ နို့ဟာ အရည်
အသွေးကောင်းတဲ့ ပရိုတင်းများ<ကယ်ဝ
တဲ့ အစာတစ်မျိုးဖြစ်တဲ့အပြင် ထုံးဓာတ်
ခေါ် ကယ်လစီယမ်(Calcium) လည်း
<ကယ်ဝပါတယ်။ ကယ်လစီယမ်ဟာ အ
ရိုးများကြံ့ခိုင်ကျန်းမာရေးအတွက် အရေး
ကြီးတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါ
တယ်။ နို့မှာပါဝင်တဲ့ ကယ်လစီယမ်ကို
အခြားအစာများမှ ကယ်လစီယမ်ထက်
လူ၏အူအတွင်း ပို၍လွယ်ကူစွာ စုပ်ယူ
အသုံးပြုနိုင်ခြင်းက နို့နှင့်နို့ ထွက် အစာ
များရဲ့ အားသာချက် ဖြစ်ပါတယ်။ အဆီပါ
တဲ့နို့ကို စားသုံးခြင်းဖြင့် သွေးအတွင်း
ခိုလက်စထရော (Cholesterol)များပြီး
နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်တဲ့
အလားအလာ များမှာကို စိုးရိမ်သူများအ
နေနှင့် အဆီ နှုတ်၊ လျှော့ (မလိုင်ထုတ်)
ထားတဲ့ နို့နှင့်နို့ထွက် အစာများကို စားသုံး
နိုင်ပါတယ်။
အဆီနှင့်ဆီအမျိုးမျိုးကို
ဘာကြောင့် စားသင့်ပါသလဲ
-----------------------------
• (က)ကယ်လိုရီ(အင်အား) အပြည့်အ၀ ရရှိနိုင်ရန်-
အဆီနှင့်ဆီအမျိုးမျိုးဟာ ပမာဏ
အားဖြင့် သင့်တင့်အောင် ချင့်ချိန်စားသုံး
ရမည့် အစာမျိုးဖြစ်ပါတယ်။ ဆီ၊ အဆီကို
လုံးဝမစားဘဲ နေလို့မရပါဘူး။ ဆီ၊ အဆီ
အလုံအလောက်မစားလျှင်ကယ်လိုရီ အ
ပြည့်အ၀မရခြင်းကြောင့် အာဟာရချို့တဲ့
မှာဖြစ်ပါတယ်။ ကလေးများ ပုညှက်ခြင်း၊
လူကြီးများ ပိန်လှီခြင်းဟာ ကယ်လိုရီ အ
လုံအလောက် မစားသုံးနိုင်ခြင်းကြောင့်
ဖြစ်ပါတယ်။ ဆီ၊ အဆီကို လိုတာထက် ပို
စားလျှင်ကယ်လိုရီရရှိမှုများလွန်းပြီး အ
ဝလွန်လာပါလိမ့်မယ်။ရောဂါထူပါမယ်။
ဒါကြောင့် အာဟာရပြည့်ဝ မျှတလိုသူ
တိုင်း ဆီကို နေ့စဉ် သင့်တင့်စွာ စားသုံး
ရပါမယ်။
လူတစ်ယောက်ဟာ ဘာမျှမလုပ်
ဘဲ ထိုင်နေစဉ်မှာပင် အသက်ရှူခြင်း၊
နှလုံးခုန်ခြင်း၊ စဉ်းစားခြင်း စတာတွေအ
တွက် အင်အား (ကယ်လိုရီ) ကို အသုံးပြု
နေရပါတယ်။ အလုပ်လုပ်ဖို့၊ သွားလာ
လှုပ်ရှားဖို့လည်း အင်အားကို အသုံးပြုရပါ
တယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်
ခန်းပြုလုပ်ဖို့လည်း အင်အားကို အသုံးပြု
ရပါတယ်။ အားကစားပြုလုပ်တယ်ဆိုရင်
အင်အားကို အများအပြား အသုံးပြုရပါ
တယ်။ ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်နှင့်
ပရိုတင်းတစ်ဂရမ်စီမှ အင်အား ၄-ကီလို
ကယ်လိုရီသာ ရနိုင်ပါတယ်။ ဆီ (အဆီ)
တစ်ဂရမ်မှ အင်အား ၉-ကီလိုကယ်လိုရီ
(နှစ်ဆခန့်) ထိ ရနိုင်ပါတယ်။ အဆီက
ပိုပြီး အင်အားသိပ်သည်းတယ်လို့ ဆိုလို
ပါတယ်။ ဒါကြောင့် ဆီမစားဘဲ နေ့စဉ်
လိုအပ်တဲ့ ကယ်လိုရီ အပြည့် ရရှိဖို့မလွယ်
ပါဘူး။
• (ခ) အစားအစာမှ ဗီတာမင်များကို စုပ်ယူအသုံးပြုနိုင်ရန် -
အစားအစာများထဲမှ ဗီတာမင် အေ
(Vitamin A)၊ ဗီတာမင် ဒီ (Vitamin D)၊
ဗီတာမင်အီး(Vitamin E) နှင့် ဗီတာမင်
ကေ (Vitamin K) တို့ကို ဆီရှိမှသာ အူ
ထဲမှာ စုပ်ယူ အသုံးပြုနိုင်ပါတယ်။ ဆီ
မစားလျှင် အဆိုပါ ဗီတာမင်များ ချို့တဲ့ပြီး
ရောဂါအမျိုးမျိုး ရနိုင်ပါတယ်။
• (ဂ) ဖက်တီးအက်ဆစ်( Fatty Acid)များ ရရှိရန်
ခန္ဓာကိုယ်ဆဲလ်(Cell-ရုပ်ကလာပ်စည်း)
အသစ်များ တည်ဆောက်ရာမှာFatty Acid (အဆီအက်စစ်) များကို
မရှိမဖြစ်လိုအပ်ပါတယ်။Fatty Acid အ
ချို့ကိုခန္ဓာကိုယ်အတွင်းမှာတည်ဆောက်
နိုင်ပါတယ်။ Fatty Acid အချို့ကိုတော့
ခန္ဓာကိုယ်အတွင်းမှာ မတည်ဆောက်နိုင်
တဲ့အတွက် အစားအစာမှ မဖြစ်မနေ ရ
အောင် စားသုံးရပါတယ်။
ယင်းတို့ကိုEssential Fatty Acids လို့ ခေါ်ပါတယ်။
Essential Fatty Acids များ ရရှိနိုင်ဖို့ဆီ
ကို နေ့စဉ် စားသုံးရပါမယ်။
• (ဃ) အရသာရှိရေး၊ အာသာ ပြေရေး -
ဆီက အစားအစာကို ပိုပြီး အရသာ
ရှိစေပါတယ်။ စားတဲ့အစာမှာ ဆီပါလျှင်
လျင်မြန်စွာ အာသာပြေပါတယ်။
အဆီနှင့်ဆီအမျိုးမျိုးကို ဘယ်လောက် စားသင့်ပါသလဲ
-------------------------------------------------------
အရွယ်ရောက်ပြီးသူတစ်ယောက်
ဟာ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီ စုစု
ပေါင်းရဲ့ ၂၀%-၃၀% ကို ဆီ၊ အဆီမှ ရ
အောင် စားသုံးသင့်ပါတယ်။ ထိုသူတွေဟာ
အသက်ရှည်ပြီးရောဂါနည်းကြပါတယ်။
ဆီမှရတဲ့ ကယ်လိုရီဟာ စုစုပေါင်းစား
သုံးတဲ့ ကယ်လိုရီပမာဏရဲ့ ၂၀%ထက်
နည်းရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လို
ရီပြည့်ဖို့မလွယ်ပါဘူး။ ၃၀% ထက် ကျော်
သွားရင်လည်း အ၀လွန်ပြီး ရောဂါထူနိုင်
ပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ဟာ ကိုယ်ဝန်မရှိမီကထက် တစ်နေ့လျှင်
ကယ်လိုရီ ၃၀၀-ခန့် ပိုပြီး စားသင့်ပါ
တယ်။ နို့တိုက်မိခင်များဟာ တစ်နေ့မှာ
ကယ်လိုရီ၄၀၀-ခန့်ပိုပြီးစားသင့်ပါတယ်။
ကယ်လိုရီ၃၀၀-ရဖို့ထမင်းတစ်ပန်းကန်
ပိုစားရပါမယ်။ ထမင်း ပန်းကန်တစ်ဝက်
နှင့် ဆီ ၁၆-ဂရမ် (၁-ကျပ်သား ခန့်)
စားရင်လည်း ကယ်လိုရီ ၃၀၀-ခန့်ရရှိ
နိုင်ပါတယ်။ ထမင်း များများမစားနိုင်လျှင်
ဆီနည်းနည်း ပိုစားသင့်တယ်လို့ ပြောလို
ခြင်းဖြစ်ပါတယ်။
အသက်၆-လမှ ၃-နှစ်ထိ ကလေး
များဟာ ကယ်လိုရီ စုစုပေါင်းရဲ့ ၃၅% မှ
၄၀% ကို ဆီ၊ အဆီမှ ရအောင် စားသုံးမှ
သာ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာ
ကြပါတယ်။ အစာများများ မစားနိုင်သေး
တဲ့ အရွယ်မို့ ဆီကရတဲ့ ကယ်လိုရီအ
ချိုးအဆဟာ လူကြီးတွေထက် များရခြင်း
ဖြစ်ပါတယ်။
အသက် ၆-လထိ မိခင်နို့တစ်မျိုး
တည်းစို့တဲ့ကလေးများဟာ ကျန်းမာပြီး
ပုံမှန် ကြီးထွားဖွံ့ဖြိုးကြပါတယ်။ မိခင်နို့
မှရတဲ့ကယ်လိုရီ စုစုပေါင်းရဲ့ ၅၀% ကျော်
ဟာ မိခင်နို့ထဲရှိ အဆီဓာတ်မှ ရရှိခြင်းဖြစ်
ပါတယ်။ လူတစ်ယောက်တစ်နေ့တာစား
သုံးနိုင်တဲ့ ဟင်းချက်ဆီပမာဏဟာ ၂
ကျပ်သားခန့်ဖြစ်ပါတယ်။ လူ ၅ယောက်
ရှိတဲ့ မိသားစုတစ်စုမှာ တစ်လလျှင် ဆီ ၃
ပိဿာသုံးတယ်ဆိုရင်သင့်တင့်ပါတယ်။
နေ့စဉ် တိရစ္ဆာန်အဆီမှရတဲ့ ကယ်
လိုရီဟာ ၁၈၀ ကီလို ကယ်လိုရီထက်
မပိုသင့်ပါဘူး။
ဆီဝယ်ရာတွင်
--------------
ဆီဝယ်တဲ့အခါ အနံ့ကောင်း၊ မ
ကောင်း နမ်းကြည့်ဖို့ အရေးကြီးပါတယ်။
ဆီချေးစော်နံခြင်းဟာဓာတ်ပျက် (Oxidized) ဖြစ် နေခြင်းဖြစ်ပါတယ်။ ဟင်းသီး
ဟင်းရွက်ဆီများဟာ လေသလပ်လျှင်
ဓာတ်ပျက်ပါတယ်။ နေရောင် ထိုးလျှင်
လည်း ဓာတ်ပျက်ပါတယ်။ မစားသုံးဘဲ
ကြာကြာထားလျှင်လည်း ဓာတ်ပျက်ပါ
တယ်။ ဟင်းချက်ဆီဝယ်ရင် ပုံးကြီးကြီး
နှင့်ဝယ်ပြီး အချိန်ကြာမြင့်စွာ ထား၍မစား
သင့်ပါ။ နေရောင် မဖောက်ထွင်းနိုင်တဲ့ပုံး
(Container) ထဲမှာ ထည့်ထားသင့်ပါ
တယ်။ ဆီပုံးကို အေးပြီး နေရောင်မထိုးတဲ့
နေရာမျိုးမှာ သိမ်းထားသင့် ပါတယ်။
ဆီကို အသုံးပြုခြင်း
-------------------
ဆီကို အငွေ့ထွက်အောင် ကြော်ရင်
ဆီငွေ့မှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်များ
(ဥပမာ- Polycyclic Aromatic Hydro-
carbons - PAH, Acrilamide) ဖြစ်ပေါ်
လာပါတယ်။ အကြိမ်ကြိမ် ပြန်သုံး (ပြန်
ကြော်) ထားတဲ့ ဆီထဲမှာ ကျန်းမာရေးကို
ထိခိုက်စေတဲ့ ဓာတ်ပစ္စည်း
(Polar Compounds, Polymers) များ ပါဝင်နေပါ
တယ်။ အသွင်ပြောင်းဆီTrans Fatty Acids များ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကြော်
ပြီးသား ဆီကို အကြိမ်ကြိမ် ပြန်သုံးခြင်း
ဖြင့် သွေးတိုးရောဂါ၊ အဆစ် ရောင်ရောဂါ၊
နှလုံးသွေးကြော ရောဂါ၊ ကင်ဆာရောဂါ
(အစာအိမ်၊ ရင်သား၊ ဆီးအိမ်ကင်ဆာ)များ
ဖြစ်နိုင်ပါတယ်။ အသား၊ ငါးတို့ကို
ဆီကျန်၊ရေကျန်ချက်စားခြင်းဟာ
ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။
အသားကို ကင်ရာမှ ထွက်သော ဆီများ
---------------------------------------
အသားတွေကို ကင်လိုက်တဲ့အခါ
အဆီများ အပြင်ကို ထွက်လာပါတယ်။
ထွက်လာတဲ့ အဆီတွေဟာ မီးဖိုပေါ်သို့
ကျနိုင်ပါတယ်။ ကျသွားတဲ့ အဆီတွေ
မီးလောင်ပြီး ထွက်လာတဲ့ ဆီငွေ့များက
အပေါ်တက်ပြီး အသားကို ပြန်ရိုက်တဲ့
အခါ အသားများတူးခြစ်သွားနိုင်ပါတယ်။
ဆီငွေ့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်
ပစ္စည်း Polycyclic Aromatic Hydrocarbon- PAH
များပါဝင်နေပါတယ်။ ဆီ
ငွေ့ကြောင့် တူးခြစ်နေတဲ့အသားကို စား
လျှင် ကင်ဆာဖြစ်နိုင်တဲ့ အလားအလာ
များပါတယ်။ ဒါကြောင့် အသားကင်တဲ့
အခါ မျက်စိဖြင့်မြင်နိုင်တဲ့ အသားမှာ ကပ်
နေတဲ့အဆီများကို တတ်နိုင်သမျှ ဖယ်ပစ်
သင့်ပါတယ်။ မီးဖိုပေါ်သို့ ဆီများမကျ
အောင် ဂရုစိုက်သင့်ပါတယ်။ မီးဖိုပေါ်ကျ
သွားတဲ့ဆီမှ အငွေ့များထွက်လာလျှင်
ချက်ချင်း ငြှိမ်းသတ်ပစ်သင့်ပါတယ်။
မြန်မာတွေ ဆင်ခြင်ပြီး လျှော့စား
သင့်တဲ့အစာ၊ ပိုစားသင့်တဲ့ အစာတွေကို
အကျဉ်းချုပ် တင်ပြပါမယ်။
မြန်မာတို့ လျှော့၍စားသင့်သော
အစာနှင့်အာဟာရဓာတ်များ
--------------------------------
ငါးပိရည်ဟာ ရိုးရာမြန်မာ့ထမင်း
ဝိုင်းမှာ မပါလျှင် မဖြစ်တဲ့အစာမျိုး ဖြစ်နေ
ပါတယ်။ မြန်မာတွေဟာ ငါးပိကောင်၊
ငါးပိချက်၊ ငါးခြောက်၊ ပုစွန်ငါးပိ စတဲ့
အရသာငန်တဲ့အစာများကိုလည်း အလွန်
နှစ်ခြိုက်ကြပါတယ်။ အငန်(ဆိုဒီယမ်)
စားသုံးမှုနှင့် သွေးတိုးရောဂါတို့ရဲ့ ဆက်
နွှယ်ပုံကို အထောက်အထားများ ပို၍ပို၍
တွေ့ နေရပါတာကြောင့် သွေးတိုးရောဂါ
ဖြစ်မှ အငန်ရှောင်တာထက် နေ့စဉ်စား
သုံးတဲ့ အစားအစာများမှာ အငန်လျှော့တဲ့
အလေ့အထကို ထူထောင်သင့်ပါတယ်။ ထမင်းစားပွဲပေါ်မှာ ဆားပုလင်းတင်ထား
တဲ့ အလေ့အကျင့်မျိုးကို ရှောင်သင့်ပါ
တယ်။ အထူးသဖြင့် မိဘ၊ ညီအစ်ကို၊
မောင်နှမ၊ ဆွေမျိုးတွေထဲမှာ သွေးတိုး
ရောဂါ ဝေဒနာခံစားနေရသူများရှိပါက
ပိုပြီး ဆင်ခြင်သင့်ပါတယ်။
ချိုလွန်းတဲ့ အစာများရှောင်သင့်ပါ
တယ်။ ဖြူလွန်းအောင် ကြိတ်ခွဲထားတဲ့
ဆန်ကို လျှော့ပြီး၊ ပေါင်းဆန်၊ လျှော့
ကြိတ်ဆန်တို့ကို အစားထိုး စားသုံးသင့်ပါ
တယ်။
အမဲဆီ၊ ၀က်ဆီ၊ ထောပတ် စတဲ့
တိရစ္ဆာန်ထွက် အဆီများကို လျှော့ပြီး
ယင်းတို့ရဲ့နေရာမှာ အပင် ထွက်ဆီများကို
အစားထိုး စားသုံးသင့်ပါတယ်။ အပင်
ထွက်ဆီပင်ဖြစ်စေကာမူ အကြိမ်ကြိမ်
ပြန်ပြီးသုံးနေတဲ့ ဆီနှင့်ကြော်ထားတဲ့ ဆီ
ကြော်မုန့်များကိုလည်း တတ်နိုင်သမျှ
လျှော့စားသင့်ပါတယ်။
မြန်မာတို့ပို၍စားသင့်သော အစာနှင့်အာဟာရဓာတ်များ
------------------------------------------------------
မြန်မာတို့ ပိုပြီးစားသင့်တဲ့အစာနှင့်
အာဟာရဓာတ်တွေကတော့ ဟင်းသီး
ဟင်းရွက်နှင့် သစ်သီးဝလံများ၊ လျှော့
ကြိတ်ဆန်၊ ပေါင်းဆန်၊ အဆီလျှော့ထား
တဲ့နို့နှင့်နို့ထွက်အစာများဖြစ်ပါတယ်။
• ဒေါက်တာ လှကြည်
ကြက်သားသီဟိုဠ် ဆေးဘဲဥ
• • • • • • • • • • • • • • •
ပါဝင်ပစ္စည်း
=======
၁။ ဆီ - စားပွဲဇွန်း ၄ဇွန်း
၂။ ကြက်သွန်ဖြူထောင်း - အနည်းငယ်
၃။ ကြက်သွန်နီ - ၁ လုံး
၎။ ပြောင်းဖူးအသေး - ၃ဖူး
၅။ ပန်းငရုတ်ပွအစိမ်း - ၁ ကျပ်သား
၆။ သီဟိုဠ်စေ့အလုံး - ၁ ကျပ်သား
၇။ ကြက်သွန်မြိတ် - အနည်းငယ်
၈။ ကြက်သား - ၁၀ ကျပ်သား (အရိုးမပါ)
၉။ ဆေးဘဲဥ - ၁လုံး
၁၀။ ခရုဆီ - စားပွဲဇွန်း ၁ဇွန်း
၁၁။ ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၂။ ဟင်းခတ်အမှုန့် - အနည်းငယ်
၁၃။ အရိုးပြုတ်ရည် - အနည်းငယ်
ဆက်ဖတ်ရန်
No comments:
Post a Comment