စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Monday, February 4, 2013

"ဒါဖတ်ပြီး မှ ဘုရားဖူး ထွက်ကြပါ"

"ဒါဖတ်ပြီး မှ ဘုရားဖူး ထွက်ကြပါ"
***********************

ယခုခေတ်ဗုဒ္ဓဘာသာဝင်များတွင်ဘုရာ
းဖူးထွက်ခြင်းသည်"ပေါ်ပြူလာ"တစ်ခု၊"ဆိုရှယ်"တစ်ခုဟုခံယူထားကြ
သည်လားမပြောတတ်ပါ။"အိန္ဒိယဘုရားဖူး,မြန်မာပြည်အနှံ့ဘုရားဖူး,ပုဂံဘုရားဖူး,မန္တလေးဘုရားဖူး,အလောင်း
တော်ကဿပဘုရားဖူး"စသည်ဖြင့်အကျိုးဆောင်အဖွဲ့များပင်ရှိ၍ ဘုရားဖူးသွားသူများလည်းပေါများလှပါသည်။

ဦးဆောင်သူများကညံ့၍လော၊ လူကြီး မိဘများကပင် သတိမမူမိကြသောကြောင့်လော၊ကာယကံရှင်တို့ကပင် စိတ်မ၀င်စားကြခြင်းကြောင့်လော၊အတိအကျမပြောတတ်ပါ။
ဥပမာ-"အိန္ဒိယဘုရားဖူးသွား၏၊ငွေကုန်၏၊ဗဟုသုတရရ၏၊ဗုဒ္ဓပူဇာဒါနကုသိုလ်များရရှိ၏၊ဒေသန္တရသုတများစွာရခြင်းနှင့်လူမှုရေး၊ဘာသာရေး၊ယဉ်ကကျေးမှုများတိုးပွားကာအဆင့်မြင့်လာစရာလည်းရှိပါ၏။သို့သော် "ဘုရားဖူးသွားခြင်းအတွက်အကျိုးများ၏"ဟုကား မဆိုသာကြောင်း ပြောလိုပါသည်။

စင်စစ်အားဖြင့် ဘုရားဖူးနည်းကိုသိပါက အကျိုးကြီးစွာရရှိမည်ဖြစ်သော်လည်း ဘုရားဖူးနည်း မတတ်ပါကအကျိုးကြီးမည်မဟုတ်ပါ။ဘုရားဖူးနည်းတတ်ပါကလည်းတမင်တကာကြီးဘုရားဖူးသွားသွား၊မသွားသွားအကျိုးကားများပြီးသားဖြစ်ပါ၏။သို့သော် ဘုရားဖူးနည်းကို အလေးအနက်ထားသူကား ရှားလှပေသည်။

"မန္တလေးမြို့၊မစိုးရိမ်ကျောင်းတိုက်"ကျောင်းတိုက်တွင်စာချနာယက၊ ဂန္ထဓူရပရိယတ္တိသာသနာ့တာဝန်ကိုထမ်
ဆောင်ဖြစ်တော်မူသည့်"ဘဒ္ဒန္တဇယဒိသာဘိဝံသ"ဆရာတော်ကြီး၏ ဘုရားဖူးနည်းကိုပြောလိုပါသည်။
(ဆရာတော်ကြီးမှာ"မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ဆူးလေကုန်းကျေးရွာ"တွင်မြန်မာသက္ကရာဇ်(၁၂၉၉)ခုနှစ်မွေးဖွား
တော်မူခဲ့ပြီး သက်တော်(၆၃)နှစ်ဝါတော်(၄၄)၀ါအရ (၁၃၆၂)ခုနှစ်တွင်ပျံလွန်တော်မူခဲ့ပါသည်)

ထို ဆရာတော်ကြီးသည် "ကျိုက်ထီးရိုးဘုရား"သို့ တစ်နှစ်လျှင်တစ်ကြိမ်ပုံမှန်ဘုရားဖူးလေ့ရှိပါသည်။ ပုံမှန်သွား
ခြင်းမှာကျိုက်ထီးရိုးစေတီတော်မြတ်ထံ"ဘုရားဆုပန်"ထားရင်းအဓိဌာန်ရှိနေသောကြောင့် အဓိဌာန်ပါရမီကိုဖြည့်သောအားဖြင့် ဘုရားဖူးပုံမှန်ကြွတော်မူပါသည်။

ဆရာတော်ကြီးသည် အဓိကအားဖြင့်"သီလပါရမီ၊နေက္ခမ္မပါရမီ၊ပညာပါရမီ၊၀ီရိယပါရမီ၊သစ္စပါရမီ၊အဓိဋ္ဌာနပါရမီ" တို့ကိုဖြည့်ကျင့်သွားခဲ့သည်ဟုဆင်ခြင်ကြည်ညိုရပါသည်။ဆရာတော်ကြီးသည်ဘွဲ့ပေါင်းများစွာ (အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ၊သ-စ-အ-ဓမ္မာစရိယ၊အင်္ဂုတ္တရနိကာယပါဠိပါရဂူ) ရထားခဲ့သော်လည်းရိုးသားဖြောင့်မတ်သောအနေ
အထိုင်ဖြင့်သင့်တင့်လျောက်ပတ်ရုံသာခြိုးခြံရောင့်ရဲစွာတစ်သက်ပတ်လုံးသီတင်းသုံးနေထိုင်ခဲ့ပါသည်။ မတော်လောဘ၊မတော်ဒေါသတို့ကိုဆရာတော်ကြီးထံ၌မတွေ့မမြင်ရပေ။ ကာမဂုဏ်အာရုံတို့မှလွတ်မြောက်အောင်တစ်ပါးတည်းတိတ်ဆိတ်စွာနေလျက်ပရိယတ္တိစာပေကိုပို့ချပေးခဲ့ပါသည်။

ဆရာတော်ကြီး၏အဓိကစာဝါမှာဓမ္မာစရိယတန်း၊"သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ"ဖြစ်ပါသည်။
"သီလက္ခန္ဓ ၀ဂ္ဂ အဋ္ဌကထာ" အစဦးမှာပင် "ဗြဟ္မဇာလသုတ်" ပါရှိပေသည်။မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးနှင့်တကွ
သီလသုံးပါး စသည်များကို ဆရာတော်ကြီးစိတ်ဝင်စားတော်မူဟန်ရှိပါသည်။

အဓိကပြောလိုသည့်အချက်မှာ ဆရာတော်ကြီးအဓိဋ္ဌာန်ပါရမီအရ ဘုရားဖူးကြွခြင်းပင်ဖြစ်ပါသည်။

ဘုရားဖူးကြွသောအခါတိုင်းပင် ဆရာတော်ကြီး၏စိတ်အစဉ်ထဲတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဂုဏ်တော်များထင်
ရှားနေမည်ဟုသိရပါသည်။အဘယ့်ကြောင့်နည်းဟူမူထို"သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ"ကိုပင်နှစ်ပေါင်း(၃၀)ကျော်
အထိ အခေါက်ပေါင်းများစွာပို့ချသင်ပြပေးခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

ဆရာတော်ကြီးသည်"သီလက္ခန်"လာ"သုတ္တန်ဒေသနာတော်ကြီး၁၃ခု"တို့အနက်"လေးခုမြောက်""သောဏဒဏ္ဍသုတ္တန်"ကြီးတွင်"ယူဇနာတစ်ရာကျော် ဝေးကွာရာ စမ္ပကတောအုပ်အတွင်း ဗုဒ္ဓမြတ်စွာဘုရားရှင်သီတင်းသုံး
တော်မူရာသို့ ဘုရားဖူးထွက်လာသော စမ္ပာမြို့စားကြီး သောဏဒဏ္ဍ ၏ စိတ်ထဲတွင် သူ့အနေဖြင့် သိထား
သော ဗုဒ္ဓဂုဏ်တော် ၂၉-ပါး(နှစ်ဆယ့်ကိုးပါး) တို့ကိုပွားများလျက်၊ပြောကြားလျက် ဘုရားဖူးထွက်လာကြောင်း"
အတိအလင်း ပါရှိပါသည်။
(ဤ"သောဏဒဏ္ဍသုတ္တန်ကြီး"သည်စင်စစ်အားဖြင့်ဘုရားဖူးသွားနည်းကိုပြသောသုတ္တန်ကြီးဖြစ်ကြောင်းတွေ့ရပါသည်။)

သို့ဖြစ်၍ ဆရာတော်ဘုရားကြီးသည်လည်း ဆရာတော်ကြီးအနေဖြင့်သိထားသော ဗုဒ္ဓဂုဏ်တော် အနန္တ-အသင်္ချေယျ-အပရိမာဏ=(အဆုံးမရှိ-ဂဏန်းမရှိ-အတိုင်းအတာမရှိ)တို့ကိုဆင်ခြင်လျက်၊ရွတ်ဖတ်လျက်သာ ဘုရားဖူးထွက်ကြွလာလိမ့်မည်ဟု ယုံကြည်ရပါသည်။

မကြာခင်ကာလကမှ(အတိအကျဆိုရလျှင်၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့က)
ကျွန်တော်သည်"ကျိုက်ထီးရိုး"ဆံတော်ရှင်သို့ဘုရားဖူးထွက်ခဲ့ပါသည်။

"ဘယ်လို ဘုရားဂုဏ်တော်များပွားများ၍ ဘုရားဖူးသွားခဲ့သနည်း"ဟု မေးလာငြားအံ့။

"လူတွေကဒီလောက်ကျပ်ညပ်နေတာ၊ဘုရားဂုဏ်တော်ပွားဖို့နေနေသာသာကိုယ့်ကိုယ်ကိုယ်မယိုင်မလဲအောင်
မနဲထိန်းလိုက်ရတာပါဗျာ။ဘုရားရင်ပြင်တော်မှာတော့ဘုရားကန်တော့ ခဲ့ရတာပေါ့"ဟု

အရိုးခံအတိုင်း၊အမှန်အတိုင်း၊ရှင်းပြ ပြောပြရမည်ဖြစ်ပါသည်။

စင်စစ်အားဖြင့် ဘုရားဖူးသွားခြင်းသည် မသွားမီ အိမ်ကတည်းကစ၍ ဘုရားဂုဏ်တော်များကို သိသမျှဆင်ခြင်
ခြင်းဖြင့်အားပြုကာဘုရားရင်ပြင်တော်မရောက်မချင်းစိတ်ထဲကဂုဏ်တော်တွေဆင်ခြင်ပွား၊နှုတ်ကလည်းရွတ်
ဖတ်ပူဇော်၊ကိုယ်ကလည်းယဉ်ကျေးသောအ၀တ်အစားအမူအရာများဖြင့်ပြည့်စုံနေဖို့လိုပါသည်။

ရင်ပြင်တော်ရောက်လျှင်လည်း ကန်တော့ခြင်း၊သရဏဂုံတည်ဆောက်ခြင်း၊ငါးပါးသီလခံယူခြင်းတို့ကိုရှေးဦးစွာပြု
ပြီး ဗုဒ္ဓပူဇာ ဒါနနှင့်တကွ သမထဘာဝနာ၊၀ိပဿနာဘာဝနာပွားများနေဖို့လိုပါသည်။

ဘုရားရင်ပြင်တော်မှပြန်မည်ပြုသောအခါမှာမူ မြတ်စွာဘုရားကိုယ်စားတော် ရုပ်ပွားတော်မြတ်ကို ရိုသေစွာရှိခိုး
ကန်တော့လျှက် သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်ကဲ့သို့ ထင်မြင်အောင်အာရုံပြု ဖူးမြော်တတ်ဖို့လိုပါ
သည်။

အပြန်လမ်းတစ်လျှောက်လုံးလည်းကိုယ်ကယဉ်ကျေးသောအမူအရာ၊နှုတ်ကဂုဏ်တော်များရွတ်ဖတ်၊စိတ်က
လည်းဂုဏ်တော်များကိုဆင်ခြင်ကာဘုရားအာရုံမပျောက်အောင်ဆောင်ထားဖို့လိုပါသည်။အ၀တ်အစားများလဲသည့်အချိန်ထိတိုင်အောင် ဂုဏ်တော်များဖြင့် ထုံထားသင့်ပါသည်။

ဤသည်မှာ ဘုရားဖူးသွားနည်း၊ဘုရားဖူးခြင်း အကျင့်မြတ် ဖြစ်ပါသည်။

မြို့စားကြီး သောဏဒဏ္ဍ နှင့်တပည့်ပရိတ်သတ်များ၊စမ္ပာမြို့သူမြို့သားပုဏ္ဏားများ၊သူကြွယ်များမှာ ဤနည်းဖြင့်
သာလျှင် ယူဇနာတစ်ရာခရီးကို ရက်ပေါင်းတစ်ရာကျော်ကျော်(သုံးလကျော်ကျော်)ဘုရားဖူးထွက်ခဲ့ကြကြောင်း သိရပါသည်။
သောဏဒဏ္ဍသုတ္တန်အရဗုဒ္ဓဘာသာဝင်မဟုတ်သေးသောပုဏ္ဏားကြီးကဗုဒ္ဓဂုဏ်တော်ပေါင်း(၂၉)ခုသိထား
ကြောင်းတွေ့ရှိရသဖြင့်အံ့သြရပါသည်။ဂုဏ်တော်(၂၉)ပါးကိုလေ့လာကြည့်သည့်အခါယခုသိထားဖူးသော ဂုဏ်တော်(၉)ပါး ကိုမတွေ့ရပါ။

ဂုဏ်တော်(၉)ပါးမှာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါကဗုဒ္ဓဘာသာဝင်များရော၊ဗုဒ္ဓဘာသာဝင်မဟုတ်သူ
များပါ အားလုံးသိနေကြပြီးသားပင်ဖြစ်ပါသည်။
သောဏဒဏ္ဍပုဏ္ဏားကြီးသည်ဗုဒ္ဓဘာသာဝင်မဖြစ်သေးပါဘဲလျက်နှင့်ဂုဏ်တော်(၉)ပါးကိုသိခဲ့၊သီးခြားဂုဏ်တော်(၂၉)ပါးကိုသိခဲ့ကြောင်း လာရှိသည်ကိုထောက်၍ ဗုဒ္ဓဂုဏ်တော်ကို သိရှိ၊ရရှိထားခြင်းသည်ဘုရားဖူးသွားနည်း၏ သော့ချက်ကြီးပင်ဖြစ်ပါသည်။

ထို့ကြောင့်-
ဗုဒ္ဓဘာသာဝင်မဟုတ်သေးသူ သောဏဒဏ္ဍပုဏ္ဏားကြီးလောက်ထိ ဗုဒ္ဓဂုဏ်တော်တို့ကို မသိစေကာမူ၊မရစေကာ
မူ၊အနည်းဆုံးအားဖြင့်"အရဟံ"အစရှိသော မူလဂုဏ်တော်ကြီး(၉)ပါးလောက်ကိုတော့သိထားမှသာ၊ရထားမှသာ တန်ဖိုးကြီးသောဘုရားဖူးခြင်း ရရှိလာမည်ဖြစ်ပါကြောင်းလေးစားစွာတင်ပြအပ်ပါသည်။

(သောဏဒဏ္ဍပုဏ္ဏားကြီုးသိခဲ့သည့်ဗုဒ္ဓမြတ်စွာဘုရားရှင်၏သီးခြားဂုဏ်တော်(၂၉)ပါးကို"သုတ္တန်ပိဋက၊
ဒီဃနိကာယ်၊သီလက္ခန်ပါဠိတော် သောဏဒဏ္ဍသုတ်" တွင် အကျယ် ရှာဖွေဖတ်ရှုစေလိုပါသည်)

(၂၀၀၉ ခုနှစ်၊ဇွန်လထုတ်၊ "ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း"မှ"ဆရာတော်-မစိုးရိမ်စာသင်သား"၏"ကုဋေတစ်သန်း ခြေတစ်လှမ်း"အမည်ရ ဆောင်းပါးများကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)

မှတ်ချက်။ ။ ဤဘလော့ဘ်ပို့စ်အား မဖတ်ရသေးသူများ၏ဗဟုသုတအကျိုးငှာရည်ရွယ်၍မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။ဖတ်ပြီး, သိပြီးသူများ,အတွက်အနူးအညွတ်တောင်းပန်ပါသည်။


ဗုဒ္ဓကမ္ဘာမှာတွေ့လို့ ဖော်ပြလိုက်ပါသည်။

No comments: