စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Saturday, January 26, 2013

မုန်လာဥနီသနပ်


မုန်လာဥနီဟာ မျက်စိအားကောင်းစေတာကြောင့်
မွေးရာပါမျက်စိအားနည်းတဲ့ကျွန်တော်ကို
မုန်လာဥနီစားစေချင်လွန်းလို့ မေမေရှိစဉ်က
အမျိုးမျိုးလုပ်ကျွေးခဲ့ပါတယ်။
မုန်လာဥနီပေါတဲ့ရာသီဆိုရင်
မေမေက ဥနီသနပ်လုပ်လေ့ရှိပါတယ်။
မုန်လာဥနီကို ရေနွေးနဲ့ဆေးကြောပြီး
အတုံးသေးသေးတုံးကာ ဆားရည်နဲ့ဆေးပါတယ်။
ရေစစ်ထားတဲ့ဥနီ၊
လှီးထားတဲ့ကြက်သွန်ဖြူနှင့်
အညှာခြွေထားတဲ့ ငရုတ်သီးစိမ်းတို့ကို
ရှလကာရည်ထဲမှာမြုပ်အောင်ထည့်ပြီ
နာရီဝက်လောက်စိမ်ရပါတယ်။
အချဉ်ဓာတ်ဝင်လာရင် ဆန်ခါနဲ့ပြန်စစ်ပြီး
နေပူပူမှာ တစ်နေကုန်အောင်လှန်းရပါတယ်။
နောက်နေ့မှာ ဇီရာမှုန့်၊ ပဲနံ့သာမှုန့်၊ နနွင်းမှုန့်၊
သနပ်လုပ်တဲ့မဆလာ မှုန့်၊ သကြား၊
နှမ်းနက်တို့ ရောနယ်ရပါတယ်။
အဲဒီဥနီအရောနှောထဲကို ဆီသတ်ထားတဲ့ဟင်းခတ်ငရုတ်သီး
အရောင်တင်မှုန့်ပူပူကို လောင်းထည့်ကာ
သမအောင်မွှေထားတာပါ။ မဆလာနံ့သင်းသင်းလေးနဲ့
ချို၊ ချဉ်၊စပ်ရသာစုံမုန်လာဥနီသနပ်ကို
တကျွတ်ကျွတ်မြည်အောင်ဝါးစားရတာကလည်း
နတ်သုဒ္ဓါတစ်မျိုးပါ။
(အဲ…ငရုတ်သီးဆီသတ်တာ မထည့်ရင်တော့
ဂျပန်စတိုင်လ် Cole Slaw နဲ့ ခပ်ဆင်ဆင်တူနေတာပေါ့)
သနပ်တွေ တစ်ရက်တည်းနဲ့စားမကုန်ရင်
ကြာကြာခံအောင် ဖန်ပုလင်းထဲမှာ
လေလုံအောင် သိမ်းထားလို့လည်းရတယ်နော်။
Food Magazine မှ ကူးယူတင်ပြပါသည်။

No comments: