စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Tuesday, January 29, 2013

အလှူခံပုဂ္ဂိုလ် (၁၄)မျိုး


"ပါရမီထိုက်သောအလှူဖြစ်ပါစေ..."
**************************

ဥပရိပဏ္ဏာသ ပါဠိတော်၊ ဒက္ခိဏဝိဘင်္ဂသုတ်တော်လာ
အလှူခံပုဂ္ဂိုလ် (၁၄)မျိုး

၁ . တိရစ္ဆာန် ။


၂ . ကိုယ်ကျင့်သီလ မရှိသောလူမိုက် ။

၃ . သီလရှိသော လူ၊သူတော်ကောင်း ။

၎ . သာသနာပ အခါကာလ ကိလေသာကင်းအောင် ကျင့်နေ့သော ရသေ့ ။

၅ . အရိယာပုဂ္ဂိုလ် (၈)ယောက် ။

၆ . ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ်(သီးခြားဘုရား) ။

၇ . သမ္မာသမ္ဗုဒ္ဓဘုရားရှင် - ဆိုပြီး ခွဲခြားပြသတော်မူခဲ့ပါတယ် ။


★ဒီအလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ တိရစ္ဆာန်တစ်ကောင်ကို ကျွေးမွေးလှူဒါန်းရင် ဘဝတစ်ရာချမ်းသာတဲ့ ကောင်းကျိုးတွေ ရနိုင်တယ်လို့ မိန့်ပါတယ် ။ ဒါကြောင့်ခွေးလေး၊ ကြောင်လေးတွေကို အစာကျွေးတဲ့အခါ အစာခွက်ကို သေချာပြောင်အောင် ဆေးပြီးတော့ လူတစ်ယောက်ကိုကျွေးသလိုမျိုး မြတ်မြတ်နိုးနိုးကျွေးဖို့လိုအပ်ပါတယ် ။

★နောက်တစ်ခုက ကိုယ်ကျင့်သီလမရှိတဲ့ လူမိုက်ကိုလည်း ကျွေးပါ၊ ပေးပါတဲ့။ သူကို ကျွေးရင်ပေးရင် ဘဝတစ်ထောင်ချမ်းသာတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ် ။

★သီလရှိတဲ့ လူ၊သူတော်ကောင်းကိုပေးလှူရင် ဘဝတစ်သောင်းချမ်းသာတဲ့ကောင်းကျိုးတွေရရှိနိုင်ပြီး ။

★သာသနာပကာလမှာ ကိလေသာကင်းအောင်တရားကျင့်တဲ့ ရသေ့ကိုပေးလှူရင်ဘ၀ပေါင်း ကုဋေတစ်သိန်း ချမ်းသာတဲ့ကောင်းကျိုးတွေ ရနိုင်ပါတယ် ။

★အရိယာပုဂ္ဂိုလ်(၈)ယောက်၊ ပစ္စေကဗုဒ္ဓ ခေါ် ဘုရားငယ်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဒီဆယ်ဦးမှာတော့ ဘယ်သူ့ကိုပင့်လှူလှူ ဘ၀ပေါင်းမည်မျှချမ်းသာမယ်လို့ ငါဘုရားအတတ်မဟောနိုင် ဟုမိန့်ပါတယ် ။
ပုထုဇဉ်ရဟန်း သံဃာတော်များဟာ သောတာပန် အရိယာထဲမှာပါတယ်လို့ သိနိုင်ပါတယ် ။

★အလှူခံပုဂ္ဂိုလ်(၁၄)ဦးရှိတဲ့အထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အကျိုးကြီးတဲ့ဟာကို "ရွေးလှူဖို့စိတ်နဲ့
ဟောခဲ့တာမဟုတ်ပါဘူး ။ အကျိုးကွာခြားပုံသိစေချင်လို့ "
သာ ဟောခဲ့တာဖြစ်ပါတယ် ။★

ဒါနမှာ ပါရမီထိုက်သောဒါနနဲ့ ပါရမီမထိုက်သော ဒါနဆိုပြီး နှစ်မျိုးကွဲသွားပုံကိုသိရင် ဘုရားအလိုတော်ကိုသိနိုင်ပါတယ် ။

ဥပမာတစ်ခုအနေနဲ့ ---
စာဖတ်သူရဲ့ရှေ့မှာ သာသနာပကာလ ဈာန်ရနေတဲ့ ရသေ့တစ်ပါးကို တွေ့နေပြီဆိုပါတော့ ။

တစ်ခါ ဟိုဖက်မှာလည်း ခွေးလေးတစ်ကောင်ဟာ အစာငတ်ပြီးတော့ လမ်းဘေးမှာလဲနေတယ် ။

အလှူခံပုဂ္ဂိုလ် နှစ်မျိုးကိုတွေ့နေရပါပြီ ။

ဈာန်ရနေတဲ့ ရသေ့ကိုလှူရင် ဘဝ ကုဋေတစ်သိန်းချမ်းသာပါမယ် ။

အစာငတ်ပြီးတော့ လဲနေတဲ့ခွေးလေးကိုကျွေးရင်တော့ ဘဝတစ်ရာပဲချမ်းသာမှာပါ ။

စီးပွါးတွက် တွက်ရင်တော့ ရသေ့ကိုပဲလှူချင်စိတ်တွေ ပေါ်နိုင်ပါတယ် ။

ဒါန အကြောင်းသေချာမသိတဲ့လူအများစုဟာ ရသေ့ကိုပဲ ပုံလှူကြမှာပါ ။

ဘာလို့လဲဆိုတော့ ဘဝ ကုဋေတစ်သိန်းချမ်းသာချင်ကြလို့ပါ ။

ခွေးကိုကျွေးရင်တော့ ဘဝတစ်ရာပဲ ချမ်းသာမယ်ဆိုတော့ သိပ်မလှူချင်ကြတော့ပါဘူး ။

အဲ့ဒိအချိန်မှာ ဘဝ ကုဋေတစ်သိန်းချမ်းသာကိုပဲယူမယ်ဆိုပြီးတော့ ငတ်ပြီးတော့လဲနေတဲ့ ခွေးလေးကိုမကျွေးဘဲ ဈာဉ်ရ ရသေ့ကို သွားပြီးတော့လှူလိုက်မယ်ဆိုရင် စာဖတ်သူရဲ့ဒါနဟာ ”ပါရမီမထိုက်သောဒါန”
ဖြစ်သွားပါတယ် ။

★ဘာကြောင့်လည်းဆိုတော့
"ငါကောင်းစားဖို့ဆိုတဲ့ ဒိဋ္ဌိနဲ့ လောဘ"ပါသွားလို့ပါ ။ ★


အဲဒီဒါနက နိဗ္ဗာန်သွားဖို့ရာ လမ်းကြောင်းမဖြစ်တော့ပါဘူး ။

စာဖတ်သူလိုချင်တဲ့ "ဘဝကုဋေတစ်သိန်းချမ်းသာ
ကောင်းကျိုး”   တော့ရပါတယ် ။

နိဗ္ဗာန်ကိုရောက်အောင်တော့ တံတားတစ်ခုမဖြစ်နိုင်ပါဘူး ။

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်က အို၊နာ၊သေ ဒုက္ခများ ကင်းလွတ်ရာဖြစ်တဲ့ နိဗ္ဗာန်ဖြစ်သဖြင့် ပါရမီထိုက်သောဒါနများ
ဖြစ်နိုင်ရန်သာ ရည်ရွယ်လှူဒါန်းသင့်ပါကြောင်း....

အရှင်ဃောသိတ(ဗုဒ္ဓအလိုကျ မသေခင်ဒါနပြုနည်း)မှ ပူဇော်ပါသည် ။


_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ … _/|\_

တောသားလေး

No comments: