စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Wednesday, January 23, 2013

Food & Health

 
အိမ်ရှင်မတို့လက်ရာ မြန်မာ့အစားအစာ၊
အာဟာရနှင့် ကျန်းမာရေး
------------------------------
မြန်မာတို့ဟာ ထမင်းကို ပင်တိုင်
အစာအဖြစ်နေ့စဉ်စားကြပြီး တန်ဖိုးလည်း
အလွန်ထားကြပါတယ်။ ထမင်းအသက်
၇-ရက်လို့ပင် ပြောတတ်ကြပါတယ်။
မိတ်ဆွေအချင်းချင်းတွေ့တဲ့အခါ ]ထမင်း
စားပြီးပြီလား}ဆိုတဲ့စကားနဲ့နှုတ်ဆက်
လေ့ရှိပါတယ်။ ထမင်းနှင့်အတူတွဲဖက်
စားသုံးတဲ့ အစားအစာများကို (၁) အင်
အားဖြစ်စေတဲ့အစာအုပ်စု၊ (၂)ကိုယ်ခန္ဓာ
ကြီးထွားစေတဲ့အစာအုပ်စုနှင့် (၃) ရောဂါ
ကာကွယ်ပေးတဲ့အစာအုပ်စု ဆိုပြီး (၃)စု
ခွဲနိုင်ပါတယ်။

အင်အားဖြစ်စေတဲ့အစာအုပ်စုမှာ
(က) ကာဗိုဟိုက်ဒရိတ် အာဟာရဓာတ်
ကြွယ်ဝတဲ့ သစ်ဥ၊ သစ်ဖုများ၊ အချိုများနှင့်

(ခ) အဆီဓာတ် ကြွယ်ဝတဲ့ဟင်းချက်ဆီ၊
တိရစ္ဆာန်ထွက်အဆီ (မလိုင်၊ ထောပတ် စသည်)တွေ
ပါဝင်ပါတယ်။ကိုယ်ခန္ဓာ
ကြီးထွားစေတဲ့(ကိုယ်ခန္ဓာတည်
ဆောက်ပြုပြင်ရာမှာ အသုံးကျတဲ့) အစာ
အုပ်စုမှာ ပရိုတင်း<ကယ်ဝတဲ့အသား၊ ငါး၊
နို့၊ ဥ စတဲ့ တိရစ္ဆာန်ထွက်အစာများနှင့်
ပဲအမျိုးမျိုး ပါဝင်ပါတယ်။

ရောဂါကာကွယ်ပေးတဲ့(ကျန်းမာ
စေတဲ့) အစာအုပ်စုမှာ ဗီတာမင်နှင့်သတ္တု
အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ဟင်းသီး
ဟင်းရွက်များနှင့် သစ်သီးဝလံများ ပါဝင်
ပါတယ်။

မြန်မာတို့၏ ပင်တိုင်အစာ ဆန် (ထမင်း)
------------------------------------------
ထမင်းဟာ အလွန်အာဟာရ ကြွယ်
ဝပါတယ်။ ဆန်မှာ ကာဗိုဟိုက်ဒရိတ်
(၇၅-၈၀%) လောက် ပါဝင်တဲ့အတွက်
အင်အားထုတ်လုပ်ပေးနိုင်တဲ့ အစာအ
မျိုးအစား ဖြစ်တဲ့အပြင် ပရိုတင်းလည်း
၇-၈% ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာ ကြီး
ထွားစေတဲ့ အစာမျိုးလည်း ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဆန်စားသုံးမှု အများဆုံး လူ
မျိုး ဖြစ်တဲ့ မြန်မာတွေဟာ နေ့စဉ်စားသုံး
တဲ့ ပရိုတင်း တစ်ဝက်ခန့်ကို ထမင်းမှ
ရရှိနေခြင်း ဖြစ် ပါတယ်။

ဆန်မှ ဗီတာမင်ဘီဝမ်း (Vitamin
B1)၊ ဗီတာမင်ဘီတူး (Vitamin B2)၊
နိုင်ယာစင် (Niacin) စတဲ့ ဗီတာမင်များ
လည်း ရရှိနိုင်ပါတယ်။ ဆန်ကိုကြိတ်ခွဲစဉ်
အဆိုပါဗီတာမင်များ အချို့တစ်ဝက် ဆုံး
ရှုံးသွားပါတယ်။ မြန်မာတို့ဟာ ဆန်ကို
ဆွတ်ဆွတ်ဖြူမှ ကြိုက်ကြပါတယ်။ ဆန်
ဟာ ဖြူအောင်ကြိတ်ခွဲလေ၊ ဗီတာမင်တွေ
ဆုံးရှုံးမှုများလေဖြစ်ပါတယ်။ ဆန်ကိုရေ
နှင့်ဆေးတဲ့အခါမှာလည်း ဗီတာမင်များ
ဆုံးရှုံးရပြန်ပါတယ်။ ရေနှင့် များများ ဆေး
လေ၊ ဗီတာမင်တွေ ဆုံးရှုံးမှုများလေ ဖြစ်
ပါတယ်။ ထမင်းချက်တဲ့အခါ သမားရိုးကျ
နည်းအတိုင်း ထမင်းရည်ငှဲ့ပစ်ခြင်းကြောင့်
လည်း ဗီတာမင်များ ဆုံးရှုံးရပြန်ပါတယ်။
ဆန်ဖြူကိုကြိုက်ပြီး ထမင်းရည်ငှဲ့ချက်
တတ်တဲ့ မြန်မာများဟာ ဗီတာမင်ဘီဝမ်း
ချို့တဲ့မှုရောဂါကို ခံစားကြရပါတယ်။ အ
ထူးသဖြင့် အစားရှောင်လွန်းတဲ့ ကိုယ်ဝန်
ဆောင်နှင့်နို့တိုက်မိခင်များ၊ သူတို့ရဲ့နို့ကို
စို့ရတဲ့နို့စို့ကလေးများမှာဖြစ်တတ်ပါတယ်။

ဗီတာမင်ဘီဝမ်း ချို့တဲ့မှုဟာ လူကြီး
တွေမှာထုံနာခြောက်ခေါ် (Dry Beriberi) ရောဂါ၊
ထုံနာစိုခေါ် (Wet Beriberi) ရော
ဂါ၊ ဦးနှောက်ကိုထိခိုက်တဲ့ ရောဂါများ
အဖြစ် လည်း ကောင်း၊ နို့စို့ကလေးတွေမှာ
သူငယ်နာ ဘယ်ရီဘယ်ရီ (Infantile
Beriberi) အဖြစ်လည်းကောင်း တွေ့ရပါ
တယ်။ ထုံနာခြောက်ရောဂါမှာ ခြေလက်
များ ထုံခြင်း၊ ကျဉ်ခြင်း၊ ကြွက်သားများ
အားနည်းပြီး လမ်းမလျှောက် နိုင်ခြင်းစတဲ့
လက္ခဏာများ ထင်ရှားပါတယ်။ ထုံနာစို
ရောဂါမှာဖောရောင်ခြင်း၊မောခြင်း လက္ခဏာများရှိပြီး
နှလုံးလုပ်ငန်း ပျက်ခြင်း
(Heart Failure) ကြောင့် အသက်သေ
ဆုံးနိုင်ပါတယ်။ သူငယ်နာ ဘယ်ရီဘယ်ရီ
ရောဂါမှာ လသားအရွယ် နို့စို့ကလေး
ဟာ မောကြပ်တဲ့ လက္ခဏာများဖြစ်ပေါ်
ပြီး(Heart Failure)ကြောင့် ရုတ်တရက်
အသက်သေဆုံးသွားတတ်ပါတယ်။
အခြားနိုင်ငံများမှာအရက်စွဲနေသူတွေက
လွဲပြီး ခံစားရသူ မရှိတော့တဲ့ ဗီတာမင်
ဘီဝမ်းချို့တဲ့မှုရောဂါကာကွယ်ရေးအ
တွက် မြန်မာတို့အနေနှင့် -

• (၁) ဖြူလွန်းအောင် ကြိတ်ခွဲထားတဲ့
ဆန်အစား လျှော့ကြိတ်ထားတဲ့ဆန်မျိုး
စားသုံးတဲ့ဓလေ့ ထူထောင်သင့် ပါတယ်။

• (၂) ထမင်းကို ရေခန်း ချက်စားတဲ့ဓလေ့
ထူထောင်သင့်ပါတယ်။

• (၃) ယခုအခါ ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့
ပေါင်းဆန်(Parboiled Rice= ယခင်
အခေါ် ပြုတ်ဆန်)ကိုမြန်မာနိုင်ငံမှာ ထုတ်
လုပ်နေပြီဖြစ်တဲ့အတွက်ပြည်သူများ
အနေနှင့် ရိုးရိုးဆန်ဖြူအစား ပေါင်းဆန်
စားသုံးတဲ့ဓလေ့ထူထောင်သင့်ပြီဆိုတာ
အကြံပြုလိုပါတယ်။ ပေါင်းဆန်စားခြင်း
ဖြင့် ရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုး
ကျေးဇူးများကို မလေးရှား၊ စင်ကာပူ စတဲ့
နိုင်ငံသားများ၏ ဆန်စားသုံးမှု သမိုင်းမှာ
ထင်ရှားတဲ့ အထောက်အထားများတွေ့
ခဲ့ပြီး ဖြစ်ပါတယ်။ ပေါင်းဆန်ဟာ ဆန်ဖြူ
လောက် မဖြူတာကလွဲရင် အကျိုးအကြေ
နည်းခြင်း၊ ကြာကြာအထားခံခြင်း၊ ပိုး
မထိုးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ
လည်းရနိုင်ပါတယ်။ ဆန်နို့ဆီဘူး တစ်လုံး
ချက်ချင်းတူလျှင် ပေါင်းဆန်က ရိုးရိုးဆန်
ဖြူထက်ထမင်းပိုရတယ်(အိုးတက်တယ်)
လို့လည်း သိရပါတယ်။

နေ့စဉ် စားသုံးသင့်သည့်
အစားအစာအမျိုးမျိုး၏ ပမာဏ
--------------------------------
လူတို့ နေ့စဉ်စားသုံးသင့်တဲ့အစား
အစာအမျိုးမျိုး၏ ပမာဏကို အောက်
ခြေကျယ်ပြီး၊ အပေါ်သို့ ရှူးသွားတဲ့ပိရမစ်(Pyrimid) သဏ္ဌာန် သရုပ်ဖော်လေ့ရှိ
ရာမှာ အများဆုံး စားသုံးသင့်တဲ့အတွက်
အောက် ခြေမှာ ဖော်ပြခံရတဲ့အစာများမှာ
ဆန်၊ ဂျုံစတဲ့ ကောက်နှံများ (ထမင်း၊
ပေါင်မုန့်၊ ချပါတီ စသည်တို့) ဖြစ်ပါ တယ်။
ထိုအချက်ဟာ မြန်မာတို့နေ့စဉ် အစာစား
သုံးတဲ့ဓလေ့နှင့် ကိုက်ညီပါတယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ
------------------------------------
ဒုတိယအများဆုံး စားသုံးသင့်တဲ့
အစာတွေက ဟင်းသီးဟင်းရွက်နှင့် သစ်
သီးဝလံများ ဖြစ်ပါတယ်။ မြန်မာတို့ဟာ
ဟင်းသီးဟင်းရွက် စားသုံးမှု မနည်းပေ
မယ့် သစ်သီးဝလံ စားသုံး မှု နည်းနေသေး
သည်လို့ ယူဆပါတယ်။ သရက်သီး၊
ဒူးရင်းသီးစတဲ့ ရာသီပေါ် အသီးအနှံများ
ကို စားသုံးကြပေမယ့် ပန်းသီးစတဲ့ အသီး
များကို လူနာများ၊ နာလန်ထပုဂ္ဂိုလ်များကို
သာ ဦးစားပေးပြီးကျွေးကြပါတယ်။ ဟင်း
သီးဟင်းရွက်၊ သစ်သီးဝလံများကို အမျိုး
စုံအောင် စားလေ၊ အကျိုးများလေ ဖြစ်ပါ
တယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ
များမှ ဗီတာမင်နှင့်သတ္တုအာဟာရဓာတ်
များ ရရှိနိုင်တဲ့အတွက် ကျန်းမာပြီး ရောဂါ
ကင်းခြင်း၊ အင်တီအောက်စိဒင့်(Anti Oxidant)အာနိသင်ရှိတဲ့ အာဟာရနှင့်
အခြားဓာတ်ပစ္စည်းများ ရရှိနိုင်တဲ့အတွက်
နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်တဲ့ အ
လားအလာ နည်းခြင်း၊ အစာမျှင် (Fibre)
ဓာတ်ရရှိနိုင်တဲ့အတွက်ဝမ်းမှန်ခြင်း၊
သွေးအတွင်း ခိုလက်စထရော(Cholesterol)မတက်အောင်ထိန်းနိုင်ခြင်း၊ အူမကြီး
ကင်ဆာ စတဲ့ ကင်ဆာရောဂါများဖြစ်နိုင်
တဲ့အလားအလာ နည်းခြင်း၊ အရိုးများ ကြံ့ခိုင်ကျန်းမာပြီး အသက်ကြီးလာတဲ့အ
ခါအရိုးပါး၊အရိုးပွရောဂါ(Osteoporosis)
ဖြစ်ပွားနိုင်တဲ့အလားအလာလျော့ပါးခြင်း
စတဲ့အကျိုးကျေးဇူးများ ရနိုင်ပါတယ်။

အသား၊ ငါး၊ နို့၊ ဥ နှင့် ပဲအမျိုးမျိုး
--------------------------------
တတိယအများဆုံး စားသုံးသင့်တဲ့
အစားအစာများမှာ ပရိုတင်းကြွယ်ဝတဲ့
အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် နို့၊ နို့ထွက်
အစာများဖြစ်ပါတယ်။ မြန်မာတို့ဟာ ပဲ
အမျိုးမျိုးကိုနှစ်ခြိုက်စွာစားသုံးလေ့ရှိခြင်း၊
အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ထမင်းကို
များများစားတတ်တဲ့အလေ့အထ ရှိခြင်း
တို့ကြောင့် ထိုနှစ်မျိုး (ပဲနှင့်ဆန်) မှပင်
ပရိုတင်းအာဟာရကို အတန်အသင့် များ
များစားစားရရှိနိုင်ပါတယ်။ ဒါပေမယ့် နို့
နှင့်နို့ထွက် အစားအစာများကို စားသုံးတဲ့
အကျင့် မထွန်းကားခြင်းဟာ မြန်မာတို့ရဲ့
အစာစားသုံးမှုဓလေ့မှာ အားနည်း နေတဲ့
အချက်လို့ ယူဆပါတယ်။ နို့ဟာ အရည်
အသွေးကောင်းတဲ့ ပရိုတင်းများ<ကယ်ဝ
တဲ့ အစာတစ်မျိုးဖြစ်တဲ့အပြင် ထုံးဓာတ်
ခေါ် ကယ်လစီယမ်(Calcium) လည်း
<ကယ်ဝပါတယ်။ ကယ်လစီယမ်ဟာ အ
ရိုးများကြံ့ခိုင်ကျန်းမာရေးအတွက် အရေး
ကြီးတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါ
တယ်။ နို့မှာပါဝင်တဲ့ ကယ်လစီယမ်ကို
အခြားအစာများမှ ကယ်လစီယမ်ထက်
လူ၏အူအတွင်း ပို၍လွယ်ကူစွာ စုပ်ယူ
အသုံးပြုနိုင်ခြင်းက နို့နှင့်နို့ ထွက် အစာ
များရဲ့ အားသာချက် ဖြစ်ပါတယ်။ အဆီပါ
တဲ့နို့ကို စားသုံးခြင်းဖြင့် သွေးအတွင်း
ခိုလက်စထရော (Cholesterol)များပြီး
နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်တဲ့
အလားအလာ များမှာကို စိုးရိမ်သူများအ
နေနှင့် အဆီ နှုတ်၊ လျှော့ (မလိုင်ထုတ်)
ထားတဲ့ နို့နှင့်နို့ထွက် အစာများကို စားသုံး
နိုင်ပါတယ်။

အဆီနှင့်ဆီအမျိုးမျိုးကို
ဘာကြောင့် စားသင့်ပါသလဲ
-----------------------------
• (က)ကယ်လိုရီ(အင်အား) အပြည့်အ၀ ရရှိနိုင်ရန်-
အဆီနှင့်ဆီအမျိုးမျိုးဟာ ပမာဏ
အားဖြင့် သင့်တင့်အောင် ချင့်ချိန်စားသုံး
ရမည့် အစာမျိုးဖြစ်ပါတယ်။ ဆီ၊ အဆီကို
လုံးဝမစားဘဲ နေလို့မရပါဘူး။ ဆီ၊ အဆီ
အလုံအလောက်မစားလျှင်ကယ်လိုရီ အ
ပြည့်အ၀မရခြင်းကြောင့် အာဟာရချို့တဲ့
မှာဖြစ်ပါတယ်။ ကလေးများ ပုညှက်ခြင်း၊
လူကြီးများ ပိန်လှီခြင်းဟာ ကယ်လိုရီ အ
လုံအလောက် မစားသုံးနိုင်ခြင်းကြောင့်
ဖြစ်ပါတယ်။ ဆီ၊ အဆီကို လိုတာထက် ပို
စားလျှင်ကယ်လိုရီရရှိမှုများလွန်းပြီး အ
ဝလွန်လာပါလိမ့်မယ်။ရောဂါထူပါမယ်။
ဒါကြောင့် အာဟာရပြည့်ဝ မျှတလိုသူ
တိုင်း ဆီကို နေ့စဉ် သင့်တင့်စွာ စားသုံး
ရပါမယ်။

လူတစ်ယောက်ဟာ ဘာမျှမလုပ်
ဘဲ ထိုင်နေစဉ်မှာပင် အသက်ရှူခြင်း၊
နှလုံးခုန်ခြင်း၊ စဉ်းစားခြင်း စတာတွေအ
တွက် အင်အား (ကယ်လိုရီ) ကို အသုံးပြု
နေရပါတယ်။ အလုပ်လုပ်ဖို့၊ သွားလာ
လှုပ်ရှားဖို့လည်း အင်အားကို အသုံးပြုရပါ
တယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်
ခန်းပြုလုပ်ဖို့လည်း အင်အားကို အသုံးပြု
ရပါတယ်။ အားကစားပြုလုပ်တယ်ဆိုရင်
အင်အားကို အများအပြား အသုံးပြုရပါ
တယ်။ ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်နှင့်
ပရိုတင်းတစ်ဂရမ်စီမှ အင်အား ၄-ကီလို
ကယ်လိုရီသာ ရနိုင်ပါတယ်။ ဆီ (အဆီ)
တစ်ဂရမ်မှ အင်အား ၉-ကီလိုကယ်လိုရီ
(နှစ်ဆခန့်) ထိ ရနိုင်ပါတယ်။ အဆီက
ပိုပြီး အင်အားသိပ်သည်းတယ်လို့ ဆိုလို
ပါတယ်။ ဒါကြောင့် ဆီမစားဘဲ နေ့စဉ်
လိုအပ်တဲ့ ကယ်လိုရီ အပြည့် ရရှိဖို့မလွယ်
ပါဘူး။

• (ခ) အစားအစာမှ ဗီတာမင်များကို စုပ်ယူအသုံးပြုနိုင်ရန် -
အစားအစာများထဲမှ ဗီတာမင် အေ
(Vitamin A)၊ ဗီတာမင် ဒီ (Vitamin D)၊
ဗီတာမင်အီး(Vitamin E) နှင့် ဗီတာမင်
ကေ (Vitamin K) တို့ကို ဆီရှိမှသာ အူ
ထဲမှာ စုပ်ယူ အသုံးပြုနိုင်ပါတယ်။ ဆီ
မစားလျှင် အဆိုပါ ဗီတာမင်များ ချို့တဲ့ပြီး
ရောဂါအမျိုးမျိုး ရနိုင်ပါတယ်။

• (ဂ) ဖက်တီးအက်ဆစ်( Fatty Acid)များ ရရှိရန်
ခန္ဓာကိုယ်ဆဲလ်(Cell-ရုပ်ကလာပ်စည်း)
အသစ်များ တည်ဆောက်ရာမှာFatty Acid (အဆီအက်စစ်) များကို
မရှိမဖြစ်လိုအပ်ပါတယ်။Fatty Acid အ
ချို့ကိုခန္ဓာကိုယ်အတွင်းမှာတည်ဆောက်
နိုင်ပါတယ်။ Fatty Acid အချို့ကိုတော့
ခန္ဓာကိုယ်အတွင်းမှာ မတည်ဆောက်နိုင်
တဲ့အတွက် အစားအစာမှ မဖြစ်မနေ ရ
အောင် စားသုံးရပါတယ်။
ယင်းတို့ကိုEssential Fatty Acids လို့ ခေါ်ပါတယ်။
Essential Fatty Acids များ ရရှိနိုင်ဖို့ဆီ
ကို နေ့စဉ် စားသုံးရပါမယ်။

• (ဃ) အရသာရှိရေး၊ အာသာ ပြေရေး -
ဆီက အစားအစာကို ပိုပြီး အရသာ
ရှိစေပါတယ်။ စားတဲ့အစာမှာ ဆီပါလျှင်
လျင်မြန်စွာ အာသာပြေပါတယ်။

အဆီနှင့်ဆီအမျိုးမျိုးကို ဘယ်လောက် စားသင့်ပါသလဲ
-------------------------------------------------------
အရွယ်ရောက်ပြီးသူတစ်ယောက်
ဟာ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီ စုစု
ပေါင်းရဲ့ ၂၀%-၃၀% ကို ဆီ၊ အဆီမှ ရ
အောင် စားသုံးသင့်ပါတယ်။ ထိုသူတွေဟာ
အသက်ရှည်ပြီးရောဂါနည်းကြပါတယ်။
ဆီမှရတဲ့ ကယ်လိုရီဟာ စုစုပေါင်းစား
သုံးတဲ့ ကယ်လိုရီပမာဏရဲ့ ၂၀%ထက်
နည်းရင် တစ်နေ့တာလိုအပ်တဲ့ ကယ်လို
ရီပြည့်ဖို့မလွယ်ပါဘူး။ ၃၀% ထက် ကျော်
သွားရင်လည်း အ၀လွန်ပြီး ရောဂါထူနိုင်
ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ
ဟာ ကိုယ်ဝန်မရှိမီကထက် တစ်နေ့လျှင်
ကယ်လိုရီ ၃၀၀-ခန့် ပိုပြီး စားသင့်ပါ
တယ်။ နို့တိုက်မိခင်များဟာ တစ်နေ့မှာ
ကယ်လိုရီ၄၀၀-ခန့်ပိုပြီးစားသင့်ပါတယ်။
ကယ်လိုရီ၃၀၀-ရဖို့ထမင်းတစ်ပန်းကန်
ပိုစားရပါမယ်။ ထမင်း ပန်းကန်တစ်ဝက်
နှင့် ဆီ ၁၆-ဂရမ် (၁-ကျပ်သား ခန့်)
စားရင်လည်း ကယ်လိုရီ ၃၀၀-ခန့်ရရှိ
နိုင်ပါတယ်။ ထမင်း များများမစားနိုင်လျှင်
ဆီနည်းနည်း ပိုစားသင့်တယ်လို့ ပြောလို
ခြင်းဖြစ်ပါတယ်။

အသက်၆-လမှ ၃-နှစ်ထိ ကလေး
များဟာ ကယ်လိုရီ စုစုပေါင်းရဲ့ ၃၅% မှ
၄၀% ကို ဆီ၊ အဆီမှ ရအောင် စားသုံးမှ
သာ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာ
ကြပါတယ်။ အစာများများ မစားနိုင်သေး
တဲ့ အရွယ်မို့ ဆီကရတဲ့ ကယ်လိုရီအ
ချိုးအဆဟာ လူကြီးတွေထက် များရခြင်း
ဖြစ်ပါတယ်။

အသက် ၆-လထိ မိခင်နို့တစ်မျိုး
တည်းစို့တဲ့ကလေးများဟာ ကျန်းမာပြီး
ပုံမှန် ကြီးထွားဖွံ့ဖြိုးကြပါတယ်။ မိခင်နို့
မှရတဲ့ကယ်လိုရီ စုစုပေါင်းရဲ့ ၅၀% ကျော်
ဟာ မိခင်နို့ထဲရှိ အဆီဓာတ်မှ ရရှိခြင်းဖြစ်
ပါတယ်။ လူတစ်ယောက်တစ်နေ့တာစား
သုံးနိုင်တဲ့ ဟင်းချက်ဆီပမာဏဟာ ၂
ကျပ်သားခန့်ဖြစ်ပါတယ်။ လူ ၅ယောက်
ရှိတဲ့ မိသားစုတစ်စုမှာ တစ်လလျှင် ဆီ ၃
ပိဿာသုံးတယ်ဆိုရင်သင့်တင့်ပါတယ်။

နေ့စဉ် တိရစ္ဆာန်အဆီမှရတဲ့ ကယ်
လိုရီဟာ ၁၈၀ ကီလို ကယ်လိုရီထက်
မပိုသင့်ပါဘူး။

ဆီဝယ်ရာတွင်
--------------
ဆီဝယ်တဲ့အခါ အနံ့ကောင်း၊ မ
ကောင်း နမ်းကြည့်ဖို့ အရေးကြီးပါတယ်။
ဆီချေးစော်နံခြင်းဟာဓာတ်ပျက် (Oxidized) ဖြစ် နေခြင်းဖြစ်ပါတယ်။ ဟင်းသီး
ဟင်းရွက်ဆီများဟာ လေသလပ်လျှင်
ဓာတ်ပျက်ပါတယ်။ နေရောင် ထိုးလျှင်
လည်း ဓာတ်ပျက်ပါတယ်။ မစားသုံးဘဲ
ကြာကြာထားလျှင်လည်း ဓာတ်ပျက်ပါ
တယ်။ ဟင်းချက်ဆီဝယ်ရင် ပုံးကြီးကြီး
နှင့်ဝယ်ပြီး အချိန်ကြာမြင့်စွာ ထား၍မစား
သင့်ပါ။ နေရောင် မဖောက်ထွင်းနိုင်တဲ့ပုံး
(Container) ထဲမှာ ထည့်ထားသင့်ပါ
တယ်။ ဆီပုံးကို အေးပြီး နေရောင်မထိုးတဲ့
နေရာမျိုးမှာ သိမ်းထားသင့် ပါတယ်။

ဆီကို အသုံးပြုခြင်း
-------------------
ဆီကို အငွေ့ထွက်အောင် ကြော်ရင်
ဆီငွေ့မှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်များ
(ဥပမာ- Polycyclic Aromatic Hydro-
carbons - PAH, Acrilamide) ဖြစ်ပေါ်
လာပါတယ်။ အကြိမ်ကြိမ် ပြန်သုံး (ပြန်
ကြော်) ထားတဲ့ ဆီထဲမှာ ကျန်းမာရေးကို
ထိခိုက်စေတဲ့ ဓာတ်ပစ္စည်း
(Polar Compounds, Polymers) များ ပါဝင်နေပါ
တယ်။ အသွင်ပြောင်းဆီTrans Fatty Acids များ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကြော်
ပြီးသား ဆီကို အကြိမ်ကြိမ် ပြန်သုံးခြင်း
ဖြင့် သွေးတိုးရောဂါ၊ အဆစ် ရောင်ရောဂါ၊
နှလုံးသွေးကြော ရောဂါ၊ ကင်ဆာရောဂါ
(အစာအိမ်၊ ရင်သား၊ ဆီးအိမ်ကင်ဆာ)များ
ဖြစ်နိုင်ပါတယ်။ အသား၊ ငါးတို့ကို
ဆီကျန်၊ရေကျန်ချက်စားခြင်းဟာ
ကျန်းမာရေးနှင့် ညီညွတ်ပါတယ်။

အသားကို ကင်ရာမှ ထွက်သော ဆီများ
---------------------------------------
အသားတွေကို ကင်လိုက်တဲ့အခါ
အဆီများ အပြင်ကို ထွက်လာပါတယ်။
ထွက်လာတဲ့ အဆီတွေဟာ မီးဖိုပေါ်သို့
ကျနိုင်ပါတယ်။ ကျသွားတဲ့ အဆီတွေ
မီးလောင်ပြီး ထွက်လာတဲ့ ဆီငွေ့များက
အပေါ်တက်ပြီး အသားကို ပြန်ရိုက်တဲ့
အခါ အသားများတူးခြစ်သွားနိုင်ပါတယ်။
ဆီငွေ့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်
ပစ္စည်း Polycyclic Aromatic Hydrocarbon- PAH
များပါဝင်နေပါတယ်။ ဆီ
ငွေ့ကြောင့် တူးခြစ်နေတဲ့အသားကို စား
လျှင် ကင်ဆာဖြစ်နိုင်တဲ့ အလားအလာ
များပါတယ်။ ဒါကြောင့် အသားကင်တဲ့
အခါ မျက်စိဖြင့်မြင်နိုင်တဲ့ အသားမှာ ကပ်
နေတဲ့အဆီများကို တတ်နိုင်သမျှ ဖယ်ပစ်
သင့်ပါတယ်။ မီးဖိုပေါ်သို့ ဆီများမကျ
အောင် ဂရုစိုက်သင့်ပါတယ်။ မီးဖိုပေါ်ကျ
သွားတဲ့ဆီမှ အငွေ့များထွက်လာလျှင်
ချက်ချင်း ငြှိမ်းသတ်ပစ်သင့်ပါတယ်။

မြန်မာတွေ ဆင်ခြင်ပြီး လျှော့စား
သင့်တဲ့အစာ၊ ပိုစားသင့်တဲ့ အစာတွေကို
အကျဉ်းချုပ် တင်ပြပါမယ်။

မြန်မာတို့ လျှော့၍စားသင့်သော
အစာနှင့်အာဟာရဓာတ်များ
--------------------------------
ငါးပိရည်ဟာ ရိုးရာမြန်မာ့ထမင်း
ဝိုင်းမှာ မပါလျှင် မဖြစ်တဲ့အစာမျိုး ဖြစ်နေ
ပါတယ်။ မြန်မာတွေဟာ ငါးပိကောင်၊
ငါးပိချက်၊ ငါးခြောက်၊ ပုစွန်ငါးပိ စတဲ့
အရသာငန်တဲ့အစာများကိုလည်း အလွန်
နှစ်ခြိုက်ကြပါတယ်။ အငန်(ဆိုဒီယမ်)
စားသုံးမှုနှင့် သွေးတိုးရောဂါတို့ရဲ့ ဆက်
နွှယ်ပုံကို အထောက်အထားများ ပို၍ပို၍
တွေ့ နေရပါတာကြောင့် သွေးတိုးရောဂါ
ဖြစ်မှ အငန်ရှောင်တာထက် နေ့စဉ်စား
သုံးတဲ့ အစားအစာများမှာ အငန်လျှော့တဲ့
အလေ့အထကို ထူထောင်သင့်ပါတယ်။ ထမင်းစားပွဲပေါ်မှာ ဆားပုလင်းတင်ထား
တဲ့ အလေ့အကျင့်မျိုးကို ရှောင်သင့်ပါ
တယ်။ အထူးသဖြင့် မိဘ၊ ညီအစ်ကို၊
မောင်နှမ၊ ဆွေမျိုးတွေထဲမှာ သွေးတိုး
ရောဂါ ဝေဒနာခံစားနေရသူများရှိပါက
ပိုပြီး ဆင်ခြင်သင့်ပါတယ်။

ချိုလွန်းတဲ့ အစာများရှောင်သင့်ပါ
တယ်။ ဖြူလွန်းအောင် ကြိတ်ခွဲထားတဲ့
ဆန်ကို လျှော့ပြီး၊ ပေါင်းဆန်၊ လျှော့
ကြိတ်ဆန်တို့ကို အစားထိုး စားသုံးသင့်ပါ
တယ်။

အမဲဆီ၊ ၀က်ဆီ၊ ထောပတ် စတဲ့
တိရစ္ဆာန်ထွက် အဆီများကို လျှော့ပြီး
ယင်းတို့ရဲ့နေရာမှာ အပင် ထွက်ဆီများကို
အစားထိုး စားသုံးသင့်ပါတယ်။ အပင်
ထွက်ဆီပင်ဖြစ်စေကာမူ အကြိမ်ကြိမ်
ပြန်ပြီးသုံးနေတဲ့ ဆီနှင့်ကြော်ထားတဲ့ ဆီ
ကြော်မုန့်များကိုလည်း တတ်နိုင်သမျှ
လျှော့စားသင့်ပါတယ်။

မြန်မာတို့ပို၍စားသင့်သော အစာနှင့်အာဟာရဓာတ်များ
------------------------------------------------------
မြန်မာတို့ ပိုပြီးစားသင့်တဲ့အစာနှင့်
အာဟာရဓာတ်တွေကတော့ ဟင်းသီး
ဟင်းရွက်နှင့် သစ်သီးဝလံများ၊ လျှော့
ကြိတ်ဆန်၊ ပေါင်းဆန်၊ အဆီလျှော့ထား
တဲ့နို့နှင့်နို့ထွက်အစာများဖြစ်ပါတယ်။

• ဒေါက်တာ လှကြည်

No comments: