စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Friday, February 15, 2013

ကြက်အသဲအမြစ်ဟင်း


ကြက်အသဲအမြစ်ဟင်းကို အသားဟင်းထက် ပိုကြိုက်လို့ အရင်ကတော့ မကြာမကြာချက်ဖြစ်ပါတယ်။ ခုနောက်ပိုင်း မချက်ဖြစ်တာကြာပြီမို့ ပြီးခဲ့တဲ့ပိတ်ရက်က ဈေးရောက်တုန်း လိုအပ်မယ့် အဆာပလာတွေ ဝယ်လာခဲ့လိုက်တယ်။

၁။ မြန်မာဟင်း ထုံးစံဖြစ်တဲ့ ဟင်းအနှစ်အတွက် လိုအပ်မယ့် ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၉မြှောင့်၊ ဂျင်း လက်တစ်ဆစ်၊ ငရုတ်သီးစိမ်း ၄တောင့်နဲ့ ရှမ်းနံနံတစ်ပင်ကို အသင့်ပြင်ထားပါတယ်။


၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကို ပါးပါးလှီးပြီး ပြန်နုတ်နုတ်စင်းထားပါတယ်။ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံကို လိုချင်တဲ့ အနေ အပိုင်းပိုင်းဖြတ်ထားပါတယ်။


၃။ ဟင်းချက်မယ့်အိုးထဲကို ဆီလိုသလောက်ထည့်ပြီး (ကျမတော့ ဆီထည့်တာ ပုံမှန်ထက် များသွားတယ်) ဆီကျက်ရင် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ သူ့အဆင့်အတိုင်းထည့်ပြီး ကြက်သွန်တွေ ဝါရောင်သမ်းပြီး ကျက်တဲ့အထိ ဆီသတ်ပါတယ်။


၎။ ပြီးရင် အရွယ်တော်ပိုင်းထားတဲ့ အသဲ၊ အမြစ်တွေထည့်၊ ငရုတ်သီးစိမ်းနဲ့ ရှမ်းနံနံထည့်၊ ခဏမွှေပြီး ရေနည်းနည်းထည့်၊ အရသာအတွက် ဆား၊ အချိုမှုန့် သင့်ရုံထည့်ပြီး ချက်ပါတယ်။ ရေခန်းလို့ ဆီပြန်ပြီဆိုရင် ကြက်အသဲအမြစ်ဟင်းတစ်ခွက် ရပါပြီ။ 

No comments: