ပျားတုတ်ဒဏ်ရာ။ ။ ပျား သို့မ ဟုတ် နကျယ်ကောင် အတုပ်ခံရလျှင် ကြက်သွန်နီတစ်ဥကို
လှီးပြီး အရည် ကို ဒဏ်ရာရတဲ့အရေပြားအပေါ်မှာ လိမ်းပေးပါ။
ခြေဝဲနာ။ ။ ခြေဝဲနာဖြစ်လို့ ခုန်ဆွခုန်ဆွနှင့် လမ်းလျှောက်နေရရင် မပူပါနှင့်။ သင့်ခြေထောက်များကို လက်ဖက်ခြောက်ရည်ထဲ နှစ်စိမ်ထား ပါ။ လက်ဖက်ခြောက်ထဲမှာပါတဲ့ Tannic Acid က ယားယံခြင်းကို သက်သာစေတယ်။ ပြုလုပ်ပုံက ဇလုံကြီးကြီးတစ်ခုထဲသို့ ဆူနေ တဲ့ ရေနွေးတစ်လီတာလောက် ထည့်ပါ။ ရေနွေးထဲသို့ လက်ဖက်ခြောက်တစ်ခါသောက် အထုပ်ငယ်၆ထုပ်လောက်ထည့် လိုက်ပါ။ ရေနွေးကို အအေး ခံထားပါ။ ရေအေးလာရင် ခြေ ထောက်ကို နာရီဝက်လောက် စိမ်ထားပါ။ ခြေထောက် ကို လက်ဖက်ခြောက် အ ရောင်စွန်းနိုင်တာကို တော့ သတိထားပါ။
ဝမ်းလျှောခြင်း။ ဝမ်းလျှော ဝမ်းပျက်ဖြစ် လျှင် ကုန်ခန်းသွားတဲ့ ဓာတ်တချို့ကို ပြန်လည် ဖြည့်တင်းပေးဖို့ငှက်ပျောသီးကို စားပါ။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ဓာတ် များပါတယ်။
အပူလောင်ဖု ။ ရေနွေး ကြောင့်ဖြစ် စေ၊ ဆီပူပေါက်လို့ဖြစ်စေ အရေပြား ပေါ်အပူဖုလောင်ဖြစ်လာရင်တော့သန့် ရှင်းတဲ့ ပိတ်စတစ်စကို နွားနို့ထဲစိမ်ပြီး အပူလောင်ဖုအပေါ် ၁၅ မိနစ်လောက် အုံပေးပါကသက်သာပါလိမ့်မယ်။ လက် ဖက်ခြောက်လည်းပဲ နွားနို့လို အစွမ်း သတ္တိရှိပါတယ်။ ရေနွေးပူစိမ်ထားတဲ့ လက်ဖက်ခြောက်ထုပ်တစ်ထုပ်ကို အအေးခံပြီးလည်း အပူလောင်တဲ့ နေရာကို အုံပေးလို့ ရပါတယ်။
Ref: Reader's Digest July, 2003.
No comments:
Post a Comment