စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Sunday, February 10, 2013

အိမ်ထောင်ရှင်လေးမျိုး

အိမ်ထောင်ရှင်လေးမျိုး -
**************
( ၁ ) အိမ်ရှင်လင်က ၊ သီလဖြူစင် ။
အိမ်သူမယား ၊ ဖေါက်ပြားကျင့်စဉ် ။
လင်ကနတ်သား၊မခြားပုံသွင် ။
ချစ်ဇနီး အပြီးသူသေပင် ။ ။
ဤအတွဲသည် လင်ကနတ်သား-မယားကသူသေအတွဲမည်၏ ။

(၂) အိမ်သူရှင်မ ၊ သီလဖြူစင် ။
အိမ်ရှင်သက်ထား ၊ တရားမခင် ။
သူသေလင်သား ၊ မခြားပုံသွင် ။
ချစ်ဇနီး နတ်သမီးတူလှပင် ။ ။
ဤအတွဲသည် မယားကနတ်သ္မီး-လင်ကသူသေအတွဲမည်၏ ။

(၃) လင်နှင့်မယား ၊ နှစ်ပါးညီတူ ။
ကျင့်ဝတ်ဖေါက်ပြား ၊ တရားမဖြူ ။
သူသေနှစ်ဦး ၊ ယှဉ်ပူးကာမြူ ။
ချမ်းသာလွဲ ငရဲကျ၍ပူ ။ ။
ဤအတွဲသည်သူသေမယားနှင့်သူသေလင်အတွဲမည်၏ ။

(၄) လင်နှင့်မယား ၊ နှစ်ပါးညီတူ ။
ကျင့်ဝတ်တရား ၊ လေးစားစင်ဖြူ ။
နတ်သမီးနတ်သား ၊ နှစ်ပါးချိုမြူ ။ ။
ခိုမှီကပ် လူနတ်မြတ်နိဗ္ဗူ ။ ။
ဤအတွဲသည်နတ်သားလင်နှင့်နတ်သ္မီးမယားအတွဲမည်၏ ။

(၅) အိမ်ထောင်လေးပါး ၊ ရှုစားဆင်ခြင် ။
မကောင်းပယ်လှပ် ၊ ကောင်းမြတ်ခင်မင် ။
စိတ်တူ ကိုယ်မျှ ၊ စစပြုပြင် ။
မြန်ခဏ စံရနိဗ္ဗူခွင် ။ ။
ဤဒေသနာတော်၌
အသက်ရှင်၍နေပင်နေငြားသော်လည်း
ဝါရိတ္တသီလ ၊ စာရိတ္တသီလတည်းဟူသော
ကိုယ်ကျင့်တရားများသေနေသောကြောင့်
သူသေဟုဘုရားရှင်ကဟောမိန်တော်မူပါသည် ။

( အင်္ဂုတ္တရနိကာယ်-စတုက္ကနိပါတ် )
ရွှေနီဆရာတော်

News from: Myawady Newsအိမ်ထောင်ရှင်လေးမျိုး -
**************
( ၁ ) အိမ်ရှင်လင်က ၊ သီလဖြူစင် ။
အိမ်သူမယား ၊ ဖေါက်ပြားကျင့်စဉ် ။
လင်ကနတ်သား၊မခြားပုံသွင် ။
ချစ်ဇနီး အပြီးသူသေပင် ။ ။
ဤအတွဲသည် လင်ကနတ်သား-မယားကသူသေအတွဲမည်၏ ။

(၂) အိမ်သူရှင်မ ၊ သီလဖြူစင် ။
အိမ်ရှင်သက်ထား ၊ တရားမခင် ။
သူသေလင်သား ၊ မခြားပုံသွင် ။
ချစ်ဇနီး နတ်သမီးတူလှပင် ။ ။
ဤအတွဲသည် မယားကနတ်သ္မီး-လင်ကသူသေအတွဲမည်၏ ။

(၃) လင်နှင့်မယား ၊ နှစ်ပါးညီတူ ။
ကျင့်ဝတ်ဖေါက်ပြား ၊ တရားမဖြူ ။
သူသေနှစ်ဦး ၊ ယှဉ်ပူးကာမြူ ။
ချမ်းသာလွဲ ငရဲကျ၍ပူ ။ ။
ဤအတွဲသည်သူသေမယားနှင့်သူသေလင်အတွဲမည်၏ ။

(၄) လင်နှင့်မယား ၊ နှစ်ပါးညီတူ ။
ကျင့်ဝတ်တရား ၊ လေးစားစင်ဖြူ ။
နတ်သမီးနတ်သား ၊ နှစ်ပါးချိုမြူ ။ ။
ခိုမှီကပ် လူနတ်မြတ်နိဗ္ဗူ ။ ။
ဤအတွဲသည်နတ်သားလင်နှင့်နတ်သ္မီးမယားအတွဲမည်၏ ။

(၅) အိမ်ထောင်လေးပါး ၊ ရှုစားဆင်ခြင် ။
မကောင်းပယ်လှပ် ၊ ကောင်းမြတ်ခင်မင် ။
စိတ်တူ ကိုယ်မျှ ၊ စစပြုပြင် ။
မြန်ခဏ စံရနိဗ္ဗူခွင် ။ ။
ဤဒေသနာတော်၌
အသက်ရှင်၍နေပင်နေငြားသော်လည်း
ဝါရိတ္တသီလ ၊ စာရိတ္တသီလတည်းဟူသော
ကိုယ်ကျင့်တရားများသေနေသောကြောင့်
သူသေဟုဘုရားရှင်ကဟောမိန်တော်မူပါသည် ။

( အင်္ဂုတ္တရနိကာယ်-စတုက္ကနိပါတ် )
ရွှေနီဆရာတော်

News from: Myawady News

No comments: