စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Monday, March 25, 2013

ဒါနဥပပါရမီ

ပရဟိတလူငယ်အသင်း၏ သတ္တမအကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲ နှင့် လုပ်အားဒါန အလှူအား အောက်ဖော်ပြပါနေ့ရက်၊ အချိန်တွင်ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် လိုက်ပါသွေးလှူဒါန်း လိုသော သွေးလှူရှင်များ လုပ်အားဒါနပါဝင်ဆောင်ရွက်ချင်သော သူငယ်ချင်း မိတ်ဆေ
ွ အသင်း ဝင်များအား ပရဟိတလူငယ်အသင်းမှ ပါဝင်၍ လှူဒါန်းနိုင်ရန်အတွက် လေးမြတ်စွာဖြင့်ပန်ကြားအပ်ပါသည်။

သွေးလှူဒါန်းရန်တည်နေရာ

• ဗိုလ်တထောင်ဘုရားဝန်း (မေတ္တာဗျူဟာ သွေးလှူခန်းမ)
သွေးလှူဒါန်းမည့်နေ့ရက်
• ၀၇ - ၀၄ - ၂၀၁၃ (တနင်္ဂနွေနေ့)


သွေးလှူဒါန်းမည့်အချိန်
• နံနက် (၀၈း၀၀) နာရီ မှ နေ့လည် (၁၂း၀၀) နာရီ အထိ
• (အချိန်မှန်လာရောက်ပေးခြင်းဖြင့်ကုသိုလ်တော်ယူကြပါရန်)


အကျွေးအမွေးအစီအစဉ်
• သွေးလှူရှင်များအားအာဟာရဒါနများဖြင့်တည်ခင်းဧည့်ခံမည်ဖြစ်ပါသည်


ကုသိုလ်ရေးမို့သွေးလှူမည်

• * အပြင်ပစ္စည်းများကိုလှူဒါန်း ခြင်းသည် ဒါနပါရမီ မည်၏
• * ကိုယ်အင်္ဂါအသွေးအသားများကိုလှူဒါန်းခြင်းသည် ဒါနဥပပါရမီ မည်၏
• * အသက်ကိုလှူခြင်းသည် ဒါနပရမတ္တပါရမီ မည်၏
• * သင့်သွေးဖြင့် ဒါနဥပပါရမီ ကိုဖြည့်ကျင့်ပါ
• * သင့်သွေးဖြင့် အသက်များကိုကယ်တင်ပါ


ဗုဒ္ဓမြတ်စွာ လျောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ၊ လူနတ်များစွာ ချမ်းသာရေးမို့ အသက်သွေးနဲ့ ဖြည့်ခဲ့သည်၊
သတ္တ၀ါတွေ သက်ရှည်ရေးအတွက် အသက်သွေးကိုလှူပါမည်၊
ဥပပါရမီ ကျင့်စဉ်မြတ်နဲ့ ကျေးဇူးဆပ်လို့ပူဇော်မည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့ ကုသိုလ်သွေးမို့ လှူလိုက်မည်။

သွေးလှူဒါန်းလိုသူများအတွက် ရှောင်ရန်နှင့် လိုအပ်ချက်များ

လိုအပ်ချက်များ
• သင်သည် အသက် (18) မှ (55) နှစ်အတွင်းဖြစ်ရမည်။
• အမျိုးသားများအတွက် ကိုယ်အလေးချိန် ပေါင် (110) အထက်ရှိရမည်။ အမျိုးသမီးများအတွက် ကိုယ်အလေးချိန် ပေါင် (100) အထက်ရှိရမည်။
• လက်တလောရောဂါဝေဒနာ ခံစားမှုမရှိခြင်း (နှာစေး၊ ချောင်းဆိုး၊ ဆေးမှီဝဲမှုမရှိခြင်း) တို့နှင့်ပြည့်စုံပါမှသွေးလှူနိုင်ပါသည်။

ရှောင်ရန်များ
• လွန်ခဲ့သော (6)လအတွင်းက ဆေးမှင်ကြောင်ထိုးခဲ့ခြင်း၊ နားဖောက်ခဲ့ခြင်း၊ ဆေးအပ်စိုက်ခဲ့ခြင်း။
• ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ ဓမ္မတာသွေးလာခြင်း။
• လွန်ခဲ့သော (1)နှစ်အတွင်း ခွဲစိတ်ကုသမှုခံယူခဲ့ခြင်း။
• လွန်ခဲ့သော (3)ပတ်အတွင်း ရေခြောက်၊ သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့်ရောဂါများဖြစ်ခဲ့ခြင်း။
• လွန်ခဲ့သော (3)ရက်အတွင်း ဆေးဝါးများမှီဝဲခြင်း (ဥပမာ - Aspirim, Ponstan, Anitibiotic)
သွေးလှူခြင်းနှင့်ပါတ်သတ်၍ သိစေလိုသော အချက်အလက်များ
၁။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် သွေးအားနည်းနိုင်ပါသလား။
အကြမ်းဖျင်းအားဖြင့် အရွယ်ရောက်ပြီးသူများတွင် သွေးပမာဏ (၅)လီတာမှ (၆)လီတာထိရှိပါသည်။သွေးလှူဒါန်းမှု တစ်ကြိမ်တွင် သွေး (၄၅၀) မီလီမီတာသာ ထုတ်ယူပါသည်။ ထုတ်ယူလိုက်သော သွေးပမာဏသည် (၇၂)နာရီအ တွင်းပြန်လည်ပြည့်သွားမည် ဖြစ်ပါသည်။ သွေးအား (Hemoglobin)မပြည့်သူများ သွေးမလှူဒါန်းမိစေရန် ...စစ်ဆေးမှု ပြုပြီးမှလက်ခံသဖြင့်သွေးအားမနည်းနိုင်ပါ။

၂။ သွေးလှူဒါန်းခြင်းဖြင့် ကျွန်ုပ်တွင် ရောဂါများ ရနိုင်ပါသလား။
သွေးလှူဒါန်းဖြင့် မည်သည့်ရောဂါမှ ကူးစက်ခံရခြင်းမရှိပါ။ အသုံးပြုနေသော အပ်များ၊ ပိုက်များသည် ပိုးကင်းစင်ပြီး တစ်ခါသုံးများ သာ ဖြစ်ပါသည်။

၃။သွေးဖောက်ယူရာတွင်နာကျင်ပါသလား။
သွေးလှူရှင်တို်င်း ပထမအကြိမ်တွင် ကြောက်ရွံ့ တတ်ပါသည်။ သို့သော် သွေးဖောက်ယူမူတွင် အရေပြားကိုဖောက်ချိန် တွင်သာ အနည်းငယ် နာကျင်ပါသည်။ ယင်းနောက် နာကျင်မှု လုံးဝ မရှိပါ။

၎။ ကျွန်ုပ်သည် သွေးလှူဒါန်းနိုင်အောင် ကျန်းမာပါရဲ့လား။
ဆရာဝန်မှ သွေးမလှူဒါန်းမီ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပါသည်။ ကျန်းမာရေးနှင့် မညီညွတ်သူများ၏ သွေးများကို လက်မခံပါ။ သင့်တော်သော လမ်းညွှန်မှုပေးပါသည်။ထို့ကြောင့် သွေးလှူဒါန်းခြင်းသည် သင့်ကျန်းမာရေးကို စစ်ဆေး ခြင်းလည်းဖြစ်ပါသည်။

၅။ ကျွန်ုပ် သွေးလှူဒါန်းပြီးပါပြီ၊ ထပ်မံလှူဒါန်းရန် လိုအပ်ပါသလား။
လူနာများအတွက် နေ့စဉ်သွေး ယူနစ် ၁၀၀ မှ ၁၅၀ အတွင်းလိုအပ်ပါသည်။ သွေးလှူရှင်တစ်ဦးသည် (၄) လ တစ်ကြိမ် သာလှူ ဒါန်းနိုင်ပါသောကြောင့် လိုအပ်သော လူနာများအား အဆင်သင့် ထောက်ပံ့နိုင်ရန် အစဉ် ကြိုးပမ်းနေရပါသည်။ ထို့ကြောင့် လူနာ များကို ကူညီနိုင်ရန် သင်ကဲ့သို့ အချိန်မှန်မှန်လှူဒါန်းနေကြသော သွေးလှူရှင်များအပေါ် အားကိုးနေရ ပါသည်။

၆။ သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာမည်လား။
သွေးလှူဒါန်းခြင်းဖြင့် ကိုယ်အလေးချိန် တိုးလာမှု လုံးဝမရှိပါ။ သင့်အတွက် သေချာပေါက် ရရှိသွားမည်မှာလိုအပ်သောဝေဒနာရှင် လူနာတစ်ဦးအား ကူညီနိုင်မှုအတွက် ဖြစ်ပေါ်လာသော " ပီတိ" သာ ဖြစ်ပါသည်။

ရ။ သွေးအတုများ ရရှိနိုင်ပါမည်လား။
သွေးဆဲလ်များအတွက် လုံးဝ အစားမထိုးနိုင်သေးပါ။ လူသားမှ လှူဒါန်းမှသာ သွေးလိုအပ်နေသူများကို အသက်ကယ်နိုင်မည် မည်ဖြစ်ပါသည်။

၈။ သွေးများ အသုံးပြုပြီးပါက သွေးအသုံးပြုမှုအတွက် ငွေကြေးပေးရပါမည်လား။
စေတနာသွေးလှူရှင်မှ အခမဲ့ စေတနာအလျှောက် လှူဒါန်းခဲ့သောကြောင့် သွေးအတွက် အခကြေးငွေ ပေးစရာမလိုပါ။ သို့သော် သွေးသွင်းကုသနိုင်သည်အထိ ရောက်ရှိရန် ပြုလုပ်ခဲ့ရသော သိုလှောင်မှု၊ စမ်းသပ်စစ်ဆေးမှုအတွက် လိုအပ်သော ကုန်ကျစရိတ် များကို သုံးစွဲသူတို့မှ နိုင်ငံတော်နှင့် မျှဝေ၍ ကျခံပေးပါသည်။

၉။ လှူဒါန်းပြီးသော သွေးများကို မည်ကဲ့သို့ ပြုပြင်ပါသနည်း။
ထုတ်ယူပြီး သွေးများအားလုံးကို HIV, Hepatitis, Syphilis အစရှိသော ရောဂါပိုးများအတွက်ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်း များမှ စစ်ဆေးပါသည်။ ထုတ်ယူပြီးသော သွေးများမှ (၃၀ %) သာ သွေးအိတ်များကို (၆) နာရီအတွင်း သွေးရည်ကြည်၊ သွေးဥမွှား၊ သွေးနီဥ concentrate များအဖြစ် လိုအပ်သလို ခွဲထုတ်ပါသည်။

၁၀။ သွေးလှူဒါန်းခြင်းသည် အချိန်မည်မျှ ကြာမည်နည်း၊ မည်သည့်ဆောင်ရွက်ချက်များ ပြုလုပ်ရမည်နည်း။
ပျမ်းမျှအားဖြင့် သွေးဖောက်ယူခြင်းသည် (၁၀) မိနစ်မှ (၁၅) မိနစ်သာ ကြာမြင့်ပါသည်။ သို့သော် မှတ်ပုံတင်ခြင်းမှစ၍ အနားယူ ပြီုးချိန်အထိ စုစုပေါင်း (၆၀) မိနစ်ခန့် ကြာမြင့်ပါမည်။

ဆက်သွယ်ရန်
ဖုံးနံပါတ် - ၀၉ ၇၃၀ ၅၈ ၃၉၈ ၊ ၀၉ ၇၃၂ ၂၈ ၂၇၄ ၊ ၀၉ ၅၁၀ ၁၅၃၉ ၊၀၉ ၅၀ ၉၈ ၄၉၅
အီးမေးလိပ်စာ - youthcharitypartners@gmail.com

သွေးလှူရှင်များနှင့် လုပ်အားဒါန အလှူတွင် ပါဝင်လိုသူများအနေဖြင့် အမှုဆောင်အဖွဲ့ (ရန်ကုန်) သို့တိုက်ရိုက်ဆက်သွယ်၍ အမည်စာရင်များ ကြိုတင်ပေးသွင်းထားခြင်းဖြင့် ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန်လေးစားစွာဖြင့်အသိပေးနှိုးဆော်လိုက်ရပါသည်။

မေတ္တာမွန်ဖြင့်

အမှုဆောင်အဖွဲ့ (ရန်ကုန်)
ပရဟိတလူငယ်အသင်း
https://www.facebook.com/youthcharitypartners?ref=tn_tnmn

No comments: