စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Friday, July 5, 2013

လမ်းပေါ်ကအချိန်ခိုးနေကြသူများ




ရန်ကုန်မြို့တွင်နေထိုင်ကြသော ကျောင်းသား၊ကျောင်းသူများ၊ နိုင်ငံဝန်ထမ်းများ၊ လက်လုပ်လက်စားများ မှာ ဘတ်(စ်)များကိုသာအားထားပြီး သွားလာလုပ်ကိုင်နေကြရပါသည်။ ထိုသို့သွားလာရာတွင် နှောင့်နှေး ကြန့်ကြာမှုများကြောင့် ဒုက္ခရောက်ကြရပါသည်။ နှောင့်နှေးမှုကြောင့် တန်ဖိုးရှိသောအချိန်များ၊

ငွေများ၊ လူမှုဆက်ဆံရေးများ ဆုံးရှုံးရပါသည်။ထိုသို့နှောင့်နှေးရခြင်းမှာ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အများဆုံးဖြစ် ပါသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းများနှင့်ပက်သက်၍ ကျွန်တော်အမြင်ကို အနည်းငယ်တင်ပြလို ပါသည်။ Taxi များအားမြို့နယ်အလိုက် ရပ်နားကွင်းများထားရှိပြီး ငှားလိုသူမှ ဖုန်းဖြင့်ငှားရမ်းနိုင်ရန် စီစဉ်ပေးခြင်း၊ ကျောင်းကားများအား ယ္ခုလက်ရှိသုံးနေကြသော Light Truck များအစား Bus များ စီစဉ်ပေးခြင်း၊ ရုံးတက်ရုံးဆင်းချိန်တွင် လိုင်းကားများအားမီနစ်ခြား၍မလွှတ်ဘဲ နှစ်စီ၊ သုံးစီး တစ်ပြိုင်တည်းလွှတ်ပေးခြင်း၊ အစရှိသည်များကို ဆောင်ရွက်ပေးပါက ထိုက်သင့်သလောက်ပြေလည် သွားမည်ဟု ထင်ပါသည်။ နောက်ဆုံးအနေဖြင့် မြို့သူ၊ မြို့သားများ မိမိတို့၏ တန်ဖိုးရှိသောအချိန်များ ခိုးယူခံရခြင်းမှ အမြန်လွတ်ကင်းပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။ မိမိတို့၏ အမြင်များကိုလည်း Commet ရေးပေး သွားကြပါလို့တိုက်တွန်းပါတယ်။

No comments: