စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Saturday, January 19, 2013

မေတ္တာဖျန်း၍ လန်းနိုင်စေသော်


ပရဟိတ ဟူသည် ပါဠိ စကားလုံး ဖြစ်ပြီး မြန်မာ လိုပြန်သော် အများ၏ အကျိုးစီးပွါးကို ရွက်ဆောင်ပေးမှု ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊ ယနေ့ အာရှတိုက် နယ်တခွင် တွင် ဗုဒ္ဓဘာသာဝင် ကိုးကွယ်သူအပေါင်း သန်း၃၇၀ ကျော်မျှသာ ရှိရာ အခြားသော ဘာသာဝင်များနှင့် ယှဉ်ပါက အားအနည်းဆုံးဘာသာ အင်အား အချည့်နဲ့ ဆုံးဘာသာ အဖြစ် ရပ်တည် နေပေပြီ ထိုမျှမကသေး ဗုဒ္ဓဘာသာဝင်တို့သည် ပရဟိတ လူမှုအကျိုးပြု လုပ်ငန်းဟုခေါ်သော လိုအပ်နေသော စာသင်ကျောင်း မိဘမဲ့ ဂေဟာ ကလေးသူငယ်တို့အပေါ် လှုဒါန်းမှု သဒ္ဓါတရား အားအနည်းဆုံး ဖြစ်နေသည်၊ ထိုကြောင့် ကျွန်ုပ်တို့ အမိ မြန်မာ နိုင်ငံတ၀ှမ်း၌ တနေ့လျှင် မိဘမဲ့ ကလေးသူငယ်ပေါင်း ရာနှင့် ချီ၍ဘာသာခြားတို့ ဘ၀ရောက်နေရပေပြီ ၀မ်းနည်းစရာပင် ကြာလျှင် ဘာသာပျောက်၍မျိုးဆက်သွေးတို့ ခြောက်ချေမည် မိမိ ကြားဘူးသော စကားတခွန်း ရှိပေ၏ ”တောင်ပေါ်ဘုရား တောင်အောက်ဘာသာခြား”ဟူသောစကားပင် မြန်မာ ဗုဒ္ဓဘာသာဝင်တို့သည် မိဘမဲ့ကျောင်းတွေမှာ မိမိ တို့ဝတ်ပြီးသားအင်္ကျီအဟောင်းလေးတထည် ပုဆိုးအဟောင်းလေးတထည် လှုရမှာထက် တောင်ပေါ်မြေအောက် ဘုရားတည် ကျောင်းဆောက်နှင့် ရေပြည့်အိုးသာ လျှံအောင် ဖြည့်လိုနေကြ၏။ ထို့ကြောင့်ပင်
မြန်မာပြည်တလွှား အလှကြည့် ဘုရားတို့သာ တိုးပွားလာရာ စေတီနှင့် စေတီကို ရှိခိုးမည့်သူ ယှဉ်ကြည့်လျှင် စေတီကသာ ပိုမိုများပြားလာကာ စေတီကို ရှိခိုးမည့် သူက လျော့၍လျော့၍သာလာခဲ့သည်၊ အမှန်အတိုင်းပြောရလျှင် ဤပရဟိတ ဟူသော လုပ်ငန်းသည် ဗုဒ္ဓကိုယ်တော် တိုင်ပင် ပါရမီတော် ၁၀ပါး ကိုဖြည့်ကျင့်ရာ၌ (သတ္တ၀ါတို့အား ဒုက္ခအပေါင်းမှ လွတ်မြောက်စေလိုခြင်းမေတ္တာထားမှု) မေတ္တာပါရမီ တော်ကို တပါးအပါအ၀င်အဖြစ် ဖြည့်ကျင့်တော် မူခဲ့ ရပေ၏ တကယ်လို့ ဗုဒ္ဓသာမေတ္တာပါရမီကို မဖြည့်ကျင့် ခဲ့ဘူး ဆိုပါက ကျန်တဲ့ သူတွေ ဖြစ်ချင်ရာဖြစ် ငါလွတ်ရင် ကျွတ်ရင်ပြီးရော ”ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဟူသော စိတ်မျိုးဖြင့်သာမိမိလွတ်ရာ ကျွတ်ရာ တခုတည်းကိုသာ ကြည့်ရှုခဲ့မည်ဆိုပါက ဗုဒ္ဓလောင်းလျှာလေးသည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းမှာ ကျွတ်တမ်းဝင်လို့ နှစ်ပေါင်းလေးသင်္ချေနှင့် ကမ္ဘာတသိန်းပင် ရှိခဲ့ပေမည်၊ ဤသည်မှာ ဗုဒ္ဓ၏ အများအကျိုးရွက်သည်းပိုးလို့မှု ပရဟိတ စိတ်ပင်.... ဗုဒ္ဓလက်ထက်တော်၌ အရှင် အာနန္ဒာကို ကိုးကွယ်ဆည်းကပ်တတ်သော ဆွမ်းခံအိမ်တအိမ် ရှိခဲ့ဘူး၏ ထိုအိမ်မှ ဒကာနှင့်ဒကာမတို့မှာ သားယောက်ျားလေးနှစ်ယောက်လဲ ရှိလေ၏ တနေ့၌ ထိုအိမ်သို့ အဟိဝါတ ဟုခေါ်သော ထိုခေတ်ရဲ့ ရောဂါဆိုး တမျိုး ဆိုက်ရောက်ရာ ကလေးနှစ်ယောက်သာ အသက်ရှင်လျှက် ကျန်ခဲ့၍ ဒကာနှင့် ဒကာမတို့ မှာ ဆုံးရှာလေတော့ ၏ ကလေးတို့မှာ မိဘမဲ့ ဖြစ်ချေပြီ ထိုကလေးနှစ်ယောက် တို့သည် မိဘတို့မှ သင်ကြား ထားသည့် အတိုင်းရဟန်းကို ရဟန်းမှန်းသိတတ်ကြသော အရွယ်ဖြစ်၍ ရဟန်းသံဃာတို့လာလျှင် အားကိုး လိုသောစိတ်ဖြင့် သင်္ကန်းစကပြေး၍ ဆွဲကြလေ၏ ထိုအခါ ရဟန်းတို့သည် မျက်နှာမသာမယာ ဖြစ်ကြ ကုန်၍ ”ဟ ဘယ်က ကလေးတွေလဲ သွားသွား” ဟု ၀ိုင်းဝန်းကြိမ်းမောင်းကြရာ ကလေးနှစ်ယောက်တို့သည် ခိုးကိုးရာမဲ့သည် ဖြစ်၍ ငိုကြရာ အရှင်အာနန္ဒာက ကျောင်းသို့ ခေါ်လာ၍ ကြံတော်မူလေ၏ ”ဗုဒ္ဓသည် အသက် ၁၅နှစ်အောက်ဖြစ်သော ကလေးတို့ကို ရှင်သာမဏေ ပြုမပေးရဟူသော အမိန့်တော်ကို ထုတ်ပြန်ထားပေ၏ ဤကလေးနှစ်ယောက်တို့သည်လည်း အသက်၁၅နှစ် မပြည့်သေး မိဘတို့ကလဲ ကွယ်လွန်ရှာလေပြီ လောကကြီးအလယ်မှာ ဤကလေးနှစ်ယောက်ကို ဒီအတိုင်း လွှတ်ထားမည်ဆိုပါက ဤကလေးနှစ်ယောက်တို့သည် အလေလိုက်၍ ပျက်စီးပေတော့မည် စားဝတ်နေရေး အတွက်သော်လည်း တောင်းစားလျှင်တောင်းစားရပေတော့မည် ငါဘယ်သို့ပြုလုပ်ပါမူ ဤကလေးနှစ်ယောက်တို့၏ ဘ၀သည် တိုးတက်အောင်မြင်၍ မပျက်စီးနိုင်ပါအံ့နည်း”ဟု ကြံကာ ဗုဒ္ဓရှေ့တော်မှောက်သို့သွားကာ ကလေးတို့၏ ဘ၀အကြောင်းကို အကြောင်းစုံ လျှောက်ထားလိုက်ရာ ဗုဒ္ဓသည် အရှင်အာနန္ဒာအား..................“အာနန္ဒာ အဲ့ဒီမိဘမဲ့ ကလေးနှစ်ယောက်ဟာ ကျီးတွေကို ပျံသန်းသွားအောင် ခြောက်လှန့်နိုင်ပါ ၏လော”
            “ အရှင်ဘုရား ခြောက်နိုင်ပါသည်”
 “အာနန္ဒာ ဤသို့ဆိုသော် ထိုကလေး နှစ်ယောက်အား ရှင်ပြုပေးရန် ခွင့်ပြုတော်မူ၏” ဟုမိန့်တော်မူကာ ရဟန်းတို့အား...... “ရဟန်းတို့ အသက်၁၅နှစ်အောက် ကျီးကို ပျံသန်းသွားအောင် ခြောက်လှန့်နိုင်သော ကလေးတို့အား ရှင်သာမဏေပြုပေးခြင်းငှါ ငါဘုရား ခွင့်ပြုတော် မူ၏” ဤနေရာ၌ ဗုဒ္ဓနှင့် ဗုဒ္ဓ၏ အလုပ်အကြွေး ဖြစ်တော်မူသော အရှင်အာနန္ဒာ မထေရ်မြတ်တို့၏ ပရဟိတ စိတ်ပင် ထိုကလေးနှစ်ယောက်တို့ မတိုင်မီ အရင်က သံဃာသည် ၁၅နှစ်အောက်ဖြစ်တဲ့ ကလေးတွေကို ရှင်ပြုပေးခွင့် မရ၊ရှင်ပြုပေးပါက အာပါတ်သင့်စေဟူသော ဗုဒ္ဓ၏ အမိန့်တော် ရှိပြီးသား ဖြစ်သည်၊ သို့သော် ဗုဒ္ဓသည် ကလေးနှစ်ယောက်၏ ဘ၀ရှေ့ရေးတိုးတက် အောင်မြင်ဖို့အတွက် မိန့်တော်မူပြီးသား အမိန့်ကိုပင် ပြန်လည် ပြင်ဆင်တော်မူခဲ့သည်၊(မဟာဝါ မဟာခန္ဓက နှာ၁၁၀၊အဟိဝါတရောဂ၀တ္ထု) ထို့ကြောင့်ပင် ကျုပ်တို့ ဗုဒ္ဓဘာသာ ၀င်တို့သည် ကလေးတို့၏ ဘ၀ကိုကယ်တင်၍ ယဉ်းကျေးအောင် စောင့်ရှောက် သွန်သင်သင့်သည် မဟုတ်ပါလော ဗုဒ္ဓသည် လူသားတို့အား မိန့်တော်မူသည့်စကားမှာ သူတော်ကောင်းဖြစ်လိုသောသူသည် “စာဂ”ဟုခေါ်သော စွန့်ကြဲပေးကမ်းခြင်း အမှုကို မဖြစ်မနေ ပြုလုပ် လုပ်ဆောင် ရမည်ဟု မိန့်တော်မူခဲ့သည် စွန့်ကြဲပေးကမ်းခြင်းကို ပြုလုပ်သည်ဆိုရာ၌ အလှုခံ ပုဂ္ဂိုလ် ၁၄ယောက် ကိုသတ်မှတ်ပြတော်မူခဲ့ရာ လူမပြောနှင့် တိရိစ္ဆာန်သည်ပင် အလှုခံပုဂ္ဂိုလ်ထဲမှာ တပါးအပါအ၀င်အဖြစ် ညွှန်ပြတော် မူခဲ့ပေသည်ဗုဒ္ဓကိုယ်တော် တိုင်ပင်လျှင် ဗုဒ္ဓဖြစ်လို၍ပါရမီ ဖြစ်ကျင့်ရာ၌ အကျင့်သုံးမျိုးဖြင့် ကျင့်တော်မူခဲ့ရသည် ဤသည်တို့မှာ..........
 (၁)လောကတ္ထစရိယ လောကထဲမှာ ကမ္ဘာကြီးထဲမှာ ရှိရှိသမျှလူတွေ အားလုံးနိုင်ငံရေးစီးပွါးရေး လူမှုရေး ပညာရေးစသည်ဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင်ရွက်ဆောင်ပေးရခြင်း
 (၂)ဥာတတ္ထစရိယ.. မြန်မာ တရုတ် ကိုးရီးယား စသည်လူမျိုးစုပေါင်းများစွာ ထဲက မိမိရဲ့ လူမျိုးဖြစ်တဲ့ အမျိုးနွယ်စုဝင် တို့ရဲ့ ပညာရေး လူမှုရေး စီပွါးရေး နိုင်ငံရေး တို့ ဖွံ့ဖြိုးတိုးတက်လာအောင် ရွက်ဆောင်ပေးရခြင်း
 (၃)ဗုဒ္ဓတ္ထစရိယ(တနည်း)အတ္တတ္ထစရိယ..မိမိကိုယ်တိုင်လူမှုရေး စီးပွါးရေး နိုင်ငံရေး ပညာရေး တွေ တိုးတက် လာအောင် လုပ်ဆောင် ကြိုးစားရခြင်းတို့ပင် ဖြစ်သည် ထို့ကြောင့် ဗုဒ္ဓကိုယ်တော်တိုင်ပင် အကျင့်တော်တွေ ထဲမှာ အရေးကြီးဆုံး အချက်တွေအဖြစ်ပရဟိတ လုပ်ငန်းတွေကို ရွက်ဆောင် ကြိုးပမ်းအားထုတ်တော် မူခဲ့ ပါလျှင် ဗုဒ္ဓ၏တပည့်များဖြစ်သော ကျွန်ုပ်တို့က အဘယ့်ကြောင့် မျက်နှာ လွှဲ၍ နေသင့်ပါမည်နည်း။ “ရှေ့မှာ ဘုရားတည် နောက်မှာ ကုလားချီ” ဖြစ်နေကြပေပြီ။မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အတုယူနိုင်စေရန် ဒုတိယကမ္ဘာစစ် အတွင်းက ခရစ်ယာန်ဓမ္မဆရာကြီး တယောက်ရဲ့ အတုယူဖွယ်ရာ သာသနာ ပြုနည်းတခုကို တင်ပြလိုပါသည်။ သူ သာသနာ ပြုရာ ၌ လက်ကိုင်ထားသော ဒဿနလေးတခုရှိပေ၏ ယင်းမှာ
                        “ထမင်းဆာနေတဲ့ လက်တွေကို
                             ဘုရားရှိခိုးခိုင်းလို့ မရဘူး” ဟူ၍ မှန်ပေ၏
ထမင်းနပ်မှန်အောင် မစားနိုင်တဲ့ သူတဦးအား ဘုရားရှိခိုး တရားနာခိုင်းပါက မည်မျှလောက် ဟောဟော အဆင်ပြေနိုင်မည် မထင်ပါ၊သို့သော်နည်းတခုရှိပေ၏ မင်းကိုငါ ထမင်းကျွေးမယ် ငါ့တရားကို နာ ငါ့ဘုရားကို ရှိခိုးဆိုရင်တော့ ရချင်ရလိမ့်မယ် ၎င်းနည်းကို ထိုခရစ်ယာန်ဓမ္မဆရာကြီးက ကောင်းကောင်းသဘောပေါက်သည် ထိုကြောင့်သူသည် ဆင်းရဲနွမ်းပါးနေသော ဗုဒ္ဓဘာသာ လယ်သမား တို့အား အဆင်ပြေအောင် အစစအရာရာ ကူည်ီခဲ့သည် စပါးတွေပဲတွေ အထွက်တိုးအောင်နည်းလမ်းကောင်း များ ရှာပေးခဲ့သည်ပဲမျိုးကောင်းကို ရှာပေးသည် မျိုးသစ်များရအောင်ကူညီလည်း တီထွင်ပေးခဲ့သည်ဟုဆိုသည် အရင်က မြန်မာ ကြက်မျိုးတို့သည် အသားသိပ်မပါကြ ထိုကြက်များကို ထိုခရစ်ယာန်ဓမ္မဆရာကြီးက နိုင်ငံခြားမှ ကြက်မျိုးကောင်းတို့နှင့် မျိုးစပ်ပေးရာ မြန်မာ ကြက်များ အသားတိုးလာကြသည်၊ သူသည် မြန်မာတို့အတွက် အာဟာရဓာတ်ပြည့်ဝသော ပဲတမျိုးကို တီထွင်ပေးခဲ့သည် ထိုပဲကို နာမည်ပေးရန် ၀ိုင်းဝန်းစဉ်းစားကြလေသောအခါ သူ့စေတနာကို ဂုဏ်ပြုသော အားဖြင့် ဗိုလ်ကိတ် ဟုပေးလိုက်ကြသည်။ထိုတောင်တွင်းကြီးနယ် လေးအတွင်း၌လည်းသမ္မာကျမ်းစာ တလုံးတပါဒမျှ မဟောရပဲ ခရစ်ယာန်ဘာသာဝင်တို့ တိုးပွားလာခဲ့ သည်ဟုဆို၏၊ဤသည်ကား ဓမ္မဆရာဗိုလ်ကိတ်ရဲ့ အတုယူစရာ သာသနာပြုနည်းတခုပင် ဗုဒ္ဓသည် ပရဟိတဟုခေါ်သော သူတပါးအကျိုးကို ရွက်ဆောင်ပေးမှု လုပ်ငန်းကို ကိုယ်တိုင်လဲ လုပ်ဆောင်ခဲ့သလို ဗုဒ္ဓအား ယုံကြည်သူတို့အားလည်း ပရဟိတ လုပ်ဆောင်ရန် ဟောကြားတော်မူခဲ့သည်။ ဗုဒ္ဓဟောကြားတော်မူခဲ့သော ကာလဒါန(အချိန်သင့် အခါသင့်အခွင်းရေးရက လုပ်ဆောင်ရန်)၅ မျိုးရှိပေ၏ ယင်းတို့မှာ...........
 (၁)အာဂန္တုက ဒါန.....ဧည့်သည်တို့အား ကျွေးမွေးလှုဒါန်းခြင်း
 (၂)ဂမိက ဒါန.... ခရီးသွားတို့အား ကျွေးမွေးလှုဒါန်းခြင်း
 (၃)ဂိလာန ဒါန......မကျန်းမာသူ လူမမာတို့အား ကျွေးမွေးလှုဒါန်းခြင်း
 (၄)ဒုဗ္ဘိက္ခ ဒါန....ဆင်းရဲသူများကို ပေးကမ်းလှုဒါန်းခြင်း
 (၅)သီလ၀န္တဖလ ဒါန....မြတ်သော အလှုခံပုဂ္ဂိုလ်တို့အား သီးဦး စားဦး လှုဒါန်းခြင်း ဟူ၍ဖြစ်၏
                                                   (ပဉ္စကနိပါတ် အဂုင်္တ္တိုလ် ကာလဒါနသုတ်)
ထိုကာလဒါနတို့ကို လှုဒါန်းသောသူသည် အကျိုးတရားများစွာ ရရှိနိုင်ပေသည် ဟုလည်း မိန့်တော်မူခဲ့သေး၏
ယနေ့ခေတ် လူဒကာ ဒကာမ တို့သည် သာသနာပြုကိစ္စသည် ရဟန်းသံဃာတွေ အလုပ်ဟုသာ ထင်နေကြသည်၊ ဗုဒ္ဓလက်ထက်တော် အခါက ဗုဒ္ဓဘာသာဝင်တို့ အားလုံးသိပြီးသား စံပြ ကျောင်းဒကာကြီး
ရှိလေသည် ၎င်းမှာ အနာထပိဏ် ဟုခေါ်သော သုဒတ္တသူဋ္ဌေးပင် သူဋ္ဌေးကြီးသည် သာဝတ္ထိ မြို့တမြို့လုံး၌ သြဇာညောင်းသလို လူချစ်လူခင်လဲပေါများလေ၏ တချို့သော အရာတို့၌ဘုရင်အပေါ်မှာပင် သူဋ္ဌေးကြီးရဲ့
စကားကတည်လေသည်ဟု ဆို၏ ထိုသို့သြဇာ ညောင်း၍လူချစ်လူခင်ပေါများရခြင်းသာမက ယနေ့ထိ ဗုဒ္ဓဘာသာဝင်တို့နှလုံးသား၌မမေ့ရက်မမေ့နိုင်လောက်အောင်ထင်ကျန်ရကျန်ခဲ့လေ၏ ယင်းမှာ တခြားကြောင့် မဟုတ် သူဋ္ဌေးကြီးရဲ့ လုပ်ဆောင်ချက်တွေကြောင့်ပင်ဖြစ်၏သူဋ္ဌေးကြီး၏ နာမည်ဖြစ်သော အနာထပိဏ် ဟူသော စကားသည် ၎င်း၏နာမည် ရင်းမဟုတ် လူအများက ချစ်ခင်လေးစား၍ချစ်စနိုး ဖြင့်ခေါ်သော နာမည် ဖြစ်ပေ၏ မြန်မာလိုပြန်သော် ခိုးကိုးရာမဲ့ သူလူဆင်းရဲတို့အား ထမင်းကိုပေးတတ်သော သူဟု ခေါ်ခြင်းဖြစ်ပေ၏ ဟုတ်ပါသည် ထိုအနာထပိဏ်ဟုခေါ်သော သုဒတ္တသူဋ္ဌေးသည် ဇေတ၀န်ကျောင်း ရဲ့ ကျောင်းဒကာကြီး ဖြစ်သလို နေ့တိုင်းနေ့တိုင်း ၎င်း၏အိမ်၌ခိုကိုးရာမဲ့နေသူ လူအပေါင်းများစွာအား ထမင်းပေးဝေ ခဲ့လေသည် အလုပ်ကောင်းပင် ဒကာကြီးသည် ခိုကိုးရာ မဲ့သူလူတို့ရဲ့ အားကိုးရာ ဖြစ်သည်
ထို့ကြောင့်ပင် “လူသေသော်လည်း နာမည်မသေ” ဆိုသလို သုဒတ္တ၏ ဂုဏ်သတင်း ယနေ့ထိ ကျန်ခဲ့ခြင်း ဖြစ်ပေသည် ။
သုဒတ္တကို လူတွေ မမေ့ကြ....................
သုဒတ္တကို လူအများ အားကျခဲ့ကြသည်............
သုဒတ္တ၏ ဂုဏ်သတင်းမွှေးပြန့်ပေစွ...........
ဤသည်ကား “သူများ အကျိုးဆောင်ကိုယ့်အကျိုးအောင် ” ဆိုသလိုသူများ အကျိုးစီးပွါးကို ရွက်ဆောင်ပေးမှုဟု ဆိုသော ပရဟိတ လုပ်ငန်းတွေကို  စွမ်းစွမ်းတမံ လုပ်ဆောင်တတ်သောသူတယောက်၏ စေတနာ အကျိုးပေးပင် မဟုတ်ပါလော........................
                                                                                  
                                                                       မေတ္တာဖျန်း၍ လန်းနိုင်စေသော်
                                                                                 အရှင်ဝါသ၀(ကျောင်းကုန်း)
                                                                                   မိုးကုတ်အေးရိပ်သာကျောင်း
                                                                                                တာမွေ

No comments: