စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Tuesday, January 22, 2013

ဒါန

~~~~ ဒါန ~~~~
မြတ်စွာဘုရားက ဒါနဆိုတာ ရဟန်းရော၊ လူရော
ပြုသင့်တဲ့ အရာလို့မိန့်မှာထားပါတယ်။
ဒါနတစ်ခုဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲ၊
စေတနာရယ်၊ ပစ္စည်းဝတ္ထုရယ်၊ အလှူခံပုဂ္ဂိုလ်ရယ်ပါ။
အဲဒီအင်္ဂါသုံးခုပြည့်စုံသွားရင် ဒါနဆိုတာဖြစ်သွားတာပါပဲ။
‎~~~~ ဒါန ~~~~

မြတ်စွာဘုရားက ဒါနဆိုတာ ရဟန်းရော၊ လူရော

ပြုသင့်တဲ့ အရာလို့မိန့်မှာထားပါတယ်။

ဒါနတစ်ခုဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲ၊

စေတနာရယ်၊ ပစ္စည်းဝတ္ထုရယ်၊ အလှူခံပုဂ္ဂိုလ်ရယ်ပါ။

အဲဒီအင်္ဂါသုံးခုပြည့်စုံသွားရင် ဒါနဆိုတာဖြစ်သွားတာပါပဲ။

ဒါနဖြစ်ဖို့ အင်္ဂါသုံးပါးထဲမှာ စေတနာဖြစ်ဖို့သာ အခက်ဆုံးပါ။

အကျိုးပေးတယ်ဆိုတာကလည်း

အဲဒီစေတနာကပဲ ပေးသွားတာပါ။

ဒါကြောင့် ဒါနပြုတဲ့နေရာမှာ

စေတနာဇောထက်သန်နေအောင် သတိထားရပါမယ်။

စေတနာ ဇောထက်သန်မှု ရှိ မရှိသိရအောင်

ဘာနဲ့တိုင်းတာမလဲဆိုရင်

ကိုယ်ပြုလိုက်တဲ့ဒါနဟာ

ဝမ်းမြောက်မှုရှိ မရှိဆိုတာနဲ့ တိုင်းတာရပါမယ်။

ကိုယ်ပြုလိုက်တဲ့ဒါနဟာ ၀မ်းမြောက်မှုရှိလား မရှိဘူးလား။

ရှိတယ်ဆိုရင်လည် ဘယ်အတိုင်းအတာထိရှိလဲ

စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။

များများဝမ်းမြောက်နေရင် များများအကျိုးပေးတော့မှာပါ။

(ဆရာတော်အရှင်ရဝေနွယ်ရဲ့ မင်္ဂလာအတွေးများစာအုပ်ကနေ

ကူးယူဖော်ပြပေးပါတယ်)

No comments: