စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Monday, February 18, 2013

မိန်းမကောင်းမိန်းမမြတ်

အကြင်မိန်းမသည် -
၁။ စားသောအခါ ၊
၂။ အ၀တ်တန်ဆာပြုပြင်ဆင်ယင်သောအခါ
ဤ အခါတို့၌ အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင်ပေးတတ်၏ ။
၃။ လျို့ဝှက်အပ်ကုန်သော မကျစ်မလစ်သောအရာတို့၌
နှမကဲ့သို့ လွန်စွာရှက်တတ်၏ ။
၎။ အမှုကိစ္စဆောင်ရွက်သောအခါ ၊
၅။ လင်၏အနီးအပါးသွားလာသောအခါ ၊
ဤ အခါတို့၌ ကျွန်မကဲ့သို့ ရိုသေစွာပြုတတ်၏ ။
၆။ ဘေးရန်အန္တရာယ်တွေ့ကြုံလာသောအခါ၌ တိုင်ပင်ဖေါ်တိုင်ပင်ဖက်ရ၏ ။
၇။ အိပ်သောအခါတို့၌ မွေ့လျော်စေတတ်၏ ။
၈။ အရောင်အဆင်းပြုပြင်ခြင်းတို့၌ တင့်တင်စွာပြုပြင်တတ်၏ ။
၉။ လင်ယောက်ျားက အမျက်ထွက်သောအခါ သည်းခံတတ်၏ ။
ဤလက္ခဏာဂုဏ်ရည် အလီလီနှင့်ပြည့်စုံသော အမျိုးကောင်းသမီးကို
မိန်းမမြတ် ဟူ၍ ပညာရှိတို့ ဆိုမိန့်တော်မူကြကုန်၏ ။


ထို မိန်းမကောင်း မိန်းမမြတ်သည် ဒီဘ၀ ဒီခန္ဓာကို စွန့်ခွါရသည်ရှိသော်
နောက်ဘ၀၌ နတ်ပြည်နတ်ရွာ ကောင်းမြတ်သောသုဂတိဘ၀ဇာတ်သို့
မုချဧကန် ရောက်ရမည်မှာ အမှန်ဖြစ်၏ ။ ။
ဘုတ္တေသု မန္တေသု ဇနီ ၀ ကန္တိနီ ၊ ဂုယှေသု ဌာနေသု ဘဂိနီ ၀ ဟိရီနီ ။
ကမ္မေသု ပတ္တေသု ကရီ ၀ ဒါသိနီ ၊ ဘယေသု မန္တီ သယနေသု ရမတီ ။
ရူပီသု သိက္ခီ ကုဗ္ဗနေသု ခမနီ ၊ သာ နာရီ သေဋ္ဌီတိ ၀ဒန္တိ ပဏ္ဍိတာ ။
ကာယဿ ဘေဒါ စ ဒိဝေ ဘဝေယျ သာ ။ ။
( လောကနီတိ - ဣတ္ထိကဏ္ဍ ဂါထာ - ၁၃ )

No comments: