-အိုဘယ့်...မိခင် ရင်ခွင်တိုးဝှေ့
ချစ်ခြင်းဆွေ့ခုန် မေတ္တာလှုံလို
နို့ချိုချိုတ သမုဒယနွယ်
လောကနယ်မှာ အဘယ်သူ့အား ထားပါရ.......။
-မိဝေးဖမဲ့ အားနွဲ့ရင်မှာ
ကြမ္မာသွေးငင် ကံဟောင်းတင်၍
မကောင်းဝဋ်ကြွေး ရှိခဲ့ရေးကြောင့်
ရင်လေးခံရ ခုဘ၀နှင့်သာ
ကျေပါစေရန် တောင်းဆုပန်ကာ
သံသရာစက်ဝိုင်း ဘ၀တိုင်း၌
မိသိုက်ဖအုံ ရင်ငွေ့လှုံရင်း
ဝပ်စင်းဂါရ၀ ပြုလိုလှသည်
ကံသစ်တည်၍ ပြည့်စေသော်ဝ်......။
-တစ်ကောင်ကြွက်သား အမှောင်အားကြီး
ဖိစီးမီးလျှံ အထီးကျန်မှာ
ခန္ဓာနှင့်စိတ် ဝေဒနာရိပ်မိုး
သောကတိုးဝင် လမ်းမမြင်ဘဲ
ကမ်းတင်မျောဒိုက် အားစိုက်ရှေ့လှမ်း
ဘ၀ကြမ်းလျှောက်....ဒုက္ခရောက်တိုင်း မျက်ရည်ဝိုင်းလည်
ရင်ဝယ်လှီုင်းထ ငိုနေရတွက်
ရောက်ရာအရပ်မှ ဖေဖေနဲ့မေမေရယ်
လက်ဖ၀ါးလေးများ ကမ်းပေးကြပါ
လက်ဖ၀ါးလေးများ ကမ်းပေးကြပါဗျာ.....။
(မိဘရင်ခွင်မဲ့ခလေးငယ်များအား စာနာကြင်နာလျက်....)
ကျော်ဦး(YGG)
No comments:
Post a Comment