စေတနာရှင် Blog သို့လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ...။ အကြံပေးလိုလျှင်ဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းလိုလျှင်ဖြစ်ဖြစ် saytanarshin48@gmail.com ၊ Phone 0931126095 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...။

Sunday, February 3, 2013

ခေါင်းကိုက်ရောဂါအတွက်ဆေးတစ်လက်

     ရံဖန်ရံခါ၌ ခေါင်းကိုက်ခေါင်းနာဝေဒနာကို ခံစားဖူးကြပေလိမ့်မည်။ ရာသီဥတုအကူးအပြောင်းကြောင့် ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်လွန်း၍ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်လွန်း၍ဖြစ်စေ၊ အိပ်ရေး၀၀ မအိပ်ရ၍ဖြစ်စေ၊ နှာစေးအအေးမိ၍ဖြစ်စေ အကြောင်းအမျိုးမျိုးကို အခြေခံလျက် ခေါင်းကိုက် ခေါင်းနာဝေဒနာ ခံစားရတတ်ပါသည်။
      အထူးသဖြင့် ဦးခေါင်းခဲခြင်း၊ ဦးခေါင်းကိုက်ခြင်း၌ ခေါင်းတစ်ခုလုံးမဟုတ်ဘဲ ခေါင်းတစ်ခြမ်းကိုက်တာ မျိုးလည်း ရှိတတ်ပါတယ်။ ခေါင်းကိုက်နေပါက မီးဖိုချောင်သုံးပစ္စည်းအချို့ဖြင့် သက်သာပျောက်ကင်းအောင် မည်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။
     ဘာခက်မှာတဲ့နည်း။
     ငရုတ်ကောင်းစေ့ (၃) စေ့ကို ထောပတ်နဲ့ရော၍ အမှုန့်ဖြစ်အောင် စေးထန်ပြီး စရနယ်အောင် ကြိတ်ပေးပါ။ ထိုသို့ ကြိတ်ပြီးပါက အကြမ်းပန်းကန်လုံးထဲထည့်ပြီး ရေအနည်းငယ်ထည့်ဖျော်ပါ။ ပြီးသော် ဂွမ်းစကလေးကို သန့်ပြန့်သော ၀ါးတံချောင်းတွင် လိပ်ပြီး အရည်ကိုတို့လျက် ခေါင်းကိုက်ရာအခြမ်းရှိ နားအား ကြပ်ကြပ်ပေးပါက သိပ်မကြာခင်မှာပင် ခေါင်းကိုက်ရှိန်ကျဆင်းသွားပါလိမ့်မည်။ မကြာခဏ ကြပ်ပေးခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းမှ သက်သာသွားပါလိမ့်မည်။

No comments: